မြန်မာနိုင်ငံ၏ ပြည်တွင်းဖြစ် ဂိမ်းဖြစ်သော သမိန်ပေါသွပ်ဂိမ်းကို ဂျပန်နိုင်ငံ Chiba မြို့တွင် စက်တင်
ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ထိ သုံးရက်တာပြုလုပ်မည့် Tokyo Game Show 2014 တွင်
စင်တင်ပြသသွား မည်ဖြစ်ကြောင်း Total Gameplay Studio မှ သိရသည်။
"ကျွန်တော်တို့ဂိမ်းအတွက် စိတ်ကျေနပ်မှုရှိပါတယ်။ ကျွန်တော်တို့အဖွဲ့ကနေပြီး ဒီဂိမ်းလေးကို
Tokyo Game Show 2014 မှာ ပွဲထုတ်သွားမှာပါ။ ဒီပွဲအတွက် ကျွန်တော်တို့က Booth လေးခု
ရရှိထားပါတယ်။ ပွဲက စက်တင်ဘာလ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့ထိဆိုတော့ သုံးရက် ကြာမှာ
လေ။ အဲ့အတွက် ကျွန်တော်တို့ဘက်ကနေပြီးတော့ ၁၆ ရက်နေ့မှာ ဖိတ်ကြားချက်အရ စတင်သွား
ရမှာပါ။ နောက်ပြီး နိုင်ငံတကာက လာရောက်တဲ့ ဂျာနယ်လစ်တွေ၊ ဂိမ်းထုတ်လုပ်သူတွေကို ပြသ
သွားမှာ ဖြစ်ပါတယ်။ အဲ့အတွက်စိတ်လှုပ်ရှားမိပါတယ်"ဟု Total Game Play Studio မှ
မြင့်ကျော်သူက မြန်မာတိုင်း(မ်)ကို ပြောသည်။
" အခြားနိုင်ငံတွေမှာ နာမည်ကြီး ကားတွန်းဇာတ်ကောင်တွေကို ဂိမ်းတွေ အန်နီ မေးရှင်းတွေ
အဖြစ်ပြန်ပြီး အသက်သွင်းကြတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီလိုနာမည်ကြီး ဇာတ်ကောင်
တွေ အများကြီးရှိတယ်လေ။ ဒီဇာတ်ကောင်တွေကို ဂိမ်းအဖြစ်ပြန်ဖန်တီးဖို့ ဟိုးအရင်ကတည်းက
ဆန္ဒရှိကြတာပါ။ အခုမှ လုပ်ဖြစ်တာ ပါ"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် အဆိုတော် ကိုလွှမ်းပိုင်ကလည်း ဒီဂိမ်းလေးကို အသံဖြင့် ၀င်ရောက်အားဖြည့်ထားပြီး
၎င်း၏ ပထမဆုံး ဂိမ်းအသံသရုပ်ဆောင်ခြင်းလည်းဖြစ်ကြောင်း ၎င်းက မြန်မာတိုင်း(မ်)ကို ပြော
သည်။
"ကျွန်တော်လည်း ဒါကပထမဆုံးလေ။ ဂိမ်းတွေဆော့ရ ဖန်တီးရတာလည်း အရမ်းဝါသနာပါတယ်။
အရမ်း လည်း စိတ်လှုပ်ရှားမိပါတယ်။ နောက်ပြီးဂိမ်းက တခြားဂိမ်းတွေလို အမှတ်တွေနဲ့ ရေပြီး
ဆော့ရတာ မဟုတ် ဘူးဗျ။ ပုံပြင်လေးတွေလို ဆော့ရတာဆိုတော့ စိတ်ဝင်စားစရာကောင်းပါတယ်။
ကျွန်တော်ကတော့ အဲ့ထဲမှာ အဓိက သမိန်ပေါသွပ်ဇာတ်ကောင်နေရာမှာ အသံနဲ့ သရုပ်ဆောင်ထား
ရတာပါ "ဟု အဆိုတော် ကိုလွှမ်းပိုင်က ပြောသည်။
Total Gameplay Studio သည် ၂၀၀၅ ခုနှစ်ခုကတည်း အဖွဲ့ဝင်နှစ်ယောက်တည်းဖြင့်သာ
စတင်ခဲ့ပြီး ယခုလက်ရှိတွင် အဖွဲ့ဝင်စုစုပေါင်း ၈ ဦးခန့်ရှိလာခဲ့ပြီး၊ ဂိမ်း ၂၅ ခုကို ဖန်တီးပြီးလည်းဖြစ်
ကြောင်း၊ အဆိုပါ သမိန်ပေါသွပ်ဂိမ်းကို အန်းဒရိုက်နဲ့ အိုင်အိုအက်စ်ဖုန်းများတွင် ဆော့ကစားနိုင်
မည်ဖြစ်ကြောင်း၊ အသင့် အတင့်နိုင်နင်းသော ဟန်းဆက်များတွင် ဆော့ကစားနိုင်မည်ဖြစ်ပြီး
ဂိမ်းထွက်ရှိမည့်နေ့ရက်ကို ၎င်းအနေ ဖြင့် တိတိကျကျ ပြောနိုင်မည် မဟုတ်သေးကြောင်း
သိရသည်။
အဆိုပါဂိမ်းသည် အခကြေးငွေပေးဆောင်ရန် မလိုသော် လည်း ဂိမ်းအတွင်းပိုင်းရှိ အိုင်တမ်များကို
ကို ၀ယ်ယူ မည်ဆိုပါက အခကြေးငွေ ပေးဆောင်ရ မည်ဖြစ်သည်။

















