စမတ်နာရီတို့၊ မိုဘိုင်းငွေပေးချေမှုစနစ်တို့ဆို တာ အခုမှ ပထမဦးဆုံးအကြိမ် ထွက်ပေါ်လာ
တာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒါတွေကို ပြန်ပြီး တီထွင်ဖန်တီးဖို့အတွက် အက်ပဲလ်ကတော့ သူ့ရဲ့
ဈေးကွက်စွမ်းအားနဲ့ ပုံစံပိုင်းနဲ့ တီထွင် ဆန်းသစ်မှုပိုင်းဆိုင်ရာ သူ့ရဲ့သဘောထား တွေကို အသုံး
ချဖွယ်ရာရှိပါတယ်။ ထုတ်ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အသိ ပေးကြေညာမှုတွေ ဆက်တိုက်
ပြုလုပ်ခဲ့တဲ့ အက်ပဲလ်ဟာ ထုတ်ကုန်အသစ်တွေ ထပ်မ ထုတ်ဘဲ ရှိနှင့်ပြီးသား ပစ္စည်းတွေကို
စားသုံးသူ တွေအတွက် မရှိမဖြစ် ပစ္စည်းဖြစ်လာစေဖို့ အတွက် ပြန်လည်မွမ်းမံပြီး ပြည့်စုံကောင်း
မွန် အောင် ကြိုးပမ်းလေ့ရှိတဲ့သူ့ရဲ့ ပုံသေနည်း အတိုင်း ပြန်လုပ်လာနေတာကို တွေ့ရပါ တယ်။
"သုံးနှစ်လောက် နားနေပြီးတဲ့နောက်မှာ ဆန်းသစ်တီထွင်မှုပြုလုပ်လာတာတွေကို ပြန်ပြီးတွေ့
လာရပါပြီ" လို့ ၂၀၁၁ ခုနှစ်မှာ ပူးတွဲ တည်ထောင်သူ စတိဗ်ဂျော့ကွယ်လွန်သွား ပြီးနောက်ပိုင်း
ကာလကို ရည်ညွှန်းပြီး Equities Research မှ Tro[ Chowdhry က ပြောသည်။
စက်တင်ဘာလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ပွဲ မှာ အက်ပဲလ်ဟာ သူ့ရဲ့ ပထမဦးဆုံးစမတ် နာရီနဲ့
မျက်နှာပြင်ခပ်ကြီးကြီး အိုင်ဖုန်းဗားရှင်း အသစ်နှစ်မျိုးနဲ့အတူ အဲဒီပစ္စည်းတွေနဲ့ လိုက်ဖက်တဲ့
မိုဘိုင်းငွေပေးချေစနစ်တစ်ရပ်ကို ပွဲထုတ်ပြသခဲ့ပါတယ်။ Chowdhry က Apple Watch ကို
ရှေ့ဆောင် တီထွင်မှုတစ်ခုအဖြစ် သတ်မှတ်ထားပြီး ဂူးဂဲလ် ရဲ့ Android Wear ဆော့ဖ်ဝဲတွေကို
အသုံးပြု ထားတဲ့ Pebble၊Samsung Gear နဲ့ Motorola 360 တို့လို ပြိုင်ဘက်ပစ္စည်းတွေနောက်
မှ ထွက်လာတာဖြစ်ပေမယ့် အဲဒါတွေထက် ပိုကောင်းတယ်လို့ သူက ပြောပါတယ်။
"အခုအချိန်အထိတော့ သုံးစွဲသူတွေကို အဆင်ပြေမှုရရှိစေတဲ့အပိုင်းမှာ Apple Watch ကို
ဘယ်အန်းဒရွိုက်ပစ္စည်းကမှ မမီ သေးပါဘူး" လို့ မှတ်ချက်တစ်ခုမှာ သူက သုံးသပ် ပြောကြား
ထားပါတယ်။ အိုင်ဖုန်းအသစ် ဒါမှမဟုတ် စမတ်နာရီကို သုံးစွဲသူတွေအသုံးပြုဖြစ်စေမယ့် မိုဘိုင်း
စနစ်တစ်ခုဖြစ်တဲ့ Apple Pay ဟာ ဖုန်းတွေမှာ ထည့် လို့ လွယ်ကူပြီး လုံခြံုမှုလည်းရှိတာကြောင့်
တစ်ဟုန်ထိုးအောင်မြင်မှုရနိုင်ပြီး သုံးစွဲသူတွေ သူတို့ဟန်းဆက်ကို အသစ်လဲဖြစ်ဖို့အတွက်
အကြောင်းတစ်ရပ်လည်း ဖြစ်လာနိုင်စေလိမ့် မယ်လို့ လေ့လာသူတွေက ခန့်မှန်းထားကြ ပါတယ်။
ABI Research က သုတေသီတစ်ဦးဖြစ် တဲ့ ဂျိုနသန်ကောလင်းစ်က အက်ပဲလ်ဟာ ၀တ်ဆင်
စရာနည်းပညာပစ္စည်းကဏ္ဍကို သူ့ရဲ့စမတ်နာရီနဲ့ တိုးတက်မှုရှိလာစေနိုင် တယ်လို့ သုံးသပ်ထား
ပါတယ်။
"ကုမ္ပဏီရဲ့အစွမ်းနဲ့ ဈေးကွက်အတွင်းလက်ခံနိုင်မှုအနေအထားအပြင် သူ့အမှတ်တံဆိပ်ရဲ့ အင်အား
အရ ဒါကို လျှော့တွက်လို့ မရဘူး" လို့ ကောလင်းစ်က သူ့ရဲ့ မှတ်ချက်ထဲ မှာ ပြောထားပါတယ်။
"အက်ပဲလ်ဟာ သုံးစွဲသူတွေအများကြီး ကို ဆွဲဆောင်ထားတဲ့ လက်ရှိသုံးစွဲနေဆဲ နည်းပညာတွေ
ပြုလုပ်ရာမှာ ထင်ရှားတဲ့ သမိုင်းကြောင်းရှိပြီး သူ့ရဲ့ ထုတ်ကုန်ပစ္စည်း ကို ပိုကျယ်ပြန့်တဲ့ ဈေးကွက်
တစ်ခုဖြစ်လာ အောင် ဆက်လက်အကောင်အထည်ဖော်နေ ပါတယ်" လို့လည်း သူက သုံးသပ်
ပေးထားပါ တယ်။
Forester Research က J.P Gownder ကလည်း "အက်ပဲလ်ဟာ ၀တ်ဆင်စရာ နည်း ပညာ
ပစ္စည်းအမျိုးအစားဈေးကွက်ကြီးကို ဖန်တီးပေးနိုင်လိမ့်မယ်" လို့ သုံးသပ်ထား ပါတယ်။ ငွေပေးချေ
မှုစနစ်ကို ပုံစံအသစ် ပြန်ဖော်ပေးခြင်း Apple Pay ဟာ ကုမ္ပဏီရဲ့ နယ်ပယ်အတွင်း လူတွေပိုပြီး
ပါ၀င်ပတ်သက်လာစေတဲ့ လိုရာ သုံးဖဲချပ်တစ်ချပ် ဖြစ်လာနိုင်ပါတယ်။ အဓိက ဘဏ်ကြီးတွေနဲ့
လက်လီဖြန့်ချိသူတွေတန်းစီနေတာကြောင့် အက်ပဲလ်ဟာ တခြားမိုဘိုင်းငွေချေစနစ်တွေ ရင်ဆိုင်
နေရတဲ့ အခက်အခဲအတားအဆီးတော်တော်များများကို ကျော် လွှားပြီး ဖြစ်ပုံရပါတယ်။
"အက်ပဲလ်ဟာ ငွေပေးချေမှုလုပ်ငန်းကို ပုံစံအသစ်ပြန်ဖော်ထားပြီးပြီလို့ ကျွန်တော် ထင်ပါတယ်"
လို့ Barclays က သုတေသီ တစ်ဦးဖြစ်တဲ့ Benjamin Reitzesက အက်ပဲလ် ရဲ့ ပါတနာတွေနဲ့
ငွေပေးချေမှုစနစ်ရဲ့ လုံခြံုမှုရှိပုံတွေကို ကိုးကားပြီး ပြောပါတယ်။ Ovum သုတေသနကုမ္ပဏီက
Eden Zoller ကလည်း "အက်ပဲလ်ဟာ မိုဘိုင်းငွေပေးချေမှု စနစ်ကို ဈေးကွက်တင်ရာမှာ
နည်းပညာ တစ်ရပ်အနေနဲ့သာမက ပစ္စည်းနဲ့ ၀န်ဆောင်မှု တွေအတွက် ငွေပေးချေရာမှာ
ကိုယ့်ဖုန်းက နေ လျင်မြန်လွယ်ကူစွာပေးချေနိုင်ပြီး ပျော်စရာ လည်းကောင်းတာကို ထိထိရောက်
ရောက် သက်သေပြနိုင်လိမ့်မယ်" လို့ သုံးသပ်ထားပါ တယ်။
"အက်ပဲလ်က ခပ်မိုက်မိုက်လုပ်ဆောင် ချက်တွေကို အိုင်ဖုန်းမှာ ထည့်ပေးတဲ့အခါ လူ တွေက
အဲဒါတွေကို အသုံးပြုလေ့ရှိကြပါ တယ်။ အဲဒါတွေဟာ အလုပ်ဖြစ်တဲ့နည်းပညာ တစ်ရပ်အဖြစ်
(Near field communication) အင်န်အက်ဖ်စီရဲ့ အနာဂတ်အတွက် အရေး ပါပါတယ်" လို့
Zoller က ပြောပါတယ်။
"တကယ် လို့ သုံးစွဲသူတွေက အနီးအနားမှာရှိတဲ့ ငွေပေး ချေမှုတွေအတွက် အင်န်အက်ဖ်စီကို
စတင် အသုံးပြုလာပြီဆိုရင် ကုန်သည်တွေလည်း အဲဒီမှာ ရင်းနှီးမြှုပ်နှံဖို့ ပိုပြီး အသင့်ဖြစ်လာ
ကြမှာပါ။ ဒါက အင်န်အက်ဖ်စီကို အလုပ်ဖြစ် လာစေတဲ့ အဓိက အချက်တစ်ချက်ပါ" လို့ သူက
ပြောပါတယ်။ ပေါင်းစပ်ထားသည့် မူဝါဒ Credit Suisse သုတေသနကုမ္ပဏီမှ binder
Garchaက Apple Pay ကနေ ၀င်ငွေသိသိသာသာမရရင်တောင် ဒါဟာ ဟာ့ဒ်ဝဲ၊ဆော့ဖ်ဝဲနဲ့
၀န်ဆောင်မှုတွေကို ပေါင်းစပ်ထား တဲ့ အက်ပဲလ်ရဲ့ ဗျူဟာနဲ့ အံကိုက်တော့ဖြစ်ပါတယ်လို့
ပြောပါတယ်။
"မိုဘိုင်းငွေပေးချေမှုစနစ်ဟာ အိုင်အိုအက်စ်ဂေဟစနစ်နဲ့ ဟာ့ဒ်ဝဲရောင်းအားတွေ ကို ပြန်ပြီး
တိုးတက်မှုရှိလာနိုင်ဖွယ်ရာရှိတယ် လို့ ယုံကြည်ထားကြပါတယ်" လို့ Garcha က ပြောပါတယ်။
"အက်ပဲလ်ရဲ့ ဟာ့ဒ်ဝဲ၊ဆော့ဖ်ဝဲနဲ့ ၀န်ဆောင် မှုတွေကို ပေါင်းစပ်ထားတဲ့ပုံစံနဲ့ ထုတ်ကုန် ပစ္စည်း
တွေကြား ပေါင်းစပ်ထားမှုဟာ သူ့ပြိုင်ဘက်တွေနဲ့ ယှဉ်လိုက်ရင် မဟာဗျူဟာကျတဲ့ အကျိုး
ကျေးဇူးတွေကို ဖြစ်ပေါ်စေပါတယ်" လို့လည်း သူက ပြောပါတယ်။
လက်လီအရောင်းဆိုင်တွေရဲ့ credit card terminal တွေမှာ ဟက်ကာတွေရဲ့ အချက် အလက်
၀င်ရောက်ခိုးယူမှုခံရတဲ့ မကြာသေးခင်က သတင်းတွေကြောင့် အွန်လိုင်းငွေပေး ချေမှုစနစ်တစ်ရပ်
အတွက် အချိန်အခါသင့် နေပြီလို့ Opus Research က Greg Sterlingက ပြောပါတယ်။
"Apple Pay ဟာ တစ်မူထူးခြားတဲ့ စနစ် တစ်ခုဖြစ်လာဖို့ အဆင်သင့်ဖြစ်နေပါပြီ" လို့ Google
Wallet လို တခြားစနစ်တွေ ရင်ဆိုင် နေရတာတွေကို ဖော်ပြရင်း သူ့ရဲ့ ဘလော့ပို့စ် မှာ ရေးထား
ပါတယ်။ Apple Pay ကို Canaccord Genuity က Michael Walkley ကလည်း လက်ခံကြိုဆို
ထားပါတယ်။ "မိုဘိုင်းငွေပေးချေမှုစနစ်ကို အသုံးပြုတဲ့သူအရေအတွက်က အခုအချိန်မှာ နည်းနေ
aပမယ့်လည်း အက်ပဲလ်ရဲ့နည်းဗျူဟာနဲ့ Apple Pay ဟာ အွန်လိုင်းငွေပေးချေမှုဈေးကွက်
တိုးတက်လာအောင် ဆောင်ရွက်ပေးနိုင် လိမ့် မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်"
လို့ သူက ပြောပါတယ်။
(အေအက်ဖ်ပီ)

















