ဒီနှစ် ဒုတိယသုံးလပတ်အတွအော်ရီဒူး ငွေဖြည့်ကတ်များ အရောင်းအေးနေဆဲ

ဒီနှစ် ဒုတိယသုံးလပတ်အတွအော်ရီဒူး ငွေဖြည့်ကတ်များ အရောင်းအေးနေဆဲ

အော်ရီဒူးဖုန်းကတ်များ ဈေးကွက်တွင်း စတင်ဝင် ရောက်ချိန်မှစတင်၍ ဖုန်းခေါ်ဆိုမှုခက်ခဲခြင်း
များဖြစ်ပေါ်နေသဖြင့် သုံးစွဲသူများအကြား ယုံကြည်မှုနည်းပါးနေသေးရာ ငွေဖြည့်ကတ် များလည်း
အရောင်းမသွက်သေးကြောင်း သိရသည်။

"သုံးစွဲသူတွေရဲ့ ပြောသံအရဆိုရင် အော်ရီဒူးဆင်းကတ်တွေက ဘေလ်အရမ်းစား တယ်။ လိုင်း
တွေကလည်း မကောင်းသေးဘူး။ အဲဒီတော့ ငွေဖြည့်ကတ်ဝယ်အားက နည်း သေးတယ်။ ကျွန်မ
တို့ဆိုင်မှာဆိုရင်တော့ ၁,၀၀၀ တန်ငွေဖြည့်ကတ်တွေ တစ်ရက်ကို ၁၂ ကတ်လောက်ဘဲရောင်းရ
တယ်။ ၅,၀၀၀ တန်တော့ ရောင်းအားနည်းနည်း များတယ်။ အော်ရီဒူးက မြန်မာနိုင်ငံမှာ စစချင်း
လာလုပ် တာဆိုတော့လည်း နည်းနည်းအခက်အခဲတွေ တော့ ရှိဦးမှာပေါ့။ သတင်းစာတွေ၊
ဂျာနယ်တွေ မှာသာ ကြော်ငြာပေမယ့် တကယ့်ဈေးကွက် မှာ မပေါက်သေးဘူး" ဟု Mobile
Country မိုဘိုင်းအရောင်းဆိုင်မှ မသဇင်ကပြောသည်။

အော်ရီဒူးမြန်မာက ငွေဖြည့်ကတ်များကို ၁,၀၀၀ တန်၊ ၃,၀၀၀ တန်၊ ၅,၀၀၀ တန်၊ ၁၀,၀၀၀ တန်
နှင့် ၂၀,၀၀၀ တန်အထိ ငါးမျိုး ထုတ်လုပ်ထားသည်။ အချို့သူများသည် ကျပ် ၁,၀၀၀ တန်မှ
၅,၀၀၀ တန်ငွေဖြည့်ကတ်များကိုသာ ၀ယ်ယူ ကြကြောင်း Mr.Fone Telecom အရောင်းဆိုင်မှ
မအေးအေးက ပြောသည်။

"အော်ရီဒူးကတ်ကျပ် ၁,၀၀၀ တန်ငွေဖြည်ကတ်တွေကိုဆိုရင် တစ်ရက်ကို ၁၀ ကတ်လောက်ပဲ
ရောင်းထွက်တယ်။ ၃,၀၀၀ တန်ဆိုရင် တစ်ရက်ကို လေးကတ်ငါးကတ်လောက်ပဲ ရောင်းရတယ်။
၅,၀၀၀ တန် ဆို တစ်ရက်ကို သုံးကတ်လောက်ပဲ ရောင်းရ တယ်။ သုံးစွဲသူတွေက အော်ရီဒူးဆင်း
ကတ် တွေကို ဖုန်းခေါ်ဖို့အတွက်ပဲ သုံးကြတာ များတယ်။ ရောင်းအားက အရမ်းကြီးတော့ မသွက်
သေးဘူး။ နောက်ပြီးအော်ရီဒူးဖုန်း လိုင်းတွေက မိတဲ့နေရာမှာမိသလို လိုင်းမမိတဲ့အခါမှာလဲ မမိ
သေးဘူး"ဟု ၎င်းက ပြောသည်။

ဖုန်းလိုင်းများကောင်းစေရန် ရန်ကုန်မြို့ တွင် တာဝါတိုင် ၂၀ ဆက်လက်တည်ဆောက် ပြီးစီးပြီဖြစ်
ကြောင်း အော်ရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Ross Cormack က ပြောသည်။

"ရန်ကုန်ကကွန်ရက်ကို ထပ်ပြီးတိုးတတ်ဖို့ အများကြီး လိုနေပါသေးတယ်။ အဲဒါကြောင့် လည်း
ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့ကစပြီး တော့ ကြေညာထားတဲ့ အချိန်ကစပြီး နောက်ထပ် တာဝါ
တိုင်ပေါင်း ၂၀ ပြီးစီးသွားပါပြီ။ အဲဒါ ကလည်း မိဘပြည်သူတွေရဲ့ အကြံပေးမှုတွေ ကြောင့်လိုနေ
သေးတယ်ဆိုလို့ အထူးကြိုးပမ်း နေတာ ဖြစ်ပါတယ်။ နေပြည်တော်နဲ ့မန္တလေးမှာဆိုရင် ဒီကွန်ရက်
က အရမ်းကိုကောင်းနေ ပါပြီ။ အခြေခံအဆောက်အအုံမရှိဘဲ စလုပ် တဲ့ လုပ်ငန်းတိုင်းဟာ
ဒီလိုပဲဖြစ်တတ်ပါတယ်" ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်