တယ်လီနောဆင်းကဒ်များကို ၀ယ်ယူပါက ငွေဖြည့်ကဒ်ပူးတွဲဝယ်မှ ၀န်ဆောင်မှုစတင်မည်

တယ်လီနောဆင်းကဒ်များကို ၀ယ်ယူပါက ငွေဖြည့်ကဒ်ပူးတွဲဝယ်မှ ၀န်ဆောင်မှုစတင်မည်

တယ်လီနောဆင်းကဒ်များကို ၀ယ်ယူမည်ဆိုပါက ငွေဖြည့်ကဒ်ပူးတွဲဝယ်မှသာ ဖုန်းခေါ်ဆိုခြင်းဝန်
ဆောင်မှုနှင့် အခြားမေတ္တာလက်ဆောင် အပိုဆောင်းခေါ်ဆိုမှုများကို ရရှိနိုင်မည်ဖြစ်ကြောင်း
စက်တင်ဘာလ ၂၇ ရက်နေ့တွင် သတင်းရရှိသည်။

တယ်လီနောဆင်းကဒ်များကို အဓိက ဖြန့်ဝေမည့်မြို့ကြီးသုံးမြို့အနက်တွင် ပထမဆုံးအနေဖြင့်
စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်မှ စတင်ကာ မန္တလေးမြို့တွင် စတင်ဖြန့်
ဝေခဲ့ပြီး မြို့တွင်း ခုနစ်မြို့နယ်ရှိ တယ်လီနော တံဆိပ် တပ်ထားသော ဆိုင်များနှင့်၊ တယ်လီနော
တရားဝင်အရောင်းဆိုင် စုစုပေါင်း ၁၅၀၀ ကျော်ခန့်တွင် ဆင်းကဒ်များကို ရောင်းချပေးလျက်ရှိသော်
လည်း ၀ယ်ယူထားသောဆင်းကဒ်များကို အသုံးပြုရန် ပထမဦးဆုံးငွေကဒ်ဖြည့်သွင်းရန်လိုမည်
ဖြစ်၍ ဖြည့်သွင်းရာတွင် ၁၀၀၀ ကျပ်၊ ၃၀၀၀ ကျပ်၊ ၅၀၀၀ ကျပ် နှင့် ၁၀၀၀၀ အစရှိသဖြင့် ၀ယ်ယူ
ဖြည့်သွင်းနိုင်မည်ဖြစ်ပြီး ၁၀၀၀ ဖြည့်သွင်းပြီးပါက ဖုန်းခေါ်ဆိုမှု ၁၅ မိနစ် အခမဲ့ခေါ်ဆိုနိုင်ခြင်း
အပြင် အင်တာနက်နှင့် စတိုပို့ဝန်ဆောင်မှုများ၊ ၃၀၀၀ ဖြည့်သွင်းပြီးပါက မိနစ် ၃၀ အခမဲ့ခေါ်ဆိုမှု
အင်တာနက်နှင့် စာတိုပို့ဝန်ဆောင်မှု၊ ၅၀၀၀ ဖြည့်သွင်းပြီးပါက မိနစ် ၆၀ ခေါ်ဆိုမှုနှင့် အပိုဆောင်း
ခံစားခွင့်များနှင့် ၁၀၀၀၀ ကျပ် ဖြည့်သွင်းပြီးပါက မိနစ် ၁၂၀ အခမဲ့ခေါ်ဆိုမှုနှင့် အခြားခံစားခွင့်များ
ကို ရရှိနိုင်မည်ဖြစ်သည်။

သို့သော်လည်း ဆင်းကဒ်ကို သတ်သတ်ဝယ်ယူပါက ၀န်ဆောင်မှုများ ရရှိနိုင်မည်မဟုတ်ကြောင်း
သိရသည်။ မန္တလေးတွင်စတင်ပြီး နေပြည်တော်တွင် ၄ ရက်နေ့နှင့် ရန်ကုန်တွင် ၁၁ ရက်နေ့ဖြင့်
အသီးသီး ဆင်းကဒ်များကို ဖြန့်ဝေ သွားမည်ဖြစ်ပြီး မှတ်ပုံတင်တစ်ကဒ်လျှင် ဆင်းကတ် သုံးကတ်
၀ယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း၊ သို့သော်လည်း မန္တလေး တွင်ဖြန့်ချိထားသော ဆင်းကဒ်များကို
ရန်ကုန်တွင် သတ်မှတ်ရက်မတိုင်မီ သယ်ဆောင် လာပါက ဖုန်းပြော၍ရမည် မဟုတ်ကြောင်း
တယ်လီနောမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်