ကားဝယ်ယူလိုသူများအနေဖြင့် မိမိကြိုက် နှစ်သက်သည့်ကားကို မိုဘိုင်းဖုန်းက တစ်ဆင့်
အလွယ်တကူ ကြည့်ရှုဝယ်ယူနိုင်ရန် အန်း ဒရွိုက်ဖုန်းအက်ပလီကေးရှင်းတစ်ခုကို ယခု လ ၂၁
ရက်နေ့တွင် မိတ်ဆက်မည်ဟု motors.com.mm မှ PR and Marketing Manager
ဦးသန်းထိုက်သူက ပြောသည်။
"အိမ်ကနေ မော်တော်ကားများကိုရှာနိုင် ရုံသာမကဘဲ လမ်းသွားရင်နဲ့လည်း မိုဘိုင်းဖုန်း ကနေ
မိမိကြိုက်နှစ်သက်တဲ့ ကားမော်ဒယ် တွေကို မိုဘိုင်းဖုန်းနဲ့ ရှာဖွေနိုင်အောင်လို့ ဆောင်ရွက်ပေး
ထားပါတယ်" ဟု ၎င်းကပြော သည်။
"motors.com.mm ကိုမြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစပြီးလုပ်ဆောင်ခဲ့တာပါ။ ၂၀၁၃ ခုနှစ်က
motors ၀က်ဘ်ဆိုက်မှာ အရောင်းအဝယ်ဖြစ်တဲ့ အရေအတွက် ၅,၀၀၀ မှ ၆,၀၀၀ အထိ ရှိခဲ့ပါ
တယ်။ ၂၀၁၄ ခုနှစ်မှ တော့ အရောင်းအဝယ်ဖြစ်တဲ့အရေအတွက် ရ,၀၀၀ ၀န်းကျင်ရှိခဲ့ပြီး ယခု
အက်ပလီ ကေးရှင်းကြောင့် ကားအရောင်းအဝယ်အရေ အတွက် ၁၀,၀၀၀ ၀န်းကျင်လောက်တော့
တက်လာနိုင်ပါတယ်" ဟု ဦးသန်းထိုက်သူက ပြောသည်။
မိမိစိတ်ကြိုက်ရွေးချယ်ထားသော ကား စာရင်းကို မိမိ၏ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုဝင်များကို
အခြားဆိုရှယ်မီဒီယာပလက်ဖောင်းများကမှတစ်ဆင့် မျှဝေကာ အကြံဉာဏ်များနှင့် သုံးသပ်ချက်
များကိုလည်း တောင်းခံနိုင်ပြီး မိမိစိတ်ကြိုက်မော်တော်ယာဉ်စာရင်းများအားပြုလုပ်ထားနိုင်ကာ
၎င်းယာဉ်များနှင့်ပတ်သက်သည့် အသိပေး ချက်များကိုပါ သိရှိနိုင်မည်ဖြစ်သည်။
ထိုအက်ပလီကေးရှင်းကို ရယူအသုံးပြုချင်လို ပါက Google Play Store နှင့် 1 Mobile Market
မှ တစ်ဆင့်ရယူနိုင်သည်။
















