သရီးဂျီ မိုဘိုင်းကွန်ယက်ဝန်ဆောင်မှုဖြင့် အပြည့်အဝပေးခဲ့သော ပြည်ပအော်ပရေတာတစ်ခု
ဖြစ်သည့် အူးရီးဒူးအနေဖြင့် မြန်မာနိုင်ငံလူဦးရေ၏ ၂၅ သန်းခန့်ကို ၂၀၁၄ ခုနှစ် အကုန်ပိုင်းတွင်
၎င်းတို့၏ မိုဘိုင်း ကွန်ယက်ဖြင့် လွှမ်းခြံုထားနိုင်ရန် မြန်မြန်ဆန်ဆန် ချဲ့ထွင်နေကြောင်း
အော်ရီးဒူးမှ ဇူလိုင်လ ၂၃ ရက်နေ့တွင် ဒုတိယတစ်ကြိမ် သတင်းထုတ်ပြန်လိုက်သည်။
လွန်ခဲ့သော ဇူလိုင်လ ၁၄ ရက်နေ့ကတည်းက အော်ရီးဒူးမှ အဆိုပါအချက်အလက်ကို အတိ
အလင်း ထုတ်ပြန် ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ထပ်မံထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ၎င်းတို့၏
မိုဘိုင်းကွန်ယက် ၀န်ဆောင်မှု အပြည့်အဝကို ဇူလိုင်လ ၁၅ ရက်နေ့မှစတင်ကာ မြို့ကြီး ၆၈
မြို့နယ်တွင် စတင်အသုံးပြုနိုင်စေခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ယခုနှစ် အကုန်ပိုင်း
တွင် လူဦးရေ၏ ၂၅ သန်းသော သုံးစွဲသူ မိဘပြည်သူများကို ၀န်ဆောင်မှုများ ပေးနိုင်စေရန်
ကွန်ရက်ကို အတတ်နိုင်ဆုံး မြန်မြန်ဆန်ဆန် ချဲ့ထွင် ဖြန့်ကျက်သွားမည်ဖြစ်ကြောင်း အူရီးဒူးမှ
သိရသည်။
"ကျွန်တော်တို့ ဈေးကွက်ကို စတင်မိတ်ဆက်လိုက်တာနဲ့ မိဘပြည်သူများရဲ့ တုံ့ပြန်မှုတွေဟာ
တကယ့်ကို အားတက်စရာပါ။ အခုဆိုရင် တိုင်းပြည်ရဲ့ မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုတွေ
အတွက် အထူးလိုအပ် ချက်ဟာ ကျွန်တော်တို့ထင်ထားတာထက်ကို ပိုလိုနေပါတယ်။ ဒါ့ကြောင့်
သုံးစွဲသူ မိဘပြည်သူများကို အထူး ကောင်းမွန်တဲ့ အတွေ့အကြံုတွေကို ပေးနိုင်ဖို့အတွက်
ကျွန်တော်တို့ဘက် ကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် ကောင်းမွန်စွာ ဆက်တိုက် တိုးချဲ့နိုင်ဖို့
အတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်"ဟု အူးရီးဒူးမြန်မာ၏ အမှုဆောင် အရာရှိချုပ်
Mr. Ross Cormack က ပြောခဲ့သည်။
အူရီးဒူးမှ ၀န်ဆောင်မှုများကို စတင်မိတ်ဆက်ပေးသည့်အချိန်မှစ၍ ယခုလ ၃ ပတ်အတွင်းတွင်
အော်ရီးဒူး ဆင်းကတ် သုံးစွဲသူ တစ်သန်းကျော်ရှိလာခဲ့ပြီး ညလုံးပေါက် တန်းစီဝယ်ယူခဲ့ကြသော
အနေအထားများဖြင့် မိမိတို့အား သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြ ကြောင်း၊ အဆိုပါအခြေအနေကို
မိမိတစ်ခါမျှ မကြံုဖူးကြောင်း ပြည်သူတို့၏ လိုအပ်ချက်များကို ယခုထက်ပို၍ ကြိုးစားပံ့ပိုးပေး
သွားမည်ဖြစ်ကြောင်း ၎င်းက ဩဂုတ်လ ၁၄ ရက်နေ့က ပြောကြားခဲ့သည်။
"မိဘပြည်သူများအနေဖြင့်ကလည်း အရည်အသွေးပေါ်မူတည်ပြီး အော်ပရေတာနဲ့ ၀န်ဆောင်မှု
များကို ရွှေးချယ် နိုင်တော့မှာပါ။ မြန်မာပြည်က ပြည်သူများဟာ ကမ္ဘာ့အဆင့်မှီ ဆက်သွယ်ရေး
၀န်ဆောင်မှုများကို သင်တင့်တဲ့ ဈေးများနဲ့ အသုံးပြုနိုင်ဖို့ကို လိုချင်မက်မောနေကြပြီမို့ ဒီဈေးကွက်
ထဲမှာ ပြိုင်ဆိုင်မှုတွေဟာ ပြင်းထန်လာမှာ အသေအချာပါပဲ"ဟု ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောသည်။
ပြည်သူများအနေဖြင့်လည်း ဈေးနှုန်းသက်သာပြီး ကောင်းမွန်သော ၀န်ဆောင်မှုတွေကို တဖြည်း
ဖြည်း ရွေးချယ်လာပြီး ဈေးကွက်မှာ ပြိုင်ဆိုင်မှုအချို့လည်း ရှိလာမည်ဖြစ်ကြောင်း၊ ထို့ပြင် မကြာ
သေးခင်က ပြုလုပ်ခဲ့သော ဂျီအက်စ်အမ်အေ၏ လေ့လာတွေ့ရှိချက်ကို အခြေခံပြီး မိုဘိုင်းဖုန်းသိပ်
သည်းမှုတိုးတက် လာမှုနှုန်းတိုင်းတွင် မိုဘိုင်းဖုန်းနှင့် အင်တာနက်အသုံးပြုမှုနှုန်း နှစ်ခုပေါင်းလိုက်
လျှင် တိုင်းပြည်တစ်ပြည်ရဲ့ ကုန်ထုတ်စွမ်းအားဟာ ၅ ရာခိုင်နှုန်းအထိ တိုးတက်မြင့်မားလာမည်ဖြစ်
ကြောင်း ဩဂုတ်လ ၁၄ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော အူးရီးဒူးမြန်မာ၏ ဈေးကွက်
မိတ်ဆက်ခြင်းအခမ်းအနားတွင် ၎င်းက ပြောခဲ့သည်။
အူရီးဒူးမှ နောက်ပိုင်းကာလများတွင် ကမ္ဘာ့နောက်ဆုံးပေါ် အဆင့်မြင့် မိုဘိုင်းကွန်ရက်ဖြစ်သည်
၄ ဂျီ (အယ်လ်တီအီး)ကိုလည်း လွယ်ကူချောမွေ့စွာ ကူးပြောင်းဝန်ဆောင်မှုပေးနိုင်မည့် လျှင်မြန်
သော မြန်နှုန်းမြင့် အင်တာနက် ၀န်ဆောင်မှု ယူအမ်တီအက်စ် ၉၀၀ စနစ်ကို မြန်မာတစ်ပြည်လုံး
သို့ ဖြန့်ကျက်သွားရန် အူရီးဒူးက ရင်းနှီးမြှုပ်နှံထားကြောင်း ဇူလိုင်လ ၂၃ ရက်နေ့က အူရီးဒူး
မြန်မာမှ သိရသည်။
















