ကလေးလုပ်သားအသုံးပြုမှု ပြဿနာကို တယ်လီနောမြန်မာက ဖြေရှင်းပေးနေ

ကလေးလုပ်သားအသုံးပြုမှု ပြဿနာကို တယ်လီနောမြန်မာက ဖြေရှင်းပေးနေ

တယ်လီနောကုမ္ပဏီသည် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းကွန်ရက်ဝန်ဆောင်မှုပေးရန်စတင်ဆောင်ရွက်
နေရာတွင် ယင်း၏ လုပ်ငန်း ခွင်များ၌ ကလေးလုပ်သားများ စေခိုင်းမှုနှင့် ပတ်သက်ပြီး သေချာ
သည့်အမှု ၁၉ မှုနှင့် သံသယဖြစ်စရာ အမှုအချို့တွေ့ရှိထားသည် ဟု တယ်လီနောမြန်မာ၏
အမှုဆောင်အရာရှိ ချုပ် ပီတာဖားဘာ့ဂ်က ပြောသည်။

နော်ဝေအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ ဖြစ်သည့် တယ်လီနောသည် စက်တင်ဘာလ အကုန်ပိုင်း
တွင် မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်း ကွန်ရက်ဝန်ဆောင်မှု စတင်ပေးရန် ပြင်ဆင် နေစဉ်တွင် အစပိုင်းတွင်
အခက်အခဲများဖြစ် လာနိုင်သည့်အလားအလာရှိသည်ဟု ကုမ္ပဏီ တာဝန်ရှိသူများကဆိုသည့်
အကျင့်ပျက်ခြစား မှု၊ မြေယာပြဿနာ၊ ကျန်းမာရေး၊ လုံခြံုရေးနှင့် ပဋိပက္ခနယ်မြေများစသည့်
ကိစ္စရပ်များကို ဖြေရှင်းရန်လည်း နည်းလမ်းရှာဖွေနေသည်။

အွန်လိုင်းမိတ်ဆက်ပွဲတွင် ပါ၀င်ခဲ့သည့်ပီတာဖားဘာ့ဂ်ကလည်း တယ်လီနောက ရင်ဆိုင်နေရသည့်
အခက်အခဲများမှ တစ်ခု မှာ ကလေးလုပ်သားကိစ္စပင်ဖြစ်သည်ဟု ဆို သည်။ အလုပ်သမားခန့်ထား
ရာတွင် အသက် ၁၅ နှစ်အောက်ကလေးများအား ငှားရမ်းခြင်း ကို ကန်ထရိုက်များနှင့် ထပ်ဆင့်
ကန်ထရိုက် များအား တယ်လီနောက ခွင့်မပြုထား ကြောင်းနှင့် ဆက်သွယ်ရေးတိုင်များ ဆောက်
လုပ်ခြင်းအပါအဝင် အန္တရာယ်များသည့် လုပ်ငန်းများတွင် အသက် ၁၈ နှစ်အောက် လူငယ်များကို
ခန့်ထားခိုင်းစေခြင်းမပြုရန်လည်း တားမြစ်ထားသည်။

တယ်လီနော၏ ကန်ထရိုက်နှင့် ထပ်ဆင့် ကန်ထရိုက်များက ခန့်ထားခဲ့သည့် ၀န်ထမ်း များတွင်
၁၂ နှစ်နှင့် ၁၄ နှစ်ကြားအရွယ် ကလေးလုပ်သားခန့်ထားမှု ငါးမှု၊ အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြား
ကလေးလုပ်သားခန့်ထားမှု ၁၄ မှုနှင့် ကလေးလုပ်သားဟု သံသယရှိသည့်အမှုငါးမှုရှိကြောင်း
တယ်လီနောက ဖော်ထုတ်တွေ့ရှိခဲ့သည်။

အဆိုပါကိစ္စများကို ဖြေရှင်းရန် ကုမ္ပဏီ က ဆောင်ရွက်နေကြောင်း၊ သို့သော် ထိုကိစ္စ များသည်
မြန်မာနိုင်ငံရှိ ကလေးလုပ်သားများ နှင့် ပတ်သက်သည့် ပြဿနာများကို ပေါ်လွင်စေသည်ဟု
မစ္စတာဖားဘာ့ဂ်က ပြောသည်။

"ဆင်းရဲမွဲတေမှုက တကယ့်ကိစ္စပါ။ ကျွန်တော်တို့ တွေ့ရှိခဲ့တဲ့ကလေးတွေ၊ ဒါမှမဟုတ် ကျွန်တော်
တို့ တွေ့ရှိခဲ့တဲ့ ကလေးလုပ်သားတွေထဲက တချို့ဟာ သူတို့မိသားစုအတွက် ဦးဆောင်ပြီး ငွေရှာ
ပေးနေရတဲ့သူတွေပါ" ဟု ၎င်းက ပြောသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို)မှ ကလေးလုပ်သားပပျောက် ရေးဆိုင်ရာ
နည်းပညာဆိုင်ရာအကြံပေးအရာရှိ Selim Benaissa က ကလေးလုပ်သား များကို စီးပွားရေးအသွင်ကူးပြောင်းမှုရှိသည့် နိုင်ငံအများစုတွင် တွေ့ရလေ့ရှိပြီး မြန်မာနိုင်ငံတွင်လည်း
ကလေးလုပ်သားများကို တွေ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

ကုမ္ပဏီများသည် ကလေးလုပ်သားကိစ္စ နှင့်ပတ်သက်ပြီး အိုင်အယ်လ်အိုထံမှ အကြံဉာဏ်ရယူ
ကြကြောင်းနှင့် အချိန်တိုအတွင်း လုပ်ငန်းခွင်မှ ကလေးများကို ဖယ်ရှား ရန်သာမက ပြဿနာ၏
အခြေခံအကြောင်း ရင်းများကို နားလည်ဖြေရှင်းပေးရန် အရေး ကြီးသည်ဟု ၎င်းက ပြောသည်။

"ကလေးတွေကို လုပ်ငန်းခွင်ကနေ ဖယ်ထုတ်လိုက်ခြင်းအားဖြင့် အခြေအနေပိုဆိုးနိုင်တဲ့ တခြား
လုပ်ငန်းခွင်ဆီ အလွယ် တကူရောက်သွားအောင် လုပ်ရာရောက်ပါ တယ်။ အစိုးရ၊ အလုပ်သမား၊
အလုပ်ရှင်နဲ့ တခြားလူမှုရေးအဖွဲ့အစည်းတွေနဲ့ လူတစ်ဦးချင်းစီဟာ ဒီကိစ္စမှာ အရေးပါတဲ့ ကဏ္ဍ
ကနေ ပါ၀င်နေပါတယ်" ဟု ၎င်းက ပြောသည်။

တယ်လီနောက တင်ပြခဲ့သည့် ကိစ္စသုံးရပ် ပါ လေ့လာမှုအစီရင်ခံစာတွင် ကလေးလုပ်သားများ၏
အခြေအနေကို သိရှိနားလည်စေရန်နှင့် အခြားနည်းလမ်းကို တွေ့ရှိနိုင်စေရန် ကုမ္ပဏီ၏ ကြိုးပမ်းမှု
ကို အသေးစိတ် ဖော်ပြ ထားသည်။ ယင်းတို့ထဲမှ တစ်ခုမှာ မန္တလေးရှိ အသက် ၁၅ နှစ်အရွယ်
ကလေးတစ်ဦးကို ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဖယ်ရှားပြီး ထပ်ဆင့် ကန်ထရိုက်ရုံးခန်းတွင်
အလုပ် ခန့်ထားခြင်းဖြစ်သည်။

တယ်လီနောမြန်မာတွင် ၀န်ထမ်း ၄၀၀ ရှိ ပြီး ဖြန့်ချိသူ ၆၉ ဦးနှင့် ထပ်ဆင့်ဝန်ဆောင်မှု ပေးသူ
၁၀၀ ဦးကိုလည်း ခန့်ထားသည်။ "ကျွန်တော်တို့ရဲ့ တင်းကျပ်တဲ့မူဝါဒ ကြောင့်ရရှိတဲ့ အကျိုးဆက်
ကတော့ တချို့ နေရာတွေမှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေကို ပိုမိုနှေးကွေးစေပါတယ်" ဟု
ပီတာ ဖားဘတ်က ပြောသည်။

ဘီအိုတူးလ် ပံ့ပိုးရေးသားသည်။
သီရိမင်းထွန်း ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်