မြန်မာရုပ်ပုံ စတစ်ကာများနဲ့ MyChat

မြန်မာရုပ်ပုံ စတစ်ကာများနဲ့ MyChat

မြန်မာနိုင်ငံဈေးကွက်အတွက် သီးသန့်ထုတ်လုပ် ထားပြီး မြန်မာရုပ်ပုံစတစ်ကာများကို အသုံး ပြုကာ
တစ်ဦးနှင့်တစ်ဦး ဆက်သွယ်နိုင်ရုံ သာမက အဖွဲ့ဖွဲ့ကာ အုပ်စုလိုက် ဆက်သွယ် နိုင်ပြီး ဘေးပတ်
၀န်းကျင်ရှိမိတ်ဆွေသူငယ် ချင်းအသစ်များကို ရှာဖွေဆက်သွယ်နိုင်မည့် အန်းဒရွိုက်အက်ပလီ
ကေးရှင်းဖြစ်သို့ MyChat အက်ပလီကေးရှင်းကို နြအေ ဗားရှင်းအဖြစ် MySQUARE ကုမ္ပဏီက
ထုတ်လုပ် လိုက်သည်။

အဆိုပါ အက်ပလီကေးရှင်းကို ဩဂုတ် လ ၂၇ ရက်နေ့မှစတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း
MySQUARE ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် LINDA LIM ကပြောသည်။

"MySQUARE က အဓိကဦးစားပေး လုပ်ဆောင်တာကတော့ မြန်မာလူငယ် လူရွယ်တွေအတွက်
အတွေ့အကြံုကောင်း တွေတည်ဆောက်ပေးဖို့ပါပဲ။ ဒီအက်ပလီ ကေးရှင်းကို ထုတ်လုပ်ရတဲ့ရည်
ရွယ်ချက်ကတော့ မြန်မာပြည်ဈေးကွက်အတွက် အကောင်းဆုံးဖြစ်စေမယ့် အထူးပြုလုပ်ထား တဲ့
Messaging အက်ပလီကေးရှင်းကို လူငယ် တွေအတွက် သူတို့ရဲ့ သူငယ်ချင်းအသစ်တွေ ရော၊
သူငယ်ချင်းအဟောင်းတွေကိုပါ ဆက် သွယ်နိုင်ဖို့ ထုတ်လုပ်ပေးထားတာပါ" ဟု ၎င်းက
ပြောသည်။

"အက်ပလီကေးရှင်းအသုံးပြုဖို့ အကောင့်ဖွင့်ဖို့ကလည်း လွယ်ကူပါတယ်။ ကိုယ်ပိုင် ဂျီးမေးလ်
အကောင့်ရှိတာနဲ့ MyChat အက်ပလီကေးရှင်းအကောင့်ကို ဖွင့်လို ့ ရပါတယ်။ ဒီ အက်ပလီကေးရှင်း
ကို အသုံးပြုဖို့ အတွက်အင်တာနက်ကွန်နက်ရှင် အရမ်းမြန်ဖို့ မလိုပါ ဘူး"ဟု ၎င်းကပြောသည်။

လက်ရှိတွင် အန်းဒရွိုက်စနစ်သုံး ဟန်းဆက် ကို မြန်မာနိုင်ငံတွင် အသုံးပြုမှုများသည့် အတွက်
အန်းဒရွိုက်အက်ပလီကေးရှင်းကို ကနဦး တီထွင်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အိုင်အိုအက်စ်အတွက်
ယင်းအက်ပလီကေး ရှင်းကို ဆက်လက်ထုတ်လုပ်မည်ဖြစ်သည်။

"လောလောဆယ်ကတော့တစ်ဦးနဲ့ တစ်ဦးချက်မယ်။ အုပ်စုဖွဲ့ပြီးချက်မယ်၊ နောက် ပြီး မြန်မာရုပ်ပုံစ
တစ်ကာလေးတွေ အပြန် အလှန်ပို့ကြမယ်။ နောက်ပြီးအနားမှာရှိတဲ့ ဒီအက်ပလီကေးရှင်းကို
အသုံးပြုတဲ့သူတွေ အနီးမှာရှိရင်လည်း ရှာလို့ရတယ်။ အဲဒီလို ရှားပြီး သူငယ်ချင်းအသစ်တွေလည်း
အများ ကြီးရနိုင်ပါတယ်။ နောက်ပိုင်းမှာလည်း တီထွင်ဆန်းသစ်မှု အသစ်တွေ နောက်ပိုင်း ဗားရှင်း
တွေမှာပါလာမှာပါ" ဟု MySQUARE ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာတစ်ဦး ဖြစ်သူ ဦးဆန်လင်း
နောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

သူငယ်ချင်းများကို မိုဘိုင်းဖုန်းနံပါတ်များဖြင့် ရှာဖွေနိုင်သည့်အပြင် ဂျီမေးလ်လိပ်စာများဖြင့်လည်း
ရှာဖွေနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အသုံးပြုလိုသူများအတွက် Google Play Store,
www.mysquare.com နှင့် One Mobile တို့တွင် ရယူနိုင်သည်။

MySQUARE ကုမ္ပဏီကို ဦးဆောင်နေ သူများမှာ လူမှုကွန်ရက်၊ ဂိမ်းနှင့် e-Com- merce စသည့်
နယ်ပယ်အသီးသီးတွင် အတွေ့ အကြံုရင့်ကျက်သူများဖြင့် ဦးဆောင်ဖွဲ့စည်း ထားပြီး ရန်ကုန်မြို့နှင့်
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တို့တွင် ရုံးခန်းများ ဖွင့်လှစ် ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်