မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စီဒီအမ်အေ ဖုန်း သုံးဆွဲသူများအတွက်လည်း အထူးအစီအစဉ်
များ ပြုလုပ်ပေးရန် စီစဉ်နေသည် ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြော
သည်။
"အခုကျွန်တော်တို့ ဈေးကွက်ပရိုမိုးရှင်း အစီအစဉ်တွေ လုပ်နေပါတယ်။ လုပ်တဲ့အခါမှာလည်း
အလှည့်ကျလုပ်နေပါတယ်။ ဂျီအက်စ်အမ်နဲ့ ဒဗလျူစီဒီအမ်အေအတွက် ကိုပဲ အသားပေးလုပ်
နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေးမှာလည်း စီဒီအမ်အေသုံးစွဲသူ
အရေအတွက်တော် တော်လေးများပါတယ်။ အခုပရိုမိုးရှင်းအစီ အစဉ်က ဒဗလျူစီဒီအမ်အေနဲ ့
ဂျီအက်စ်အမ် အတွက် လုပ်ပေးတာပါ။ နောက်ပိုင်းမှာလဲ စီဒီအမ်အေသုံးစွဲသူတွေ အတွက်လည်း
အခုလိုအထူးအစီအစဉ်တွေ ရှိလာမှာပါ။ စီဒီအမ်အေသုံးစွဲသူတွေကိုလည်း ဂရုတစိုက် နဲ့
၀န်ဆောင်မှုကောင်း ပေးနိုင်ဖို့လည်း ဆောင်ရွက်နေပါတယ်။ စီဒီအမ်အေအတွက် ၀န်ဆောင်မှု
ပေးတဲ့အခါမှာလည်း အများသိ အောင်ကြေညာပေးသွားမှာပါ" ဟု ၎င်းက ပြောသည်။
စက်တင်ဘာလ ၄ ရက်နေ့မှ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ဖုန်းငွေဖြည့်သွင်း သော
ဂျီအက်စ်အမ်နှင့် ဒဗလျူစီဒီအမ်အေသုံးစွဲသူများအား ကျပ် ၅,၀၀၀ တန် ငွေဖြည့် ကတ်
ထည့်သွင်းပါက ၂၀ ရာခိုင်နှုန်းနှင့် ကျပ် ၁၀,၀၀၀ တန် ငွေဖြည့်သွင်းပါက ၃၀ ရာခိုင်နှုန်း
အပိုငွေထည့်သွင်းပေးသည့် အစီ အစဉ်ကို ဆောင်ရွက်နေသည်။ သို့သော် အဆိုပါ ပရိုမိုးရှင်း
အစီအစဉ်တွင် စီဒီအမ်အေ သုံးစွဲသူများအတွက် ပါ၀င်ခြင်းမရှိသောကြောင့် စီဒီအမ်အေသုံးစွဲ
သူအချို့က ဝေဖန်မှု များရှိနေသည်။
"စီဒီအမ်အေဆင်းကတ်ဆိုတာလည်း မြန်မာ့ဆက်သွယ်ရေးက ရောင်းခဲ့တာပဲ။ အခွင့်အရေး
တန်းတူတော့ ပေးသင့်တယ်" ဟု စီဒီအမ်အေဖုန်း သုံးစွဲနေသူရန်ကုန်မြို့နေ ဦးကျော်ခိုင်က
ပြောသည်။
















