နိုင်ငံတကာသို့ အင်တာနက်မှတစ်ဆင့် ဖုန်းခေါ်ဆိုနိုင်သော ၀ိုင်တော့ခ်အတွက် ငွေပေးချေမှုစနစ်
အား ကတ်စနစ်မှ ဒစ်ဂျစ် တယ်စနစ်သို့ အောက်တိုဘာလမှ စတင် ကာ ပြောင်းလဲသွားမည် ဖြစ်
ကြောင်း ဗီအမ် ဂျီတယ်လီကွန်း ကုမ္ပဏီမှ Sale and Marke- ting Supervisor ဖြစ်သူ
ဦးဇော်ပြည့်မှူးက ပြောသည်။
"ကတ်လုပ်ရတဲ့စရိတ်က ဈေးကြီးတယ်။ ကတ်လုပ်ရတဲ့ စရိတ်ကတစ်ကတ်ကို ကျပ် ၅၀၀ လောက်
ရှိတယ်။ အဲဒီတော့ ကတ်စနစ် ကနေ ဒစ်ဂျစ်တယ်စနစ်အနေနဲ့ လုပ်သွား ဖို့ ရှိတယ်။ ကျွန်တော်
တို့ရဲ့ အရောင်း ကိုယ်စားလှယ်ဆိုင်တွေမှာ ဒစ်ဂျစ်တယ်စက် ကလေးတွေ ထားပေးသွားမယ်။
ပြီးရင် မိုဘိုင်းဆိုင်တွေမှာလည်း စက်ကလေးတွေ ထားပေးသွားမယ်။ သုံးစွဲသူတွေက မိုဘိုင်း
ဆိုင်တွေ ကျွန်တော်တို့ရဲ့ အရောင်းကိုယ် စားလှယ်ဆိုင်တွေမှာ ဒစ်ဂျစ်တယ်စနစ်နဲ့ ၀ိုင်တော့ခ်
စနစ်ကို ၀ယ်လို့ရပါမယ်။ အဲဒီဝန်ဆောင်မှုကို အောက်တိုဘာ ဒုတိယ အပတ်မှာ ၀န်ဆောင်မှု
ပေးနိုင်မယ်လို့ တော့ ထင်ပါတယ်" ဟု ၎င်းက ပြောသည်။
ထိုသို့ပြောင်းလဲ လိုက်ခြင်းအားဖြင့် ၀ိုင်တော့ခ်သုံးစွဲသူများသည် ဈေးနှုန်း သက်သာမှုရှိပြီး ခေါ်ဆို
ချိန်များပိုမိုရရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ "ဒစ်ဂျစ်တယ်စနစ်ပြောင်းလိုက်ရင် ၀ိုင်တော့စ်
သုံးစွဲသူတွေအတွက် ဈေးနှုန်းက သက်သာသွားမယ်။ နောက်ပြီး ဖုန်းခေါ်ဆို ချိန်အခုထက်မက
တိုးပြီး ဆက်သွယ်လို့ရ မယ်။ နောက်ပြီး ၀ိုင်တော့ခ်အက်ပလီကေးရှင်းသုံးတဲ့သူများကလည်း
အော်ပရေတာတိုင်းရဲ့ နက်ဝါ့ခ်နဲ့ အသုံးပြုလို့ရမယ်" ဟု ၎င်းက ပြောသည်။
ယခုအခါတွင် ဒစ်ဂျစ်တယ်စနစ်ပြောင်း လဲမည်ဖြစ်သည့်အတွက်ကြောင့် ၀ိုင်တော့ International
Call Cards များအား ဆက် လက်ထုတ်လုပ်တော့မည် မဟုတ်ကြောင်း သိရသည်။
"ကျွန်တော်တို ့ဝိုင်တော့ခ် International Call Cards တွေကို ၂၀၁၂ ၀န်းကျင်လောက် ကစပြီး
တော့ ဈေးကွက်အတွင်းမှာ ၀န်ဆောင် မှုပေးနေခဲ့ပါတယ်။ အဲဒီတုန်းက စပြီး အသုံးပြုမယ့်သူက
International Call Cards အကောင့်ကတ်ကို ကျပ် ၁,၀၀၀ နဲ့ ၀ယ်ရတယ်။ ပြီးရင်အဲဒီက ပေးတဲ့
လက် ဆောင်ခေါ်ဆိုခ ကုန်သွားရင် သုံးစွဲသူတွေ က ငွေဖြည့်ကတ် စမနစငေိ ကတ် ဒေါ်လာ ၁၀
တန် ဒေါ်လာ ၃၀ တန် ကတ်တွေ ၀ယ်ပြီး ထည့်သုံးရတယ်။ အခုဒစ်ဂျစ်တယ်စနစ်ပြောင်းရင်တော့
ဈေးနှုန်းက အခုလက်ရှိ ဈေးတွေထက်များဖို့တော့ မရှိပါဘူး။ ဒီထက် နည်းသွားဖို့ ရှိပါတယ်" ဟု
ဦးဇော်ပြည့်မှူး က ပြောသည်။
လက်ရှိတွင် ဈေးကွက်အတွင်း၌ ၀ိုင်တော့ခ် ကတ်တွေ သုံးစွဲလိုသူများရှိနေသေးကြောင်း လူကြီးမင်း
မိုဘိုင်းဖုန်းအရောင်းဆိုင်မှ ဦးတင်အောင်လွင်က ပြောသည်။ "အဲဒီကတ်တွေကိုတော့ ကျွန်တော်
တို့ မရောင်းတော့ပါဘူး။ မရောင်းတာ တစ်ပတ် လောက်ရှိသေးတယ်။ အရင်ရောင်းခဲ့တုန်း က
ဆိုရင်တစ်လကို ၀ုိင်တော့ခ်ကတ် ၅၀ နီးပါး လောက်တော့ ရောင်းရတယ်။ လက်ရှိမှာ လည်း
၀ုိင်တော့ခ်ကတ်ကို ၀ယ်ချင်လို့လာ မေးကြသူတွေလဲ ရှိနေပါသေးတယ်" ဟု ၎င်းက ပြောသည်။
















