ပြည်ပအော်ပရေတာတစ်ခုဖြစ်သည့် တယ်လီနောက စက်တင်ဘာလ ၂၇ ရက်နေ့ မနက်
၁၀ နာရီ အချိန်ခန့်တွင် ဆင်းကတ်များကို မန္တလေးတွင် စတင်ဖြန့်ချိခဲ့ကြောင်း တယ်လီနော
မြန်မာမှ သိရသည်။
မန္တလေးတိုင်းရှိ မြို့ ခုနစ်မြို့တွင် တယ်လီနော၏ ၀န်ဆောင်မှုများကို အပြည့်အဝ ရရှိနိုင်မည်ဖြစ်ပြီး
အင်တာနက်အစီအစဉ် သည်လည်း ပြိုင်ဘက် ကုမ္ပဏီများကဲ့သို့ သမာရိုးကျ မဟုတ်ဘဲ အစီအစဉ်
နှစ်ခုဖြင့် ခွဲထွက်လာကြောင်း တယ်လီနောမှ သိရသည်။ အင်တာနက််အစီအစဉ်နှစ်ရပ်ဖြစ်သည့်
မိုင်အင်တာနက် (My Internet) နှင့် စမတ်အင်တာနက် (Smart Internet) တို့သည် မတူညီ
သည့် အင်တာနက်မြန်နှုန်းများဖြင့် သုံးစွဲသူများ ရရှိခံစားနိုင်မည်ဖြစ်သည်။
"ကျွန်တော်တို့ရဲ့ ဖုုန်းကတ်ကို ၀ယ်လိုက်တာနဲ့ တစ်ပြိုင်နက် ဖုန်းထဲမှာ အသင့်ပါလာမှာက မိုင်အင်
တာနက် ၀န်ဆောင်မှုက အသင့်ပါလာမှာဖြစ်ပြီး စမတ်အင်တာနက်ကို ပြောင်းသုံးမယ်ဆိုရင်လည်း
ပြောင်းသုံးနည်း တစ်ပါတည်း ပါလာမှာပါ။ နောက် တစ်ချက်က မိုင်အင်တာနက်မှာ အင်တာနက်
မြန်နှုန်းက ၃၀၀ ကေဘီပီအက်စ်(300 Kbps) ) ဖြင့် ရရှိမှာဖြစ်ပြီးတော့ စမတ်အင်တာနက် မှာတော့
အင်တာနက်မြန်နှုန်းက ၂ အမ်ဘီပီအက်စ် (2 Mbps) ဖြင့် ရရှိသုံးစွဲနိုင်မှာဖြစ်ပါတယ်" ဟု
တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က စက်တင်ဘာလ ၂၅ ရက်
နေ့က ပြောသည်။
မိုင်အင်တာနက်၏ အမြန်နှုန်းဖြင့် အသုံးပြုမည်ဆိုပါက ၁ မက်ဘ် ကို ၆ ကျပ် နှုန်းဖြင့် သုံးစွဲနိုင်
မှာဖြစ်ပြီး၊ စမက်အင်တာနက် အမြန်နှုန်းဖြင့် အသုံးပြုမည်ဆိုပါက ၁ မက်ဘ်ကို ၁၀ ကျပ်နှုန်းဖြင့်
ပြောင်းလဲသုံးစွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။ တယ်လီနောဆင်းကဒ်ဖြင့် ဖုန်းခေါ်ဆိုအသုံးပြုပါ
က မည်သည့် မိုဘိုင်းကွန်ယက်ကိုမဆို တစ်မိနစ်လျှင် ၂၅ ကျပ် ပုံသေဈေး ဖြင့် သတ်မှတ်ထားပြီး၊
မက်ဆေ့ချ်တစ်စောင်လျှင် ၁၅ ကျပ်နှင့် သတ်မှတ်ချိန်ကာလတစ်ခုအတွင်း ဖေ့စ်ဘွတ်ခ် အခမဲ့
အသုံးပြုခွင့်နှင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ၀ီကီပီးဒီးယား (အွန်လိုင်းစွယ်စုံကျမ်း) အား
အခမဲ့ အသုံးပြုနိုင်ခွင့် ၀န်ဆောင်မှုများရရှိမည့်အပြင် ကဒ်ဝယ်ပြီး ပထမဆုံး စတင်ငွေဖြည့်သည့်
အချိန်တွင်လည်း ၁၀၀၀ ငွေဖြည့်လိုက်ပါက ဖုန်းခေါ်ချိန် ၁၅ မိနစ်၊ ၃၀၀၀ ကျပ် ငွေဖြည့်သွင်းလိုက်
ပါက မိနစ် ၃၀၊ ၅၀၀၀ ကျပ် ငွေဖြည့်သွင်းလိုက်ပါက မိနစ် ၆၀၊ ၁၀၀၀၀ ငွေဖြည့်လိုက်ပါက မိနစ်
၁၂၀ အခမဲ့ ဖုန်းပြောနိုင်မည်ဖြစ်ပြီး အင်တာနက် အက်စ်အမ်အက်စ် မေတ္တာလက်ဆောင် များဖြင့်
သုံးစွဲသူများ ရရှိခံစားနိုင်မည်ဖြစ်ကြောင်း တယ်လီနောမှ သိရသည်။
"ကျွန်တော်တို့ရဲ့ ဆင်းကဒ်ကို မန္တလေးကိုဖြန့်ချိပြီး တစ်ပတ်အကြာတွင် နေပြည်တော်ကို စဖြန့်ပြီး၊
မန္တလေးကို စဖြန့်ပြီးနှစ်ပတ် အတွင်း ရန်ကုန်ကို စတင်ဖြန့်ချိသွားမည်ဖြစ်ပါတယ်။ မန္တလေးကို
စတင်ဖြန့်ချိပေးရခြင်းမှာလည်း မန္တလေးတွင် ရာသီဥတု ကောင်းမွန်မှုများက ကျွန်တော်တို့ရဲ့ အလုပ်
ကို အချိန်အတိုင်းအတာတစ်ခုအတွင်း မြန်မြန်ဆန်ဆန် ပြီး မြောက်စေပါတယ်။
ရန်ကုန်မှာက ဒီလိုမဟုတ်ဘဲ မိုးရွားပြီးရွာတာကြောင့် နှောင့်နှေးပါတယ်၊ မင်္ဂလာဒုံမှာက ပိုပြီးတော
ဆိုးရွားပါတယ်"ဟု အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က ဆက်လက်ပြောကြားခဲ့သည်။
နေပြည်တော်တွင် အောက်တိုဘာ ၄ ရက်နေ့နှင့် ရန်ကုန်တွင် ၁၁ ရက်နေ့တို့တွင် ဆင်းကဒ်များကို
ဖြန့်ဝေ သွားမည်ဖြစ်ပြီး မှတ်ပုံတင်တစ်ကဒ်လျှင် ဆင်းကတ် သုံးကတ် ၀ယ်ယူရရှိနိုင်မည်ဖြစ်
ကြောင်း၊ သို့သော်လည်း မန္တလေး တွင်ဖြန့်ချိထားသော ဆင်းကဒ်များကို ရန်ကုန်တွင် သတ်မှတ်
ရက်မတိုင်မီ သယ်ဆောင် လာပါက ဖုန်းပြော၍ရမည် မဟုတ်ကြောင်း သိရသည်။

















