တောင်ကိုရီးယားကုမ္ပဏီ ဆမ်ဆောင်းဟာ သုံးစွဲသူတွေ စိတ်အားထက်သန်စွာနဲ့ စောင့် ဆိုင်းနေ
ကြတဲ့ မျက်နှာပြင်ကြီးစမတ်ဖုန်း ဂလက်ဆီနုတ် ဖိုး (Galaxy Note 4) စတင် မိတ်ဆက်ပေးမယ့်
ရက်ကို စက်တင်ဘာလ ၂၄ ရက်နေ့က အသိပေးခဲ့ရာမှာ အခရာကျ တဲ့ဈေးကွက်ဖြစ်တဲ့ တရုတ်
ဈေးကွက်မှာ သူ့ရဲ့ အဓိကပြိုင်ဘက် အက်ပဲလ်ထက် အရင် ရောင်းချပေးမယ်လို့ သိရပါတယ်။
သုံးစွဲသူတွေက ဆယ်လူလာဖုန်းမှာ ၀န်ဆောင်မှုမပေးနိုင်တာအပါအဝင် ချွတ် ယွင်းမှုတွေကို
အကြောင်းကြားလာခဲ့ကြပြီး တဲ့နောက် အက်ပဲလ်ဟာ အိုင်ဖုန်းမှာ အသုံး ပြုထားတဲ့ အိုင်အိုအက်စ်
ဆော့ဖ်ဝဲအတွက် အဆင့်မြှင့်ပေးထားတာတွေကို ရုတ်တရက် ပြန်ရုပ်သိမ်းခဲ့ရတာကြောင့်
ဆမ်ဆောင်းက စတင်ခဲ့တဲ့ စမတ်ဖုန်းနဲ့ တက်ဘလက်ပေါင်း စပ်ထားတဲ့ Phablet (ဖက်ဘလက်)
တွေ အပြိုင်အဆိုင်ထုတ်လုပ်ရေးမှာ အက်ပဲလ် ကတော့ အထစ်အငေါ့တွေ ကြံုတွေ့ခဲ့ရပါ တယ်။
အဆင့်မြှင့်ထားတဲ့ အိုင်အိုအက်စ်နဲ့ပတ်သက်တဲ့ အကြောင်းကြားမှုတွေ မထွက်ပေါ်ခင်မှာလည်း
မျက်နှာပြင်ကြီးကြီးနဲ့ ထုတ်လုပ်ပေးလာတဲ့ အိုင်ဖုန်းတွေနဲ့ ပတ် သက်တဲ့ အခက်အခဲတွေကို
လူမှုရေးကွန် ရက်တွေမှာ တော်တော်များများ ဖော်ပြထား ကြပါတယ်။ သိပ်မပွလွန်းမချောင်
လွန်းတဲ့ ဘောင်းဘီရှည်ကို ၀တ်ထားတဲ့အချိန် ဘောင်းဘီအိတ်ထဲ အိုင်ဖုန်းကို ထည့်လိုက်
တဲ့အခါ အိုင်ဖုန်းလိမ်ရွဲ့သွားတာမျိုးတွေဖြစ်ရကြောင်း တချို့က လူမှုရေးကွန်ရက်တွေ မှာ
ရေးတင်ကြသလို တချို့ကတော့ ဘောင်း ဘီအိတ်ထဲမှာ ဖိအားကြောင့် ရွဲ့သွားတဲ့ စမတ်
ဖုန်းပုံတွေကိုပါ တင်ပေးထားကြပါ တယ်။ ဆမ်ဆောင်းကတော့ တက်ဘလက်နဲ့ စမတ်ဖုန်းကို
လိုက်ဖက်အောင် ပေါင်းစပ် ပေးထားတဲ့ အထူးသဖြင့် မျက်နှာပြင်အရွယ်အစားပိုင်း ပိုကြီးအောင်
ပြုလုပ်ပေးထားတဲ့ ပထမဦးဆုံးနုတ် (Note) နဲ့ ဖက်ဘလက် ရေစီးကြောင်းကို စတင်ခဲ့တာပါ။
အက်ပဲလ်က စက်တင်ဘာလ ၁၉ ရက် နေ့မှာ အိုင်ဖုန်း ၆ နဲ့ အိုင်ဖုန်း ၆ ပလတ်စ် (iPhone 6
Plus) ကို တရုတ်နိုင်ငံမပါတဲ့ တခြားဈေးကွက်အနည်းငယ်အတွင်း စတင်ရောင်းချပေးခဲ့ခြင်းအားဖြင့်
ဖက်ဘ လက်ရေစီးကြောင်းမှာ အမြတ်ထုတ်ခဲ့ပါ တယ်။ ဆမ်ဆောင်းကတော့ သူ့ရဲ့ Note 4 ကို
အောက်တိုဘာ ၁၇ရက်နေ့မှာ တစ်ကမ္ဘာလုံး ရောင်းချပေးမှာဖြစ်ပြီး တောင်ကိုရီးယားနဲ့ တရုတ်နိုင်
ငံမှာ ဒီတစ်ပတ်အတွင်း ရောင်းချ ပေးမယ်လို့ ဆမ်ဆောင်းက ကြေငြာထား ပါတယ်။
အဲဒီလို ဆမ်ဆောင်းအမှတ်တံဆိပ် ပစ္စည်းတွေကို တရုတ်နိုင်ငံ ဈေးကွက်အတွင်း မှာ တခြားဈေး
ကွက်တွေထက်အရင် ရောင်းချ ပေးတာကတော့ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ဒါဟာ ပြိုင်ဘက်တွေ
ရဲ့ ယှဉ်ပြိုင်မှုကို ရင်ဆိုင် မယ့် ဆမ်ဆောင်းရဲ့ သဘောထားကို ပေါ်လွင်စေတဲ့ အချက်လို့လည်း
ပြောလို့ရ ပါတယ်။ ဆမ်ဆောင်းရဲ့ သတင်းထုတ်ပြန်ချက် အရ Note 4တွေကို အောက်တိုဘာ
လ အကုန်ပိုင်းမှာ ဈေးကွက် ၁၄၀ အတွင်း ရောင်းချပေးမယ်လို့ သိရပါတယ်။
Passport ကို ပုံအော မျှော်လင့်ထားတဲ့ ဘလက်ခ်ဘယ်ရီ ရပ်တည်နိုင်ဖို့ အပြင်းအထန်ကြိုးပမ်း
နေရတဲ့ ကနေဒါကုမ္ပဏီ ဘလက်ခ်ဘယ်ရီရဲ့ အခြေအနေ ပြန်ကောင်းလာအောင် ကြိုးပမ်း မှု
တစ်ရပ်အဖြစ် ရုံးလုပ်ငန်းအတွက် အသုံး ပြုကြမယ့် သုံးစွဲသူတွေအတွက် ရည်ရွယ်ပြီး ထုတ်
လုပ်ထားတဲ့ စမတ်ဖုန်း Passport စတင်ရောင်းချမှုကို Note 4 ထွက်မယ့်သတင်းက လွှမ်းမိုးမှု
ရှိခဲ့ပါတယ်။
အမေရိကန် ကုမ္ပဏီက မျက်နှာပြင်ကြီး စမတ်ဖုန်းဈေးကွက်ထဲ ပထမဦးဆုံးအကြိမ် ချင်းနင်းဝင်
ရောက်ခဲ့တဲ့ အိုင်ဖုန်းရဲ့ နောက် ဆုံးပေါ် အမျိုးအစားကိုစတင်ရောင်းချပေးခဲ့ ရာမှာ ပိတ်ရက်အတွင်း
စံချိန်တင်ရောင်းချ ခဲ့ရပြီးတဲ့နောက်မှာ ဘလက်ခ်ဘယ်ရီက သူ့ရဲ့ နောက်ဆုံးပေါ်ဖုန်းကို စတင်မိတ်
ဆက်ပေးခဲ့ပါတယ်။ နောက်ဆုံးထွက်ရှိလာတဲ့ အိုင်ဖုန်း မော်ဒယ်အသစ်တွေကို အမေရိကန်၊
ဗြိတိန်၊ ဩတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင် ကောင်၊ ဂျပန်၊ ပူအာတိုရီကိုနဲ့ စင်ကာပူနိုင်
ငံ တွေမှာ သောကြာနေ့က စတင်ရောင်းချခဲ့ ရာမှာ သုံးရက်အတွင်း အိုင်ဖုန်းလုံးရေ ၁၀ သန်း
ရောင်းချခဲ့ရပါတယ်။
အက်ပဲလ်က တော့ အသစ်ထပ်ထွက်လာတဲ့ သူ့ရဲ့ အိုင်ဖုန်း တွေကို တရုတ်နိုင်ငံမှာ ရောင်းချရေးနဲ့
ပတ်သက်ပြီး အစီအစဉ်တွေကို မကြေညာ ရသေးပါဘူး။ Passport ဟာ ဘလက်ခ်ဘယ်ရီကို
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ စီအီးအိုတာဝန်ကို ယူခဲ့တဲ့ ဲသ့ည ဃ့နည လက်ထက်မှာ ပထမဦး ဆုံး
အကြိမ် ကမ္ဘာသိ စတင်ရောင်းချပေးခဲ့ တဲ့ ထုတ်ကုန်တစ်ခုပါ။ ခရီးသွားအထောက်အထား
လက်မှတ်တစ်ခုဖြစ်တဲ့ နိုင်ငံကူးလက်မှတ်စာအုပ်အရွယ်နဲ့ တူတာကြောင့် Passport လို့ အမည်
ပေးထားပြီ နှစ်ပတ်အတွင်း ဆိုင်တွေမှာ ၀ယ်ယူရရှိတော့မှာဖြစ်တဲ့ ဒီစမတ်ဖုန်းအမျိုး အစားအသစ်
မှာ နည်းပညာအသစ်အဆန်း တွေ အများကြီး ပါ၀င်တယ်လို့ ဟော်ကီအကျော်အမော် Wayne
Gretzky နဲ့အတူ တိုရန်တိုက ပွဲမှာ တွေ့ခဲ့ရတဲ့ Chen က ပြောပါတယ်။
ဘလက်ခ်ဘယ်ရီဟာ အက်ပဲလ် ဒါမှမဟုတ် ဆမ်ဆောင်းနဲ့ ထိပ်တိုက်ယှဉ်ပြိုင်မှု လုပ်နေတာမျိုး
မရှိတဲ့အတွက် လေ့လာဆန်းစစ်သူတစ်ဦးဖြစ်တဲ့ AviGreengart က Passport ကို "နှစ်ပေါင်း
များစွာ အတွင်းမှာ ဘလက်ခ်ဘယ်ရီရဲ့ ပထမဦးဆုံးပြိုင်ဆိုင်မှု" လို့ ညွှန်းဆိုထားပါတယ်။
Passport ဟာ ဒီနှစ်အတွင်း ဘလက်ခ်ဘယ်ရီက ဈေးကွက်ထဲမိတ်ဆက်ပေးမယ့် ဖုန်းအမျိုးအစား
အသစ် လေးမျိုးမှာ တတိယ မြောက်ဖုန်းအမျိုးအစားပါ။
ဘလက်ခ်ဘယ်ရီဟာ တန်ဖိုးနည်းဟန်းဆက် ဇ၃ စမတ်ဖုန်း ကို (အမာခံနိုင်ငံတွေထဲက
တစ်ခုဖြစ်တဲ့) အင်ဒိုနီးရှားနိုင်ငံမှာ ရောင်းချပေးခဲ့ပြီး ကျစ်လျစ်ကြော့မော့တဲ့ ပေါ်ရှေး ဒီဇိုင်းဖုန်း
ကို ဒူဘိုင်းမှာ ရောင်းချခဲ့ပါတယ်။
Passport နဲ့ပုံစံတူဖြစ်မယ့် Black-Berry Classic ကိုလည်း အခုအချိန်ကနေ ဒီနှစ်မကုန်မီအချိန်
အတွင်း တစ်ချိန်ချိန်မှာ ရောင်းချပေးဖို့ ရှိပါတယ်လို့ Chen က ပြော ပါတယ်။ ဘလက်ခ်ဘယ်ရီ
ဟာ မိုဘိုင်းဖုန်းအသုံး ပြုသူတွေ စမတ်ဖုန်းကိုပဲ အသုံးပြုလာကြတဲ့ ယဉ်ကျေးမှုတစ်ခုပိုပြီး အား
ကောင်းလာအောင် ဖြည့်ဆည်းပေးနေပါတယ်။ ဒါပေမဲ့ သုံးစွဲသူတွေဟာ အိုင်ဖုန်း ဒါမှမဟုတ်
ဆမ်ဆောင်းရဲ့ ဂလက်ဆီလို အန်းဒရွိုက် ဆော့ဖ်ဝဲကို အသုံးပြုထားတဲ့ ပစ္စည်းတွေ ကို ပြောင်းပြီး
အသုံးပြုလာနေကြပါပြီ။
ရောင်းလိုအားတွေ လိုတာထက် ပိုများနေတဲ့ စမတ်ဖုန်းဈေးကွက် ဟွာဝေးနဲ့လီနိုဗိုလို တရုတ်ဟန်း
ဆက်ကုမ္ပဏီတွေရဲ့ ပြိုင်ဆိုင်မှု အရှိန်မြင့်လာ နေချိန်မှာ မိုဘိုင်းဈေးကွက်ဟာ လိုအပ်တာ ထက်ပို
ပြီး ရောင်းလိုအားတွေ ပိုများလာနေ ပါတယ်။ ဆမ်ဆောင်းရဲ့ဒုတိယသုံးလပတ်အတွက် အသား
တင်အမြတ်ဟာ ၂၀ ရာခိုင်နှုန်း ကျဆင်းသွားပြီး သူ့ရဲ့ ရှယ်ယာတွေဟာ လည်း နှစ်နှစ်အတွင်းရှိ
ခဲ့တဲ့ အကျဈေးနှုန်း မှာပဲ ဆက်ပြီး ရပ်တည်နေတယ်လို့ ဇူလိုင် လမှာ ဆမ်ဆောင်းက သတင်း
ထုတ်ပြန် ထားပါတယ်။

၂၀၁၃ ခုနှစ်မှာ ဈေးကွက်ထဲ စတင် ရောင်းချပေးခဲ့တဲ့ Galaxy Note 3 (ဂလက် ဆီ နုတ်သရီး)
တွေကတော့ စတင်ရောင်းချ ပြီး နှစ်လအကြာမှာ လုံးရေ ၁၀ သန်း ရောင်း ချခဲ့ရပြီး Note 4က
တော့ Note 3 ထက် ရောင်းအားပိုကောင်းမယ်လို့ လီက ခန့်မှန်း ထားပါတယ်။ သုံးစွဲသူတွေ
စကရင်ပေါ်မှာ ရေးခြစ်ဖို့ ၅ ဒသမ ရ လက်မအရွယ်ရှိတဲ့ Note 4 မှာ ှစနည ကညစ်တံတစ်ခုပါ
ထည့်ပေးထား ပြီး လုပ်ငန်းတာဝန်အမျိုးမျိုးကို တစ်ပြိုင်နက်တည်း စွမ်းဆောင်နိုင်ပါတယ်။
Note 4 တွေကို စာချုပ်မဲ့ရောင်းချပေးမှာဖြစ်ပြီး ဈေးနှုန်းကလည်း နိုင်ငံပေါ်မူတည်ပြီး ဒေါ်လာ
၇၀၀ ကနေ ၉၀၀ အထိ အမျိုးမျိုး ရှိပါတယ်။ အက်ပဲလ်မှာ ပေးမထားတဲ့ ကညစ်တံမျိုး Note 4
မှာ ပါတာကြောင့် ထူးခြားတဲ့ နည်းပညာတစ်ရပ်မျိုးကို သုံးစွဲသူတွေ ရရှိခံစားနိုင်မှာပါလို့ ဆမ်
ဆောင်းရဲ့ မိုဘိုင်းဖုန်းဌာန ဒုတိယဥက္ကဋ္ဌ လီယောင်ဟီး က ပြောကြားခဲ့ပါတယ်။
International Data Corp ရဲ့ အချက်အလက်တွေအရ ကမ္ဘာတစ်လွှားစမတ်ဖုန်းရောင်းအားဟာ
ဒုတိယသုံးလပတ်အတွင်း မှာ ၂၉၅ ဒသမ ၃သန်းအထိ စံချိန်တင် မြင့် တက်ခဲ့တယ်လို့ သိရပါ
တယ်။ ဆမ်ဆောင်းဟာ ဖုန်းရောင်းအားအများဆုံးရှိတဲ့ ကမ္ဘာ့ထိပ်တန်း ဟန်းဆက် ကုမ္ပဏီအဖြစ်
ဆက်လက်တည်ရှိနေပြီး ဟန်းဆက်လုံးရေ ရ၄ သန်း ရောင်းချခဲ့ရပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ယေဘုယျဈေးကွက် ဝေစုကတော့ ၂၅ ဒသမ ၂ ရာခိုင်နှုန်းအထိ ခုနစ်ရာခိုင်နှုန်း
ကျဆင်းခဲ့တာကို တွေ့ရ ပါတယ်။ တရုတ်ကုမ္ပဏီဟွာဝေးကတော့ ပြီးခဲ့ တဲ့နှစ် ဒုတိယသုံးလပတ်
က ရောင်းအား ထက် နှစ်ဆတက်လာခဲ့ပါတယ်။ ဆမ်ဆောင်းဟာ သူ့ရဲ့ ွေူထေပ ွနမေစမတ်နာရီ
ဗားရှင်းအသစ်နဲ့ ွနမေ ဠျွ နားကြပ်ကို အောက်တိုဘာလထဲမှာ ဈေးကွက်ထဲ စတင်ရောင်းချပေးဖို့ရှိ
တယ် လို့လည်း စက်တင်ဘာလ ၂၄ ရက်နေ့ မှာ အသိပေးကြေညာခဲ့ပါတယ်။
ဒီလအစောပိုင်းမှာ ပွဲထုတ်ပြသခဲ့တဲ့ Apple Watch လာမယ့်နှစ်အစောပိုင်း မှာ အက်ပဲလ်စတိုး
တွေမှာ ၀ယ်ယူနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
(အေအက်ဖ်ပီ)

















