တရုတ်ဈေးကွက်ထဲမှာအောင်မြင် လာတဲ့ စမတ်ဖုန်း အမေရိကန်နိုင်ငံမှာရောဈေးကွက် ရနိုင်မလား

တရုတ်ဈေးကွက်ထဲမှာအောင်မြင် လာတဲ့ စမတ်ဖုန်း အမေရိကန်နိုင်ငံမှာရောဈေးကွက် ရနိုင်မလား

တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ ဟန်းဆက်တွေထုတ်လုပ်ရောင်းချပြီး လေးနှစ်အကြာမှာ
လူမသိသူမသိဘဝက နေ တရုတ်နိုင်ငံမှာ နံပါတ် (၁) ဖြစ်လာ ခဲ့ပါ တယ်။ ဒါကြောင့် သူ့ရဲ့
ဟန်းဆက်တွေ အမေ ရိကန်နိုင်ငံမှာလည်း နံပါတ် (၁) အရောင်းရ ဆုံးပစ္စည်း ဖြစ်လာလေမလား
မေးခွန်းထုတ် နေကြပါတယ်။ ဖြစ်တော့ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ချက်ချင်းကြီးတော့ ဖြစ်မလာနိုင်ပါဘူး။ ဒီနှစ် ဒုတိယသုံးလပတ်အတွင်းမှာ Xiaomi ဖုန်း
တွေ တရုတ်နိုင်ငံဈေးကွက်ရဲ့ ၁၄ ရာခိုင်နှုန်းကို သိမ်းပိုက်ခဲ့တယ်လို့ ဈေးကွက်သုတေသနကုမ္ပဏီ
Canalys ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ဒီနှုန်းထားဟာ အရေအတွက်အားဖြင့် စမတ်
ဖုန်း အလုံးရေ ၁၅ သန်း ရှိပါတယ်။ အံ့အားသင့်စရာကောင်းတာကတော့ Xiaomi က ရောင်းချ
ခဲ့ရတဲ့ စမတ်ဖုန်းအရေ အတွက်ရဲ့ ၉၇ ရာခိုင်နှုန်းကို တရုတ်နိုင်ငံ အတွင်းမှာ ရောင်းချခဲ့ရတယ်
ဆိုတဲ့ အချက် ပါ။ ဒါပေမဲ့ သူ့ရဲ့ အောင်မြင်မှုဟာ ဆမ်ဆောင်း၊ အက်ပဲလ်၊ ဟွာဝေးနဲ့ လီနိုဗိုပြီးရင်
နံပါတ်(၅) နေရာမှာ ရှိနေပါတယ်။

တရုတ်နိုင်ငံအတွင်းမှာ အောင်မြင်မှု ရထားတာကြောင့် Xiaomi ဟာ ကမ္ဘာ့ ဈေးကွက်ထဲဝင်ဖို့
တာစူနေပါပြီ။ နှစ်ကုန် ပိုင်းလောက်မှာ အင်ဒိုနီးရှား၊ မက္ကဆီကို၊ ရုရှား၊ ထိုင်းနဲ့ တူရကီနိုင်ငံက
ဈေးကွက် ထဲဝင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံမှာ Xiaomi အောင် မြင်မှုရနေရ
တဲ့အချက်ဖြစ်တဲ့ ဈေးနှုန်းချို သာလွန်းပြီး အွန်လိုင်းကနေသာ ရောင်းချပေးနေတဲ့ အနေအထား
ဟာ ကမ္ဘာ့ဈေးကွက် တွင်းမှာ လွှမ်းမိုးနိုင်လောက်အောင်မဖြစ်နိုင်ပါဘူး။

တရုတ်နိုင်ငံပြင်ပကလူတွေဟာ ဌငသောင စမတ်ဖုန်းကို မသိကြပါဘူး။ ဒါကြောင့် ဒီစမတ်ဖုန်း
တွေကို စတင်ရောင်း ချပေးနေတဲ့ ဘယ်လုပ်ငန်းမဆို ဒီပစ္စည်းတွေကို လူတွေဆီရောင်းချနိုင်ဖို့
စွမ်းဆောင် နိုင်စွမ်း ရှိမှာမဟုတ်ပါဘူး။ "တရုတ်နိုင်ငံပြင်ပမှာလည်း သူ့ရဲ့ ဈေးနှုန်း ချိုသာလွန်းတဲ့
အချက်ကို သုံးစွဲသူတွေ လက်ခံနိုင်မှာပါ။ ဒါပေမဲ့ ကမ္ဘာ့ဈေးကွက် အတွင်းမှာ အောင်မြင်မှုရဖို့
အတွက် ရင်ဆိုင် ရနိုင်တဲ့ အခက်အခဲတွေကိုတော့ လျှော့မ တွက်သင့်ပါဘူး" လို့ Xiaomi ရဲ့
သုတေသီ ဂျက်ဆီကာကီးက ပြောပါတယ်။

"ဒါကြောင့် ဌငသောင ဟာ တရုတ်နိုင်ငံ ပြင်ပမှာ ဈေးကွက်နေရာရလာနိုင်တဲ့ အလားအလာ
ကောင်းတွေရှိနေပြီး နိုင်ငံ တကာက ဟန်းဆက်ကုမ္ပဏီတွေဟာ ဒီအချက်ကို အလေးထားသင့်
ပါတယ်" လို့ သူက ပြောပါတယ်။

တကယ်လို့ Xiaomi ဟာ တရုတ်နိုင်ငံ ပြင်ပက တခြားနိုင်ငံတွေမှာ အောင်မြင်မှုရ ခဲ့ရင်တောင်
အမေရိကန်ဈေးကွက်မှာ နေရာရလာဖို့ကတော့ မလွယ်ကူပါဘူး။ တရုတ်နိုင်ငံဈေးကွက်ထဲမှာ
ထိပ်တန်းနေရာရထားတဲ့ စမတ်ဖုန်းကုမ္ပဏီတွေက တော့ Xiaomi ၊ ဆမ်ဆောင်း၊ လီနိုဗို၊
Yulong နဲ့ ဟွာဝေးတို့ပါ။ ဒီကုမ္ပဏီတွေထဲမှာမှ ဆမ်ဆောင်းတစ်မျိုးပဲ အမေရိကန်ဈေး ကွက်မှာ
နေရာရထားတာပါ။

"အမေရိကန်နိုင်ငံကတော့ မိုဘိုင်းဖုန်းအသုံးပြုသူအများစု စမတ်ဖုန်းကိုင်ကြတဲ့ ဈေးကွက်တစ်ခုပါ"
လို့ ဈေးကွက်သုတေသန ကုမ္ပဏီ အိုင်ဒီစီက စမတ်ဖုန်းဆိုင်ရာ သုတေ သနမန်နေဂျာ Ramon
Liamas က ပြောပါ တယ်။ "အမေရိကန်တွေက ကုမ္ပဏီအမည်နဲ့ အဲဒီကပေးထားတဲ့ ဟာ့ဒ်ဝဲ
အပေါ် သိပ်စွဲလမ်းကြပါတယ်။ ဒါကြောင့် တံဆိပ်အသစ်တွေဝင်ဖို့ သိပ်မဖြစ်နိုင်ပါဘူး" လို့ သူက
ပြောပါတယ်။ ဆမ်ဆောင်း ဒါမှမဟုတ် အက်ပဲလ်မဟုတ်ရင် ဘယ်စမတ်ဖုန်းကုမ္ပဏီမှ အမေရိကန်
ဈေးကွက်မှာ ယှဉ်ပြိုင်ဖို့ မလွယ်ပါ ဘူး။

ဈေးကွက်သုတေသန ကုမ္ပဏီ Com Score ရဲ့ အချက်အလက်တွေအရ ဧပြီလ မှာ ဒီကုမ္ပဏီနှစ်ခု
ရဲ့ စုစုပေါင်း စမတ်ဖုန်းရောင်းအားဟာ ၆၉ ရာခိုင်နှုန်း ရှိပါတယ်။ ဒါ့ပြင် အွန်လိုင်းဈေးကွက်တစ်ခု
တည်း ကနေပဲ ရောင်းချတဲ့ စမတ်ဖုန်းကုမ္ပဏီတွေ လည်း အမေရိကန်နိုင်ငံမှာ ရောင်းအား ကျဆင်း
နေပါတယ်။ အမေရိကန်တွေရဲ့ စမတ်ဖုန်းဝယ်တဲ့ပုံစံကို ပြောင်းလဲဖို့ ဂူးဂဲလ် ကလည်း သူ့ရဲ့
Nexus နဲ့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ Motorola ကလည်း သူတို့ရဲ Moto X ဖုန်းတွေ
ကို ၀ယ်သူ အကြိုက် ထုတ်လုပ်ပေးပြီးအွန်လိုင်းက နေ ရောင်းချမှုကို ဆက်ပြီး အောင်မြင်မှု ရစေ
ဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။ ဒါပေမဲ့ ဌငသောင မှာ ကွဲပြားခြားနားတဲ့
အချက်တွေရှိပါတယ်။

ပုဂ္ဂလိက ကုမ္ပဏီဖြစ်တဲ့ ဒီကုမ္ပဏီဟာ သူ့ရဲ့ဒေါ်လာ ၁၃၀ တန်ဖုန်းတွေကနေ အမြတ်မယူဘဲ
အရင်း အတိုင်းရောင်းချပေးနေပါတယ်။

သူ့ရဲ့ အမြတ်အများစုကို အက်ပလီကေးရှင်း တွေကနေ ရှာပါတယ်။ ဒါကြောင့် Xiaomi ဖုန်းတွေ
ရဲ့ ထူးခြား မှုတွေက ဘာတွေလဲ' လို့ ူူောေျ က မေးခွန်းထုတ်ထားပါတယ်။ "သူ့ဖုန်းတွေက
အန်းဒရွိုက်ဖုန်းတွေ ဖြစ်ပြီး အိုင်ဖုန်းနဲ့တူပါတယ်။ ဒါပေမဲ့ သူက အန်းဒရွိုက်ပဲ ဖြစ်နေပါသေးတယ်။
ယူအက်စ်ဈေးကွက်အတွင်းမှာရှိတဲ့ အန်းဒရွိုက်ဖုန်းတော်တော်များများကို ကျွန်တော်တို့ လေ့လာ
နေပါတယ်" လို့ သူကပြောပါတယ်။

(စီအင်န်အင်န်)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်