အော်ရီဒူးက အင်တာနက်အသုံးပြုခများ ကို နှုန်းထားအသစ်ဖြင့် ဩဂုတ်လ ၃၁ ရက်နေ့ မနက်
၆ နာရီမှစတင်ကာ ပြောင်း လဲ ကောက်ခံနေသော်လည်း ထိုရက်မှ စတင်ပြီး ငွေဖြည့်မှသာ
နှုန်းထားသစ်ဖြင့် အကျုံးဝင်မည် ဖြစ်သည်။
"ကျွန်တော်တို့ လက်ရှိပေးအပ်နေတဲ့ အင်တာနက် အစီအစဉ်တွေမှာဆို တစ် မက်ဘ်သုံးစွဲခဟာ
တော်တော်နည်းပါ တယ်။ ဒါပေမဲ့ အော်ရီးဒူး သုံးစွဲသူတချို့ ကတော့ ဒါကို မသုံးဖြစ်ကြသေးပါ
ဘူး။ လူမှုဝက်ဘ်ဆိုက်တွေမှာလည်း ပြည်သူ တွေရဲ့အသံကို အပြည့်အဝနားထောင်နေ ပါတယ်။
ဒါကြောင့် ကျွန်တော့်တို့အနေနဲ့ အခုလို နှုန်းထား ပြင်ဆင်ပေးလိုက်တာ ဖြစ် ပြီးတော့ သုံးစွဲသူ
မိဘပြည်သူအားလုံး အနေနဲ့လည်း ထိုက်ထိုက်တန်တန် အင်တာနက်ကို သုံးစွဲနိုင်ကြတော့မှာပါ"
ဟု အမှုဆောင်အရာရှိချုပ် မစ္စတာ ရော့စ်ကောမက်က ဩဂုတ်လ ၃၀ ရက်နေ့တွင် မီဒီယာများကို
ပြောကြားခဲ့သည်။
ယခင်ကောက်ခံသည့် တစ် မက်ဘ်ကို ၂၅ ကျပ်အစား ၁၀ ကျပ်ဖြင့် ပြောင်းလဲထား ပြီး ထိုရက်မှ
စတင်ကာ ဖုန်းငွေဖြည့်လိုက် လျှင်ဖုန်းအတွင်း ကျန်ငွေနှင့် ပေါင်းပြီး လျှော့ချကောက်ခံမည့် နှုန်း
ထားအတိုင်း အသုံးပြုနိုင်မည် ဖြစ်သည်။ သို့သော် ဖုန်းငွေဖြည့်ပြီးချိန်မှ စတင်ကာ ရက် ၃၀ အတွင်း
သာ ၁၀ ကျပ်ဖြင့် ရရှိမည်ဖြစ်သည်။
နောက်ထပ် ငွေကြေးထပ်ဖြည့်လိုက်မှသာ နောက် ရက် ၃၀ ဖြင့် စတင်သွားမည်ဖြစ် သည်။
အော်ရီးဒူးက စတင်ဝန်ဆောင်မှုပေး သည့်အချိန်က အင်တာနက်အသုံးပြုခနှင့် ပတ်သက်ပြီး
အဆင်မပြေမှု၊ ဝေဖန်မှုများ အများအပြား လူမှုကွန်ရက်ပေါ်တွင် ထွက် ပေါ်ခဲ့ပြီး နောက်ပိုင်းတွင်
ယခုကဲ့သို့ ပြောင်းလဲ ကောက်ခံခဲ့ခြင်းလည်း ဖြစ် သည်။
"ကွန်ရက်ကိုလည်း နောင်လာမယ့် နှစ်ပတ်အတွင်းမှာ လူဦးရေရဲ့ ၁၂ ဒသမ ၃ သန်းအထိ
အသုံးပြုလာနိုင်မှာလည်းဖြစ်ပါ တယ်" ဟု ရော့စ်က ပြောသည်။ ဒေတာပက်ကေ့ချ် အစီအစဉ်
အရ တစ်နေ့တာအတွင်း ကျပ် ၅၀၀ ဖြင့် မက်ဘ် ၃၀၊ ဖေ့စ်ဘွတ်ခ်အတွက် မက်ဘ် ၂၀၊ တစ်ပတ်
တာအတွင်း ကျပ် ၃,၀၀၀ ဖြင့် မက်ဘ် ၂၀၀၊ ဖေ့စ်ဘွတ်ခ်အတွက် မက်ဘ် ၁၄၀၊ တစ်လတာ
အတွင်း ကျပ် ၁၂,၀၀၀ ဖြင့် တစ်ဂျီဘီ၊ ဖေ့စ်ဘွတ်ခ်အတွက် မက်ဘ် ၆၀၀ စသည်ဖြင့် ပက်ကေ့ချ်
အလိုက် ၀ယ်ယူ သုံးစွဲနိုင်ရန် ဆောင်ရွက်ထားသည်။
















