အင်တဲလ်က ယခုနှစ်အတွင်း ဆရာဆရာမ ၁၂၀ ကို သင်ကြားပေးမည်

အင်တဲလ်က ယခုနှစ်အတွင်း ဆရာဆရာမ ၁၂၀ ကို သင်ကြားပေးမည်

အင်တဲလ်ကော်ပိုရေးရှင်းနှင့် ပညာရေးဝန်ကြီး ဌာနတို့ ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ပထမဦးဆုံး
အကြိမ်ဖြစ်သည့် Intel Teach Program Getting Started (ITGS) သင်တန်း၏ Master
Teacher Training တွင် ဆရာ၊ ဆရာမ အယောက် ၄၀ အား ဩဂုတ်လအတွင်း က သင်ကြား
ပေးခဲ့ပြီး ယခုနှစ်အတွင်း နောက်ထပ်သင်တန်း နှစ်ခု ဆက်လက် ပို့ချပေးသွားမည်ဖြစ်ကာ
နှစ်အကုန်တွင် ဆရာ၊ ဆရာမ ၁၂၀ ထိသင်ကြားပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ရန်ကင်းပညာရေး ကောလိပ်တွင် သုံးရက်ကြာပို့ချပေးခဲ့ပြီး ဆရာ၊ ဆရာမများ၊
ပညာရေးဝန်ထမ်းများနှင့် တက္ကသိုလ်မှ ကထိကများ တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

"ဒီသင်တန်းက ဆရာ၊ ဆရာမတွေကို ကျောင်းသားတွေ အနာဂတ်မှာ ဖန်တီးဆန်းသစ် နိုင်တဲ့
အရည်အချင်းရှိလာအောင် သင်ကြား ပို့ချပေးတဲ့ သင်တန်းဖြစ်ပါတယ်။ စာသင်ခန်း မှာ ဆရာ၊
ဆရာမတွေက ကွန်ပျူတာနဲ့ ဆော့ဖ်ဝဲ တွေ စတင်အသုံးပြုလာနိုင်အောင် လေ့ကျင့် ပေးတာပါ။
အင်တဲလ်နဲ့ ပူးပေါင်းမှုကလည်း မြန်မာနိုင်ငံ ပညာရေးကဏ္ဍတိုးတက်လာစေ မှာ ဖြစ်ပါတယ်။
အနာဂတ် ဒစ်ဂျစ်တယ်ကမ္ဘာ မှာ မရှိမဖြစ်လိုအပ်တဲ့ စကေးတွေကို ကြိုတင် ပြင်ဆင်သင်ကြား
ပေးတဲ့ သင်တန်းတစ်ခု လည်းဖြစ်ပါတယ်" ဟု ပထမဦးဆုံးသင်တန်း တွင် သင်ကြားပို့ချပေးခဲ့သူ
Mr.Le Huy Lam ကပြောသည်။

ထိုအစီအစဉ်မှတစ်ဆင့် ဆရာမ ၄၀ ဦးသည် ၂၁ ရာစုတွင်အခက်အခဲများကို ကိုင်တွယ် ဖြေရှင်း
နည်း၊ နည်းစနစ်တကျ တွေးခေါ်နည်း နှင့် ကျောင်းသားများနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်
ခြင်း နည်းလမ်းများအား ၎င်းတို့ ၏ သင်ရိုးညွှန်းတန်းများတွင်နည်းပညာကို ထိရောက်စွာ အသုံးပြု
၍ အခြားဆရာ၊ ဆရာမ များကို ပြန်သင်ကြားပေးနိုင်မည်ဖြစ်သည်။

"ဆရာ၊ ဆရာမတွေဆိုတာ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ပြောင်းလဲမှုကြီးကြီး မားမား
ပေးနိုင်သူတွေပါ။ ဒီလိုမျိုး ဆရာ ဆရာမတွေကို ကူညီပံ့ပိုးပေးနိုင်ပြီး ဒစ်ဂျစ်တယ် ဆိုင်ရာ ကျွမ်း
ကျင်မှုကို ပေးနိုင်ခဲ့ပါတယ်။ ဒီအစီအစဉ်က ကျောင်းသားတွေရဲ့ အနာဂတ် ကို အကျိုးသက်ရောက်
စေပြီး နိုင်ငံတစ်နိုင်ငံ ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိရောက်စေပါ တယ်" ဟု အင်တဲလ်၏ အရှေ့
တောင်အာရှ Coporate Affairs Director ဖြစ်သူ Abdul Rahman Abu Haniffa က
ပြောသည်။

Intel Tech သည် အင်တဲလ်မှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြုှပ်နှံနေ သော
ပညာရေးဆိုင်ရာလုပ်ငန်းများမှ အစီ အစဉ်တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်း ပညာရေး စနစ် တိုးတက်
ရေး ဆောင်ရွက်လျက်ရှိသည်။ ယခုအချိန်အထိ ထိုအစီအစဉ်ကို အာဂျင် တီးနား၊ ဘရာဇီး၊
တရုတ်၊ ကော်စတာရီကာ၊ အင်ဒိုနီးရှား၊ မက္ကဆီကို၊ နိုက်ဂျီးရီးယား၊ ပါက စ္စတန်၊ ဖိလစ်ပိုင်၊
ဗီယက်နမ်နှင့် ယခု မြန်မာ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ရ၀ တွင် သင်ကြားပို့ချပေးလျက် ရှိသည်။

အင်တဲလ်သည် ကမ္ဘာပေါ်တွင် ကွန်ပျူတာ စနစ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုတွင် ဦးဆောင်
နေသော ကုမ္ပဏီတစ်ခုဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်