အူရီးဒူးက နိုင်ငံခြားခေါ်ဆိုမှုတွေနှင့် ပတ်သက်ပြီး ထိုင်းမှကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိဟုဆို

အူရီးဒူးက နိုင်ငံခြားခေါ်ဆိုမှုတွေနှင့် ပတ်သက်ပြီး ထိုင်းမှကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိဟုဆို

အူရီးဒူးမှ နိုင်ငံခြားခေါ်ဆိုမှု (Roaming System) စနစ်အတွက် ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီ
တစ်ခုနှင့် သဘောတူညီမှုထားရှိပြီး ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း အူရီးဒူးမြန်မာမှ
အမှုဆောင်အရာရှိချုပ် ရော့စ်ကောမက်က ဩဂုတ်လ ၃၀ ရက်နေ့က ပြောကြားခဲ့သည်။

ပြည်ပသို့ခေါ်ဆိုမှုနှင့် ပြည်ပမှ ခေါ်ဆိုမှု (Roaming System)၀န်ဆောင်မှုအတွက် အူရီးဒူုးမှနေ၍
ထိုင်းအခြေစိုက် အမည်မဖော်လိုသည့် ကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်ကာ သဘောတူမှုရှိခဲ့ပြီး
ထိုချိတ်ဆက် မှုမှတဆင့် အူရီးဒူးကွန်ယက်သုံးသူများအနေဖြင့် ကောင်းမွန်သည့် ၀န်ဆောင်
မှုများကို ရရှိစေမှာလည်း ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

"ကျွန်တော်တို့ (Roaming System) စနစ်အတွက် ထိုင်းအခြေစိုက် ကုမ္ပဏီတစ်ခုနဲ့ သဘောတူ
ညီမှု ရှိပါ တယ်။ စင်ကာပူက အဆက်အသွယ်ရအောင်လုပ်ထားပါတယ်။ အဲဒါကြောင့် ကျွန်တော်
တို့ လိုင်းဆွဲအား အရည်အသွေးတွေကို ထိန်းချုပ်ထားနိုင်ပါတယ်။ နိုင်ငံခြားခေါ်ဆိုမှုတွေကို နိုင်ငံ
တကာစံနှုန်းနဲ့အမီ နိုင်ငံ တကာမြန်နှုန်းတွေ ကြည်လင်ပြတ်သားတဲ့ အသံခေါ်ဆိုမှု၊ အင်တာနက်
လိုင်းကောင်းမွန်မှုတို့တွေနဲ့ အတူပေါ့ ရရှိခံစားရစေမှာပါ။ မိမိတို့ရဲ့ ဆင်းကဒ်ဖြင့် စင်ကာပူလိုနိုင်ငံ
မျိုးမှာ ရောက်နေမယ်ဆိုရင်တောင် လိုင်းဆွဲ အားနဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုပါဘူး"ဟု အူရီးဒူး
မြန်မာမှ အမှုဆောင်အရာရှိချုပ် ရော့စ်ကောမက်က သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းချက်ကို
ဖြေကြားခဲ့သည်။

ထိုင်းမှ မည်သည့်ကုမ္ပဏီနှင့် ချိတ်ဆက်ဆောင်ရွက်ထားကြောင်း မေးမြန်းရာတွင်လည်း မိမိတို့
အနေဖြင့် ယခုတွင် ဖြေကြားပေးနိုင်မည်မဟုတ်ကြောင်း၊ ပြိုင်ဘက်ကုမ္ပဏီမှ အသေးစိတ်အချက်
အလက်များ ထုတ်ပြန် သည့်အချိန်မှ မိမိတို့ဘက်က ပြောပြပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက
ပြောကြားခဲ့ပြီးသည့်အပြင်တွင် မိမိတို့ အဖွဲ့မှ ဆိုရှယ်ဝက်ဆိုက်တွေမှ ကြားရတဲ့ ပြည်သူတွေရဲ့
အခက်အခဲအသံတွေကို အမြဲတမ်း ဂရုတစိုက် နား ထောင်ပြီး အဆင်ပြေကောင်းမွန်တဲ့ ၀န်ဆောင်
မှုတွေကို ရရှိစေရန် နေစဉ်နဲ့အမျှ ကြိုးစားဆောင်ရွက်နေ ကြောင်းလည်း ၎င်းက ထပ်လောင်းပြော
ကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်