အမ်ပီတီဆင်းကတ်များကို စိတ်ဝင်စားသူများပြား

အမ်ပီတီဆင်းကတ်များကို စိတ်ဝင်စားသူများပြား

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းကတ်များကို ကျပ် ၁,၅၀၀ ဖြင့်
ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လက်လီအရောင်းဆိုင်များတွင် စက်တင်ဘာလ ၁ ရက်နေ့မှ
စတင်ရောင်းချနေရာ ၀ယ်ယူသူ များပြားပြီး စီတန်းဝယ်ယူနေကြရသည်။

"ကျွန်တော်တို့ ဒီဆင်းကတ် ၀ယ်ဖို့ကို မနက် ၆ နာရီလောက်တည်းက လာစောင့်နေရ တယ်။
အခုဆင်းကတ်ရောင်းချပေးတဲ့ဆိုင် အရေအတွက်က နည်းနေသေးတယ်။ ဖြစ်သင့် တာက
ဆင်းကတ်တွေကို မိုဘိုင်းဆိုင်တိုင်း မှာ ရောင်းချပေးသင့်တယ်။ အဲဒါမှာလည်း ဒီလို တန်းစီ
ရတာတွေ နည်းသွားမှာပေါ့။ အခုဆို တခြားနိုင်ငံခြားသားတွေ ဒီလိုပုံစံမြင်ရင် ရှက်စရာကြီးပါ။
အခု အမ်ပီတီရောင်းတာကြတော့ မှတ်ပုံတင်မူရင်းကို ပြရတယ်။ မှတ်ပုံတင်မိတ္တူ ကို ပေးရတယ်။
ပြီးရင်လက်မှတ်ထိုးပြီး ဆင်း ကတ်ဝယ်ပြီး ပြန်ထွက်လာရုံပဲ" ဟု ဆင်းကတ် ၀ယ်ယူခဲ့သူတစ်ဦးက
ပြောသည်။

ထိုကဲ့သို့ ၀ယ်ယူလိုသူများပြားနေခြင်း ကြောင့် ပြင်ပတွင် ကျပ် ၁၅,၀၀၀ ခန့်အထိ ပေါက်ဈေးရှိနေ
ကြောင်း သိရသည်။

"အခု ကျပ် ၁,၅၀၀ တန် အမ်ပီတီဆင်းကတ် တွေကို ကျွန်မတို့ဆိုင်ကတော့ DKSH ကုမ္ပဏီ နဲ့
ချိတ်ပြီးတော့ စက်တင်ဘာလ ၂ ရက်နေ့ စပြီးတော့ ရောင်းမှာပါ။ အခု အော်ရီဒူး ဆင်းကတ်
ရောင်းအား အေးနေတယ်။ လာမေး တဲ့သူတောင် မရှိတော့ဘူး" ဟု KKA mobile ဆိုင်က
မထိုက်ထိုက်စံက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ ့မှစတင်ကာ ကျပ် ၁,၅၀၀
တန် ဆင်းကတ်များ လစဉ် ရောင်းချပေးခဲ့ သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်