တယ်လီနောမြန်မာနှင့် ဟာဝေး ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မည်

တယ်လီနောမြန်မာနှင့် ဟာဝေး ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မည်

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံ ဈေးကွက်တွင် ဦးဆောင်လျက်ရှိသော တရုတ်
ဆက်သွယ်ရေးကုမ္ပဏီ ဟာဝေးနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြ သည်။

"အခုလိုပူးပေါင်းမှုဟာ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကြိုးဝိုင်းမှာ ရေရှည်တည်တံ့ မယ့် လက်တွဲမှု
တစ်ခုရဲ့ စတင်မှုပဲဖြစ်ပါတယ်။ တယ်လီနောနဲ ့ဟာဝေးက အခုဆိုရင် မိုဘိုင်း စက်ပစ္စည်းဈေးကွက်
မှာ စိတ်ဝင်စားမှုရှိတဲ့နည်းဗျူဟာတွေကို စတင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်" ဟု တယ်လီနော
မြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောသည်။

တယ်လီနောဆင်းကတ်များ စက်တင် ဘာလ၌ စတင်ရောင်းချချိန်တွင် အရောင်း မြှင့်တင်မှု
လုပ်ငန်းများအပါအဝင် ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။ တယ်လီနောမြန်မာသည်
ဆင်းကတ်နှင့် မိုဘိုင်းဟန်းဆက်များကို တစ်ပါတည်း ဈေးနှုန်းသင့်တင့်မျှတစွာ ပူးတွဲရောင်းချမှု
များအပြင် အရောင်းမြှင့်တင်ရေးများ ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာကို လည်း ဆမ်ဆောင်း
ကုမ္ပဏီနှင့် ဇွန်လ ၁၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည်။ တယ်လီနောမြန်မာက ငါးနှစ်အတွင်း
လူဦး ရေ ၉၀ ရာခိုင်နှုန်းထံ ကွန်ရက်ဖြန့်ကြက်နိုင် ရန် ရည်ရွယ်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်