လူငယ်၊ လူရွယ်မှအစ အားလုံးတက်ရောက် သင်ယူနိုင်မည့် တယ်လီကွန်းဘာသာရပ် များ
သင်ကြားပေးသော သင်တန်းများကို ဟာဝေးနှင့် ကေအမ်ဒီကုမ္ပဏီတို့ ပူးပေါင်း KMD Training
Center များတွင် ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။
"အခုအချိန်က မြန်မာနိုင်ငံမှာ အိုင်တီနည်းပညာများသာမကပဲနဲ ့မိုဘိုင်းတယ်လီကွန်မြူနီကေးရှင်း
နည်းပညာများ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် လိုအပ်နေပြီ ဖြစ်တယ် ဆိုတာကို လူတိုင်းသိပြီးသားဖြစ်
မှာပါ။ အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကေအမ်ဒီက ဟာဝေးနဲ့ ပူးပေါင်း ပြီးတော့
တယ်လီကွန်မြူနီကေးရှင်းနည်း ပညာနဲ့ ပတ်သက်တဲ့ တွေကို မကြာမီဖွင့်လှစ်သင်ကြားပေးသွား
တော့ပါမယ်" ဟု KMD ကုမ္ပဏီမှ ကျောင်း အုပ်ဖြစ်သူ ဒေါ်မိုးပလဲက ပြောသည်။
ထိုဘာသာရပ်များကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ ဘွဲ့ရရှိပြီးသူများ နှင့် စိတ်ဝင်စားသူ
မည်သူမဆို တက်ရောက် နိုင်သည့်အပြင် တယ်လီကွန်းနယ်ပယ်တွင် တစ်သီးပုဂ္ဂလလုပ်ကိုင်နေကြ
သူများလည်း တက်ရောက်နိုင်မည် ဖြစ်သည်။
အဓိက အားဖြင့် လူငယ်လူရွယ်များ၊ တယ်လီကွန်း နယ်ပယ်တွင် အလုပ်အကိုင်အခွင့်အလမ်း များ
တိုးတက်စေရန်နှင့် မြန်မာနိုင်ငံ၏ တယ်လီကွန်းအော်ပရေတာများနှင့် SubContractor များအနေ
ဖြင့် ကျွမ်းကျင်ဝန်ထမ်း များရှာဖွေရာတွင် လွယ်ကူရန်ရည်ရွယ်သင်ကြားပေးခြင်း ဖြစ်သည်။
"စတင်ဖွင့်လှစ်မယ့်သင်တန်းများက တော့ တယ်လီကွန်းနဲ့ ပတ်သက်တဲ့ အခြေခံ မရှိသူများ
စတင်ပြီးတက်ရောက်နိုင်ရန် တယ်လီကွန်းဘာသာရပ်များကို အခြေခံ မှစပြီး အသေးစိတ် သင်ကြား
ပေးသွား မှာဖြစ်ပါတယ်။ ၁၀ တန်းအောင်မြင်ပြီး သူတိုင်း တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
တယ်လီကွန်းနဲ့ ပတ်သက်တဲ့ အခြေခံရှိသူ တွေအတွက် အဆင့်မြင့်ဘာသာရပ်များ ကိုလည်း
သင်ကြားပေးသွားမှာဖြစ်ပါ တယ်။ စာတွေ့နဲ ့လက်တွေ့ပူးပေါင်းပြီး သင်ကြားပေးမှာဖြစ်တဲ့အတွက်
ကြောင့် ဟွာဝေး equipment များကို အသုံးပြုနိုင် တဲ့အပြင် အခြားသော equipment များကို
လည်း အသုံးချသွားနိုင်အောင် သင်တန်း မှာပို့ချသွားမှာ ဖြစ်ပါတယ်" ဟု ဒေါ်မိုးပလဲ က ပြောသည်။
သင်တန်းပြီးဆုံးသွားသည့်အချိန်တွင် တယ်လီကွန်းလုပ်ငန်းများတွင် တိုက်ရိုက် လုပ်ငန်းဝင်ရောက်
နိုင်မည့် အရည်အချင်း ရှိသူတစ်ဦးအဖြင့် အလုပ်ဝင်ရောက်နိုင် မည်ဖြစ်သည့်အပြင် ဟာဝေး၏
အင်တာ နေရှင်နယ် အွန်လိုင်းစာမေးပွဲများကို လည်း ၀င်ရောက်ဖြေဆိုနိုင်ရန်စီစဉ်ပေးသွားမည်
ဖြစ်သည်။
အောက်တိုဘာလ ၁ ရက်နေ့တွင် HCNG (Huawei Certified Network Graduate) နှင့်
MMB (Mobile Broad-band Network)သင်တန်းများကို မြေနီကုန်းကေအမ်ဒီတွင် စတင်ဖွင့်
လှစ်ပေး သွားမည်ဖြစ်ပြီး HCNF သင်တန်းတွင် အိုင်စီတီ အခြေခံ၊ Core Network၊ Access
Network ၊ Transmission Network နှင့် ဂျီအက်အမ်၊ ဒဗ္ဗလျူစီဒီအမ်အေ ဘာသာ ရပ်များကို
သင်ကြားပေးမည်ဖြစ်ကာ သင်တန်းကာလမှာ သုံးလ ဖြစ်သည်။
ထို့ပြင် MMB သင်တန်းတွင် BTS တပ်ဆင်ခြင်း၊ Mobile Tower တပ်ဆင် ခြင်းများကို စာတွေ့၊
လက်တွေ့တစ်လ သင်ကြားပေးမည့်အပြင် ဟာဝေးမှ ကျွမ်း ကျင်အင်ဂျင်နီယာများကလည်း
လုပ်ငန်း ခွင်အတွေ့အကြံုများကို ဆွေးနွေးသင်ကြား ပေးမည်ဖြစ်သည်။
















