ကွေးညွတ်ထားသော မြင်ကွင်းပါသည့် ဂလက်ဆီဖုန်းသစ်
ကွေးညွတ်ထားသော မြင်ကွင်းပါသည့် ဂလက်ဆီဖုန်းသစ်

ကွေးညွတ်ထားသော မြင်ကွင်းပါသည့် ဂလက်ဆီဖုန်းသစ် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ယခုလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပခဲ့သည့် လျှပ်စစ်လူသုံးကုန်ပစ္စည်းပြပွဲ၌ ထုတ်ဖော်ပြသခဲ့သည့် ဆမ်ဆောင်း၏ Galaxy Note 4 Edge ကို တွေ့ရစဉ်။ ၅ ဒသမ ၆ လက်မအကျယ်ရှိ မြင်ကွင်းနှင့် ဘေးတစ်ဖက်တွင် ကွေးညွတ်နေသည့် မြင်ကွင်းတစ်ခုပါရှိသည့် အဆိုပါဟန်းဆက်သစ်ကို ဆမ်ဆောင်းက အခြား ဟန်းဆက်သစ်များနှင့်အတူ ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ကာ ဈေးနှုန်းနှင့် ရောင်းချမည့် ရက်များကိုမူ ဆမ်ဆောင်းက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ ဓာတ်ပုံ - အေအက်ဖ်ပီ
















