အမ်ပီတီဆင်းကတ် ငါးသန်း ကျော် ရောင်းချပေးမည်

အမ်ပီတီဆင်းကတ် ငါးသန်း ကျော် ရောင်းချပေးမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ယခုနှစ်အတွင်း ကျပ် ၁,၅၀၀ တန် ဒဗလျူစီဒီအမ်အေဆင်းကတ်
ငါးသန်းကျော်ကို တရားဝင် ရောင်းချခွင့်ပေးထားသည့် လက်လီ အရောင်း ဆိုင် ၁၄ ဆိုင်က
တစ်ဆင့် ရောင်းချပေးသွား မည်ဖြစ်သည်။

အဆိုပါဆိုင်များအနေဖြင့် ဈေးမြှင့်ရောင်း ခြင်း၊မိုဘိုင်းဟန်းဆက်ဖြင့် ယှဉ်တွဲကာရောင်း ချခြင်း
များနှင့် ဖုန်းငွေဖြည့်ကတ်များဖြင့် ယှဉ်တွဲရောင်းချခြင်းများ ပြုလုပ်ပါက အရေး ယူခံရမည်ဖြစ်
ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအကြံပေးအရာရှိ ဦးခင်မောင်ထွန်း က မြန်မာတိုင်း(မ်)
သို့ ပြောသည်။

"ဒီ ၁၄ ဆိုင်ကနေ ကျန်မိုဘိုင်းဆိုင်တွေကို ခွဲထုတ်ပြီးတော့ ရောင်းပေးမှာပါ။ ဒီလက်လီ အရောင်း
ဆိုင် ၁၄ ဆိုင်က အမ်ပီတီရဲ ့ဆင်း ကတ်တွေကို ကျပ် ၁,၅၀၀ အပြင် တခြားမိုဘိုင်း ဟန်းဆက်
တွေနဲ့ တွဲရောင်းတာတို့၊ ငွေဖြည့် ကတ်တွေနဲ့ တွဲရောင်းတာတို့ဆိုရင် ပထမဦး ဆုံးအနေနဲ့
နှုတ်နဲ့သတိပေးမယ်။ အဲဒီလိုမှ ဆက်ပြီး ရောင်းနေတယ်ဆိုရင်တော့ အဲဒီဆိုင် ကို မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းရဲ့ ကုန် ပစ္စည်းတွေကို ရောင်းချခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ အဲဒီလို
နည်းနဲ့ပဲ အရေးယူသွားမှာပါ" ဟု ၎င်းက ပြောသည်။

၎င်း လက်လီအရောင်းဆိုင်များကလည်း အခြားမိုဘိုင်းဆိုင်များသို့ ဆင်းကတ်များ ဖြန့်ဝေပေးသွားမည့်အပြင် နေ့စဉ်ရောင်းချ ပေးနိုင်အောင်လည်း ဆောင်ရွက်ပေး
သွား မည်ဖြစ်သည်။ ထို့ကြောင့် ကျပ် ၁,၅၀၀ ထက်ပို သောဈေးနှုန်းဖြင့် မဝယ်သင့်ကြောင်း
ဦးခင်မောင်ထွန်းက ပြောသည်။

သို့သော် အဆိုပါ ဆင်းကတ်များမှာ ပြင်ပ ဈေးကွက်တွင် ကျပ်နှစ်သောင်းခန့်အထိ ပေါက်ဈေးရှိနေ
ကြောင်း Mobile Image ဖုန်း ဆိုင်မှ တာဝန်ရှိသူ ကိုစည်သူမင်းက ပြော သည်။

"အခုကြားနေရတာကတော့ အမ်ပီတီဆင်းကတ်တွေရဲ့ပြင်ပပေါက်ဈေးက ကျပ် နှစ်သောင်းဝန်း
ကျင်လောက်တော့ ကြားတယ်။ ကျွန်တော်တို့ဆိုင်မှာတော့ ဆင်းကတ်တွေ မရှိတော့ဘူး။
ကျွန်တော်တို့ဆိုရင် ဟန်းဆက် ၀ယ်ရင် အမ်ပီတီဆင်းကတ် လက်ဆောင်ပေး လိုက်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် တို့ရတဲ့ ဆင်းကတ်အရေအတွက်က နည်း တယ်။ ကျွန်တော်
တို့က အမ်ပီတီရဲ့ လက်လီ အရောင်းဆိုင်ကနေတစ်ဆင့် ပြန်ယူပြီးတော့ ရောင်းတာပါ။ အခုလို
ပြင်ပပေါက်ဈေးဖြစ် လာတာ ဆင်းကတ် လုံလုံလောက်လောက် ချမပေးလို့ပါ" ဟု ၎င်းက
ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လက်လီ အရောင်းဆိုင်များက အခြားမိုဘိုင်းအရောင်း ဆိုင်များ
သို့ ခွဲဝေရောင်းချပေးသည့် ဆင်း ကတ်အရေအတွက်မှာ နည်းပါးကြောင်း ဗ ဩဘငူန မှတာဝန်
ရှိသူ ဦးထွန်းထွန်းက ပြောသည်။ "ဆိုင်တွေကိုချပေးတဲ့ အရေအတွက်က တစ်ဆိုင်နဲ့ တစ်ဆိုင်
မတူဘူး။ တချို့ဆိုင်တွေ ကလည်း ဆင်းကတ်အများကြီးရတယ်။ တချို့ ကလည်း အရေအတွက်
ဆယ် ဂဏန်းလောက် ပဲ ရတယ်။ ဆိုင်တွေကို ဆင်းကတ်တွေ ချမပေး တော့ဘူးဆိုရင် အခုပြင်ပ
ပေါက်ဈေးထက် ပိုပြီး မြင့်တက်လာနိုင်ပါတယ်။ အခုပေါက် ဈေးကျွန်တော်ကြားတာကတော့
နှစ်သောင်း ခွဲ၊ နှစ်သောင်းဝန်းကျင်လောက်တော့ ရှိတယ်" ဟု ၎င်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၁,၅၀၀ ဆင်းကတ်များကို ၂၀၁၃ ခုနှစ်၊ ဧပြီ လမှ စတင်၍
ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ရောင်းချ ပေးခဲ့ပြီး ထိုစဉ်က ပေါက်
ဈေးမှာ ကျပ်တစ်သိန်းခန့်အထိ ရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်