အိုင်ဖုန်းသစ်အလုံးရေ ၁၀ သန်းကျော် ရက်ပိုင်းအတွင်း ရောင်းရ

အိုင်ဖုန်းသစ်အလုံးရေ ၁၀ သန်းကျော် ရက်ပိုင်းအတွင်း ရောင်းရ

အိုင်ဖုန်းသစ်များအား စတင်ရောင်းချ သည့် ယခုလ ၁၉ ရက်နေ့က ဂျပန် နိုင်ငံ၊ တိုကျိုမြို့ရှိ
ပထမဆုံး ၀ယ်ယူခွင့်ရရှိခဲ့သည့် Mr.Butch  နှင့် ဂျပန် အဆိုတော် Sayaka Kanda တို့အား
ဆိုင်ရှေ့တွင် iPhone 6  နှင့် iPhone 6 Plus တို့နှင့်အတူ တွေ့ရစဉ်။ ပထမဆုံးစတင်
ရောင်းချသည့် ရက်သတ္တပတ်တွင်ပင် အိုင်ဖုန်းသစ် ၁၀ သန်းကျော်ရောင်းချခဲ့ရကြောင်း
အက်ပဲလ်က ထုတ်ပြန်ကြေညာ ခဲ့သည်။

အိုင်ဖုန်းသစ်များကို ယခုလ ၁၉ ရက်နေ့မှ စတင်ကာ အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါ၊
ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ ဂျပန်၊ ပူအာတိုရီကိုနှင့် စင်ကာပူတို့တွင် စတင်ရောင်းချခဲ့ပြီး ယခု
လ ၂၆ ရက်နေ့တွင် အခြားနိုင်ငံ ၂၀ ၌ ထပ်မံရောင်းချမည်ဖြစ်ကာ နှစ်ကုန်တွင် နိုင်ငံပေါင်း ၁၁၅
နိုင်ငံ၌ ရောင်းချသွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်