အိုင်ဖုန်းတွေ ဘာကြောင့် အရွယ် ပိုကြီးလာနိုင်တာလဲ

အိုင်ဖုန်းတွေ ဘာကြောင့် အရွယ် ပိုကြီးလာနိုင်တာလဲ

ဒီနှစ်ကတော့ အိုင်ဖုန်းအတွက် တကယ့်ကို အရေးပါတဲ့ နှစ်ပါပဲ။ စက်တင်ဘာလ ၉ ရက်နေ့မှာ
ကျင်းပမယ့် ပစ္စည်းသစ်မိတ်ဆက်ပွဲမှာ အက်ပဲလ်ဟာ ၄ ဒသမ ရ လက်မမျက်နှာပြင်ရှိတဲ့
အိုင်ဖုန်းနဲ့ ၅ ဒသမ ၅လက်မမျက်နှာပြင် ဖြစ်နိုင်လောက် တဲ့ အိုင်ဖုန်းတွေ ပြသပေးလိမ့်မယ်လို့
နည်းပညာလောကက ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့နှစ်နှစ်မှာ စတော့ရှယ်ယာဈေးနှုန်း တွေ ထိုးကျတာကြံုခဲ့ရတဲ့ အက်ပဲလ်ဟာ တစ်ချိန်လုံး
စိတ်ကူးထားတဲ့ ပိုကြီးတဲ့အိုင်ဖုန်း တွေ ထုတ်လုပ်ဖို့ အရှိန်ယူနေပါတယ်။ ဒါက စွန့်စားရာတော့
ရောက်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ တော်တော်ကြာကြာသတင်းကြီး နေတဲ့ထုတ်ကုန်တွေ
ကို ကျွန်တော်တို့ တကယ် တွေ့လိုက်ရပြီးတဲ့နောက် အကျဖက်ကိုရောက် နေတဲ့ အက်ပဲလ်နဲ့
ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေက သိပ်စိတ်မဝင်စားကြတော့လို့ပါ။ အိုင်ဖုန်းရောင်းအားတွေနဲ့
ပတ်သက်ပြီး ထူးထူးခြားခြားနှစ်တစ်နှစ် ဖြစ်လာနိုင်တဲ့ အချက်သုံးချက် ရှိပါတယ်။

ပထမတစ်ချက်က တော့ အိုင်ဖုန်းအသစ်လဲနိုင်တဲ့အနေအထား ရှိသူအရေအတွက်ဟာ နှစ်ပေါင်း
များစွာ အတွင်း ဒီနှစ်မှာ အများဆုံးရှိနေတာပါ။ ဒုတိယတစ်ချက်ကတော့ ပိုကြီးတဲ့ အိုင်ဖုန်းကို
လိုချင်နေတဲ့သူတွေ ရှိနေတာပါ။ တတိယ အချက်ကတော့ တရုတ်နိုင်ငံမှာရှိတဲ့ အက်ပဲလ် ရဲ့
အလားအလာဟာ ပိုပြီးတိုးတက်ကောင်းမွန်လာနိုင်တဲ့ပုံ ရှိနေတာပါ။ အိုင်ဖုန်းအသစ်ကို လဲနိုင်
တဲ့အနေအထားရှိသူ သုံးစွဲသူတွေအရေအတွက်နဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားဖို့က ပထမ
အချက်အနေနဲ့ အရေးကြီးပါတယ်။

နှစ်နှစ်သက်တမ်းစာချုပ် သက်တမ်းကုန်သွားတဲ့သူတွေ ဒါမှမဟုတ် ကုမ္ပဏီတွေက အိုင်ဖုန်း
အသစ်ကို စောစောလဲခွင့်ရထားတဲ့ သူတွေကြောင့် အရင်တုန်းကဆိုရင် အိုင်ဖုန်း အသစ်လဲဖို့
အနေအထားရှိတဲ့သူက နည်း နည်းပဲ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်မှာဆိုရင် အမေရိကန်နိုင်ငံမှာ
အိုင်ဖုန်းအသစ်လဲနိုင် တဲ့ အနေအထားရှိတဲ့သူဦးရေဟာ အရင်နှစ် တွေကထက် တော်တော်
လေးနည်းတာကို တွေ့ရပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အိုင်ဖုန်း ဖြန့်ချိရောင်းချတဲ့ ကုမ္ပဏီတွေဟာ သူတို့ အမြတ်အစွန်းကို
ထိခိုက်မှာစိုးတဲ့အတွက် အိုင်ဖုန်းတွေကို ကစါမေိန လုပ်သင့်တဲ့ အချိန် ထက် ပိုစောပြီး
လုပ်ခွင့်ပေးတာကို လျှော့ချ လိုက်တာကြောင့်ပါ။ (၀ိုင်ယာလက်စ်ကုမ္ပဏီ တွေဟာ စာချုပ်

သက်တမ်းတစ်ခုအတွင်း ဈေး လျှော့ရောင်းချပေးထားတဲ့ ဖုန်းတွေအတွက် ကြိုတင်ပေးငွေတွေကို
အဆုံးခံပြီး စာချုပ် သက်တမ်းကို နောက်ဆုတ်ပေးလိုက်ကြပါ တယ်။) ဒါပေမဲ့ ဒီနှစ်မှာတော့
ကုမ္ပဏီတွေဟာ နည်းလမ်းတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒါက တော့ ဖုန်းငှားရမ်းမှု သဘောတူညီ
ချက်နဲ့ တူတဲ့ အိုင်ဖုန်း ကစါမေိန လုပ်တဲ့ အစီအစဉ် အသစ်တစ်ခုပါ။ နှစ်စဉ် ကစါမေိန လုပ်ချင်တဲ့
သူတွေဟာ သူတို့ဖုန်းကို အကောင်းအတိုင်း ရှိနေအောင်ကိုင်ရမှာဖြစ်ပြီး အိုင်ဖုန်းအသစ် လဲချင်တဲ့
အခါ ကုမ္ပဏီကို ပြန်အပ်ရမှာပါ။

ပြီးတော့ သုံးစွဲသူတွေဟာလည်း လစဉ်ကြေး ကို အများကြီးပေးရပါတယ်။ ဒီအစီအစဉ်ကို လူတွေ
ဘယ်လောက်နှစ်သက်ကြသလဲ ဆိုရင်တော့ အများကြီးပါပဲ။ သုတေသနကုမ္ပဏီ အင်န်ပီဒီရဲ့ ဇွန်
လထုတ် အစီရင်ခံစာတစ်ရပ်အရ ဒီအစီအစဉ်ကို စာရင်းပေးထားသူအရေအတွက်ဟာ ၂၀၁၃ ခုနှစ်၊
စက်တင်ဘာလနဲ့ မတ်လကုန်အကြား ကာလကအရေအတွက်ထက် လေးဆကျော် မြင့်တက်ခဲ့ပြီး
အိုင်ဖုန်းအသစ်လဲမယ့်သူ အရေအတွက်ဟာ ရ ရာခိုင်နှုန်းကနေ ၃၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့
ပါတယ်။အသစ်ထပ်ထွက်လာတဲ့ အိုင်ဖုန်းအတွက် သုံးစွဲသူတွေပေးတဲ့ အကြောင်းပြချက်က
ပြည့်စုံပါတယ်။

"စမတ်ဖုန်း သုံးစွဲသူ ၄၈ ရာခိုင် နှုန်းက ပြောတဲ့ နောက်ဆုံးပေါ်နည်းပညာကို အမှီလိုက်နိုင်ဖို့
အတွက်ဆိုတာကတော့ ဈ "ဒီအစီအစဉ်ကို ရွေးချယ်ရတဲ့ အကြောင်းရင်းအတွက် အခိုင်မာဆုံး
အကြောင်းပြချက် ပါပဲ" လို့ အင်န်ပီဒီရဲ့ ဇွန်လအစီရင်ခံစာမှာ ရေးသားထားပါတယ်။

" ဒုတိယအများဆုံး အကြောင်းပြချက်ကတော့ ငွေကြေးနဲ့ ပတ် သက်ပါတယ်။ လစဉ်အရစ်ကျ
ပေးချေနိုင် တဲ့အတွက် ဒီအစီအစဉ်ကို ရွေးဖြစ်တာပါလို့ စမတ်ဖုန်းသုံးစွဲသူ ၆၂ ရာခိုင်နှုန်းက
ပြောပါ တယ်" လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးတော့ ပိုကြီးတဲ့ အိုင်ဖုန်းကို အလွန်အမင်းတောင့်တနေကြတဲ့ကိစ္စလည်း ရှိပါတယ်။ သုံးစွဲသူတွေ
ဟာ ပိုကြီးတဲ့ အိုင်ဖုန်းကို လိုချင်နေကြတဲ့အတွက် အိုင်ဖုန်းအသစ်မလဲချင်တဲ့ အိုင်ဖုန်းပိုင်ရှင်
ဘယ်နှစ်ယောက်ရှိလဲဆိုတာ အတိအကျဖော်ထုတ်ဖို့ ဒါမှမဟုတ် သူတို့မှာ ရွေးချယ်ခွင့်ရှိမယ်
ဆိုရင် အန်းဒရွိုက် ကနေ အိုင်အိုအက်စ်ကို ပြောင်းမယ့် အိုင်ဖုန်းကြီးကြီးကိုင်ချင်တဲ့သူ ဘယ်နှစ်
ယောက် ရှိလဲဆိုတာ အတိအကျသိရဖို့ကတော့ မလွယ် ပါဘူး။(တချို့အိုင်ဖုန်းသုံးစွဲသူတွေက
တော့ အိုင်ဖုန်းအရွယ်အစားက အရေးမကြီးပါဘူးလို့ ဆိုကြပါတယ်။)

ဒါပေမဲ့ ဒီအမြင်ကို ခိုင်မာစေတဲ့ ဈေးကွက် ဝေစုနဲ့ တိုးတက်မှုရှိလာတာကိုပြတဲ့ အချက်အလက်တွေ
ကျွန်တော်တို့မှာ ရှိပါတယ်။ သုတေသနကုမ္ပဏီ ဃညေေူပျ ရဲ့ အချက် အလက်တွေအရ ၂၀၁၄
ခုနှစ် ပထမသုံးလ ပတ်မှာ ရောင်းချခဲ့တဲ့ ဖုန်းအရေအတွက်ရဲ့ ၃ ရာခိုင်နှုန်းဟာ ၅ လက်မနဲ့
၅ လက်မအထက်စကရင်ရှိတဲ့ ဟန်းဆက်တွေပါ။

ပိုအရေးပါ တဲ့အချက်က ဒီနှုန်းထားဟာ ပြီးခဲ့တဲ့နှစ် ပထမသုံးလပတ်ကနှုန်းထားထက် ၃၆၉
ရာခိုင်နှုန်း မြင့်တက်လာခဲ့တာပါ။ ဒီနှုန်းထား ဟာ တခြားဖုန်းအရွယ်အစားအသုံးပြုတဲ့ နှုန်းထား
ထက် ပိုပြီးမြန်မြန်မြင့်တက်လာတာ ပါ။

အိုင်ဖုန်းရဲ့ သုံးစွဲသူတွေကို ကျေနပ်မှုပေး နိုင်တဲ့ အနေအထားတွေအပါအဝင် ဒီအချက် တွေ
အားလုံးကတော့ အက်ပဲလ်ဟာ ပိုကြီးတဲ့ အိုင်ဖုန်းတွေနဲ့ ဈေးကွက်ရှယ်ယာတွေ ရလောက်တယ်
လို့ အရိပ်အမြွက်ဖော်ပြနေ ပါတယ်။ တရုတ်နိုင်ငံမှာ ဘာတွေဖြစ်နေသလဲဆို တော့ အက်ပဲလ်ရဲ့
တန်ဖိုးအထားဆုံး အောင် မြင်မှုရှိတဲ့ ဈေးကွက်တစ်ခုအနေနဲ့ စကရင်ပိုကြီး တဲ့ဖုန်းတွေ ဈေးကွက်
အတွင်းမှာ ပိုပြီး အလုပ်ဖြစ်နေပါတယ်။

အက်ပဲလ်ဟာ တရုတ်နိုင်ငံမှာ အောင်မြင်မှုရတဲ့နှစ်တစ်နှစ်ကို ပိုင်ဆိုင် ထားပါတယ်။ ဒါပေမဲ့
ဆန့်ကျင်ဘက် အကျိုးသက်ရောက် မှု ဖြစ်လာနိုင်တာတွေလည်း ရှိပါသေးတယ်။ ဈေးကြီးတဲ့
အကောင်းစားဟန်းဆက် (အဓိက အက်ပဲလ်တံဆိပ်) တွေဟာ ချမ်းသာတဲ့သူတွေ ရဲ့ အဆောင်
အယောင်ဂုဏ်ဒြပ်တစ်ခုအနေနဲ့ ဖြစ်လာနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သာမန် လူတွေ ၀ယ်ဖို့မတတ်နိုင်တဲ့အချိန်မှာတော့ အိုင်ဖုန်းတွေဟာ ဂုဏ်ယူပြီး
ကိုင်စရာဟန်းဆက်တစ်ခုအဖြစ် မြင်ကြမှာပါ။

(စီအင်န်ဘီစီ) 

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်