တယ်လီနောက မြို့ကြီး သုံးမြို့၌ တာဝါတိုင် ၈၀၀ ဖြင့် ၀န်ဆောင်မှု စတင်ပေးရန်ပြင်ဆင်

တယ်လီနောက မြို့ကြီး သုံးမြို့၌ တာဝါတိုင် ၈၀၀ ဖြင့် ၀န်ဆောင်မှု စတင်ပေးရန်ပြင်ဆင်

 

ကနဦးရောင်းချချိန်တွင် ဆင်းကတ်အရေအတွက် ၁၀ သန်းရောင်းချပေးသွား မည်ဖြစ်ပြီး တာဝါ
တိုင်းပေါင်း ၈၀၀ ဖြင့် မိုဘိုင်းကွန်ရက်ကို စတင်သွားမည်ဖြစ်ကာ ထိုတာဝါတိုင်များအားလုံး တည်
ဆောက် ပြီးစီးသွားပြီဖြစ်ကြောင်း တယ်လီနော မြန်မာကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်
ပီတာဖားဘတ်ကပြောသည်။

"တယ်လီနောဆင်းကတ်တွေကို အများပြည်သူ ကျပ် ၁,၅၀၀ ထက်ပိုမဝယ် ရအောင် ဆင်းကတ်
၁၀ သန်းကို လိုသလောက်ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ ဘယ်သူမှ တယ်လီနောဆင်းကတ်တွေကို
ကျပ် ၁,၅၀၀ ထက် ပိုပေးပြီးဝယ်စရာ မလိုပါဘူး။ "ကျပ် ၁,၅၀၀ နဲ့ ရောင်းတဲ့ဆိုင်တွေမှာ ဆင်းကတ်
တွေ ပြတ်လပ်မှုမရှိအောင် လည်း ဆောင်ရွက်ပေးသွားမှာပါ" ဟု ၎င်းက မြန်မာတိုင်း(မ်)ကိုပြော
သည်။

ဖြန့်ချိရေး ကိုယ်စားလှယ်ဆိုင်များက တစ်ဆင့် မိုဘိုင်းအရောင်းဆိုင်များသို့ တိုက်ရိုက်ဖြန့်ချိသွား
မည် ဖြစ်သည်။

"တယ်လီနောရဲ့ ရည်မှန်းချက်ကတော့ ငါးနှစ်အတွင်း မြန်မာနိုင်ငံလူဦးရေ ၉၀ရာခိုင်နှုန်းကို
၀န်ဆောင်မှုပေးဖို့ပဲ ဖြစ်ပါ တယ်။ ဒီရည်မှန်းချက်တွေ ပြည့်ဝဖို့ တယ်လီနောက
တာဝါတိုင် ၈,၀၀၀ ကျော် ကို တည်ဆောက်သွားဖို့ စီစဉ်လျက်ရှိပါ တယ်။ အခုစက်တင်ဘာလ
၀န်ဆောင်မှုစတင်ချိန်မှာ တာဝါတိုင် ၈၀၀ လောက် တည်ဆောက် ပြီးစီးနေပြီဖြစ်ပါတယ်။
တာဝါတိုင်ဆောက်လုပ်ပြီးစီးတာများလာတဲ့အလျောက် ၀န်ဆောင်မှုပေးတဲ့နေရာ တွေကလည်း
များပြားလာမှာပါ" ဟု ပီတာဖားဘတ်က ပြောသည်။

"အင်တာနက်အသုံးပြုခတွေ ဖုန်းခေါ် ဆိုခတွေကို ၀န်ဆောင်မှုမပေးခင်အချိန် မှာ ကြေညာပေး
သွားမှာ ဖြစ်ပါတယ်။ တယ်လီနောက ကတိပေးထားတဲ့အတိုင်း ဈေးနှုန်းသင့်တင့်ပြီး လူတိုင်း
အင်တာနက် အသုံးပြုနိုင်မယ့် ၀န်ဆောင်မှုမျိုးနဲ့ ကြည်လင်ပြတ်သားတဲ့အသံကို ပေးနိုင်ဖို့
အတွက် အာရုံစိုက်ဆောင်ရွက်နေပါ တယ်" ဟု၎င်းက ပြောသည်။ သရီးဂျီကွန်ရက်အသုံးများ
သောအချိန် တွင် အင်တာနက်မြန်နှုန်း ရ၀၀ ုဘဈ မှ ၁ဘြဈ ထိမြန်နှုန်းရရှိမည်ဖြစ်ပြီး သရီးဂျီ
အသုံးပြုမှုနည်းသော အချိန်တွင် ၄ဘြဈ မှ ၆ဘြဈ အထိမြန်နှုန်း ရရှိနိုင်မည်ဖြစ် သည်။

တူးဂျီကွန်ရက်ကို ပုံမှန်အားဖြင့် အသုံးများသောအချိန်တွင် အင်တာနက် မြန်နှုန်း 100kbps မှ
150kbps အထိရရှိ မည်ဖြစ်သည်ဟု ဆိုသည်။ ၎င်းဆင်းကတ်များကို မည်သည့် ဂျီအက်စ်အမ်
ဟန်းဆက်တွင်မဆို အသုံး ပြုနိုင်မည်ဖြစ်ပြီး ဖုန်းနံပါတ်များသည် ၀၉၇၉ ဖြင့် စတင်မည် ဖြစ်သည်။

"အခု ကျွန်မတို့ဆိုင်မှာ တယ်လီနော က တံဆိပ်တွေလာကပ်နေပါပြီ။ နောက် ပြီးကြော်ငြာလက်
ကမ်းတွေနဲ့ လက်ဆောင် တွေလည်း ပေးပြီးသွားပြီ။ ရှစ်လပိုင်း အကုန်မှာတော့ ဆင်းကတ်တွေ
ဆိုင်ကို ပေးမယ်လို့တော့ပြောတယ်" ဟု ရန်ကုန်မြို့၊ ၃၃ လမ်းရှိ KKA Mobile အရောင်းဆိုင်မှ
မချိုချို၀င်းက ပြောသည်။

"ကျွန်တော်ကတော့ တယ်လီနော ကတ်ကို ၀ယ်ဖို့စောင့်နေတာပါ။ တယ်လီ နောက အော်ရီဒူး
ထက် နောက်မှထွက် တော့ သုံးစွဲသူတွေရဲ့အသံတွေနားထောင် နေမှာပဲ။ အဲဒီတော့ သူက
အော်ရီဒူးထက်ပို ကောင်းမယ်လို့ ထင်ပါတယ်" ဟု ရန်ကုန် မြို့နေ ဦးအာကာက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်