နည်းပညာဆော့ဖ်ဝဲလ်အကူအညီဖြင့် စီးပွားရေးလုပ်ငန်းများတွင် မည်သို့မည်ပုံ အထောက်အကူပြု
အဖြေရှာ သွားနိုင်ရန်အတွက် code for change မှ ဦးစီးစီစဉ်ကျင်းပသော ဟက်ကသွန်
(Hakathon) ပြိုင်ပွဲ၏ ပထမဆု အဖြစ် ထူးထူးခြားခြား အမျိုးသမီးဆော့ဖ်ဝဲလ်ပညာရှင်များ
ဦးဆောင်သည့် ACE အဖွဲ့က ဆွတ်ခူးခဲ့ ကြောင်း စက်တင်ဘာလ ၉ ရက်နေ့က သတင်းရရှိသည်။
စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၆ နာရီမှ ဟက်ကသွန်ပြိုင်ပွဲစတင်ခဲ့ပြီး ရ ရက်နေ့ ညနေ ၆ နာရီ
တိုင်အောင် အချိန် ၄၈ နာရီအတွင်း အမ်အိုင်စီတီ အူရီးဒူးရုံး ၃ လွှာတွင် ကျင်းပပြုလုပ်ခဲ့သော
စီးပွားရေးလုပ်ငန်းအဖြေရှာ ဆော့ဖ်ဝဲပြိုင်ပွဲကို မြန်မာနိုင်ငံမှ လူငယ်ပညာရှင် ၂၄ သင်း ပါ၀င်ယှဉ်
ပြိုင်ခဲ့ပြီး ထိုပြိုင်ပွဲတွင် Ace အဖွဲ့က ပထမဆု၊ Slingshot Pellet အဖွဲ့က ဒုတိယဆုနှင့် Power
puffs အဖွဲ့က တတိယဆုတို့ဖြင့် အသီးသီး ဆွတ်ခူးနိုင်ခဲ့သည်။
"ပထမဆုကို ရတဲ့အတွက် ကျွန်မတို့အဖွဲ့အနေနဲ့ အရမ်းဂုဏ်ယူမိတယ်။ နောက်ပြီး ယှဉ်ပြိုင်ကြတဲ့
နည်းပညာ ရှင်တွေအားလုံးဟာလည်း ပညာအဆင့်အတန်းမြင့်မားပါတယ်။ ပြီးတော့ ဒီလို
ဟက်ကသွန် ပြိုင်ပွဲတွေဟာ အင်မတန်အဓိကကျတဲ့ပြိုင်ပွဲတွေဖြစ်ပါတယ်။ ဘာကြောင့်ဆို
ကျွန်မတို့တတွေလည်း နည်းပညာ နယ်ပယ်က အဖော်တွေနဲ့အတူတူ စုရုံးမိတယ်။ ပြဿနာ
ပုစ္ဆာတွေ အဖြေရှာ။ အရည်အချင်းတွေကို စမ်းသပ်ခွင့်ရကြ တယ်။ အဲ့တာ မသိတာတွေ
သိလာရတယ်။ နောင်လာမယ့် ဟက်ကသွန်ပြိုင်ပွဲကိုလည်း မျှော်နေပါတယ်"ဟု ACE အဖွဲ့က
ပြောရေးဆိုခွင့်ရှိသူ မရွှေရီမြဝင်းက ပြောခဲ့သည်။
အေ့စ် (ACE) အဖွဲ့သည် ဖရက်စ်ကို (Fresco) ကုမ္ပဏီ၏ ယှဉ်ဆိုင်ကြံုတွေ့နေရသော အိမ်တိုင်ရာ
ရောက်ပို့ ဆောင်သည် ၀န်ဆောင်မှု၊ အစားအသောက်မှာယူခြင်းများ၊ ကုန်ပစ္စည်းများ ဖြည့်ဆည်း
ခြင်းများ စသည့် အခက်အခဲများတွင် ဆောဖ်ဝဲလ် နည်းပညာအကူအညီဖြင့် ကြိုးစားအားထုတ်
အဖြေရှာပေးခဲ့ကြခြင်းဖြစ်သည်။
ထိုကုမ္ပဏီသည် ရှမ်းပြည်နယ်မှ တောင်ယာလုပ်ငန်းများ လုပ်ဆောင်သူ တောင်ယာသမားများနှင့်
ရန်ကုန်မြို့ရှိ အထင်ကရ ဟိုတယ်ကြီးများနျင့် စားသောက်ဆိုင်များကို ကုန်စိမ်းဖြည့်ဆည်းပေးခြင်း
၀န်ဆောင်မှုများနျင့် ချိတ် ဆက်လက်တွဲပေးသော ကုမ္ပဏီတစ်ခုဖြစ်သည်။
"သူတို့တွေဟာ ၄၈ နာရီအတွင်းမှာ ကျွန်မတို့ရဲ့ စီးပွားရေးအခက်အခဲတွေကို် နည်းပညာ
အကူအညီဖြင့် ဖြေ ရှင်းပေးနိုင်တယ်။ အဲ့အတွက် ကျွန်မတော့ ယုံတောင်မယုံနိုင်ပါဘူး။ ဒီလို
နည်းပညာတွေက ရတဲ့ ရလာဒ်တွေ နဲ့ဆိုရင် ကျွန်မတို့ ကုမ္ပဏီဟာ စားသုံးတဲ့ မိဘပြည်သူများနိုင်
သမျှ များများကို ၀န်ဆောင်မှုတွေ ပိုပေးနိုင် ပြီး လုပ်ငန်းလည်ပတ်တဲ့နေရာမှာလည်း ပိုတွင်ကျယ်
လာတော့မှာဖြစ်ပါတယ်"ဟု ဖရက်စ်ကို၏ ပိုင်ရှင်တစ်ဦး ဖြစ်သူ မချိုချိုက နည်းပညာရလဒ်အပေါ်
တွင် မှတ်ချက်ချသည်။
"ကျွန်တော်တို့ဘက်က နည်းပညာနဲ့ အဖြေရှာတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုရင် ကျွန်တော်
လုပ်ခဲ့တာပေါ့။ နေပြည်တော် လယ်ဝေးတို့လို နေရာမျိုးမှာ တောင်သူလယ်သမားတွေရဲ့ စိုက်ကွင်း
ထဲမှာ နေစဉ်ကြံုနေရတဲ့ အခက်အခဲ တွေကို ဘယ်လိုပုံစံနဲ့ ဖြေရှင်းရမလဲ စဉ်းစားတယ်။ အဲ့တော့
ကျွန်တော်တို့ အရင်ဆုံး အင်န်ဂျီအို လို အဖွဲ့ အစည်းမျိုးတွေဆီ အရင်စစ်တမ်းကောက်တယ်။
အဲ့လိုနေရာမျိုးမှာ လယ်သမားတွေ အနေနဲ့ စမတ် ဖုန်းသုံးနိုင်တဲ့ လူအရေအတွက်ကို စုံစမ်းတယ်။
နောက်အဲ့နေရာမှာ အင်တာနက် မိသလားဆိုတဲ့အချက်၊ ကဲ အဲ့တာတွေပြည်စုံပြီ စမတ်ဖုန်းလည်း
လယ်သမားများအများက သုံးနိုင်နေကြတယ်ဆိုတော့။ နောက်သူတို့ ဆီမှာ စပါးပင်ကို ဖျက်တဲ့ပိုး
တွေပြီဆိုပါတော့ သူ့အနေနဲ့ အဲ့ဒီပိုးကို ဓာတ်ပုံရိုက်လိုက်ရမယ် နောက်ပြီး ဖေ့စ်ဘွတ် လိုပုံစံမျိုး
ကျွန်တော်တို့ ဖန်တီးထားတဲ့ ဖုန်းဆော့ဝဲလ်အကူအညီ နဲ့ ကျန်တဲ့ လယ်သမားတွေက လည်း
သူတို့ဖုန်းတွေမှာ မြင်ရမယ်။ ဒါဆိုရင် ဒီပိုးက ဘာပိုးလဲဆိုတာသိတဲ့သူက ကောမန့်ပေးလိုက်တာနဲ့
မသိတဲ့တစ်ဘက်က ဘာလုပ်ရမယ်ဆိုတာ သိသွားပြီ။ ဒီလိုပုံစံတွေပါ"ဟု ဟက်ကသွန်၏
ပြောရေးဆိုခွင့်ရှိသူ ဆော့ဝဲလ် Developer ကိုအာကာမင်းအောင်က ပြိုင်ပွဲအတွက် ရှင်းပြခဲ့သည်။
အဆိုပါပြိုင်ပွဲကို အမ်အိုင်တီကို စတင်တည်ထောင်သူနှင့် နာယကဖြစ်သော ဒေါက်တာထွန်းသူရ
သက်၊ Ace Plus Solutions မှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်မွန်မွန်မြင့်သူ၊ JFDI Asia ၏ တွဲဖက်
တည်ထောင်သူ အမှု ဆောင်အရာရှိချုပ် Mr.Hugh Mason နှင့် Tech in Asia မှ တိုးတက်ဖွံ့ဖြိုးမှု
ဌာန၏ ဌာနမှူး Gwen Regina Tan တို့က ဒိုင်များအဖြစ် အဆုံးအဖြတ်ပေးခဲ့ကြပြီး၊ ပြိုင်ပွဲတွင်
ပထမဆုကို ဒေါ်လာနှစ်ထောင်နှင့် လက်ဆောင်စာအုပ်များ၊ ဒုတိယဆုကို ဒေါ်လာတစ်ထောင်၊
စမတ်ဖုန်းတစ်လုံးစီနှင့် ပညာသင်ဆုအဖြစ် အင်္ဂလိပ်စာသင်တန်းနှစ်ခုအား တက်ရောက်ခွင့်၊
တတိယဆုကို ဒေါ်လာ ငါးရာ၊ စမတ်ဖုန်းတစ်လုံးစီ အင်္ဂလိပ် စာသင်တန်းတစ်ခုအား တက်ရောက်
ခွင့်တို့ဖြင့် ဆုချီးမြှင့်ခဲ့ကြပြီး စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၂၄ သင်း ပါ၀င် ယှဉ်ပြိုင်ခဲ့ကြသည်။

















