'ပြော' လူမှု ကွန်ရက် မိုဘိုင်း ဗားရှင်းထုတ်မည်

'ပြော' လူမှု ကွန်ရက် မိုဘိုင်း ဗားရှင်းထုတ်မည်

တစ်ကမ္ဘာလုံးတွင် လူသုံးအများဆုံးလူမှုကွန်ရက် ဖြစ်သည့် ဖေ့စ်ဘွတ်ခ်ကဲ့သို့ ပြည်တွင်းလူမှု
ကွန်ရက်တစ်ခုကို မိုဘိုင်းဗားရှင်းပါ တိုးချဲ့ သွားရန် စီစဉ်နေကြောင်း အဆိုပါကွန်ရက် အား
တည်ထောင်သူက ပြောသည်။ အဆိုပါကွန်ရက်၏အမည်မှာ 'ပြော' ဖြစ် ပြီး လက်ရှိသုံးစွဲနေသူ
ငါးသောင်းကျော်ရှိနေ ပြီဟု တည်ထောင်သူ ကိုနေမျိုးအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

"ပြောဆိုတာက သတင်းဖလှယ်ရာနေရာတစ်ခုပါ။ များသောအားဖြင့် ပြည်ပရောက် မြန်မာတွေ
ရော၊ ပြည်တွင်းမှာရှိတဲ့ မြန်မာ တွေ အားလုံးပါ အသုံးပြုနိုင်ဖို့ ကျွန်တော့် အနေနဲ့ တီထွင်ထား
တာပါ။ ပြောကို ၀င်ရောက် မယ်ဆိုရင် ဖေ့စ်ဘွတ်ခ်၊ တွစ်တာ အကောင့်တွေနဲ့ ဟိုက်ဘရစ်
(ချိတ်ဆက်) လုပ်ဆောင် ထား တာကြောင့် အလွယ်တကူဝင်ရောက်နိုင် ပါတယ်။ ၀က်ဘ်ဆိုက်
ထဲ ၀င်ရောက်ပြီးရင် အလွယ်တကူ ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။

ဒီ 'ပြော' ကို တည်ထောင်ရတာဟာ မြန်မာအချင်းချင်း အဆက်အသွယ် မပြတ်အောင်
ရည်ရွယ်ထားတာပါ။ နောက်ပြီး ဒီဝက်ဘ်ဆိုက် ကို သုံးရင်လည်း အခကြေးငွေပေးစရာမလိုပါဘူး"
ဟု ၎င်းက ပြောသည်။

အဆိုပါ လူမှုကွန်ရက်ကို စတင်ခဲ့သည်မှာ ငါးနှစ်ရှိပြီး လာမည့် ဒီဇင်ဘာလတွင် မိုဘိုင်း အက်ပလီ
ကေးရှင်းကို အခမဲ့ပုံစံဖြင့် ထုတ် လုပ်မည်ဖြစ်သည်။ သို့သော် လက်ရှိတွင် အဆိုပါကွန်ရက်နှင့်
ပတ်သက်ပြီး ပြည်တွင်း၌ သိရှိသူနည်းနေ ပြီး များသောအားဖြင့် ပြည်ပရောက်မြန်မာ များသာ
သုံးကြကြောင်း သိရသည်။

"လက်ရှိမှာ 'ပြော' ဟာ အထိုင် ကွန်ပျူတာ တွေမှာသာ သုံးစွဲလို့ရမှာဖြစ်ပြီး၊ ဒီဇင်ဘာလအတွင်း
မှာ မိုဘိုင်းဗားရှင်းကို သုံးစွဲသူများ အတွက် အခမဲ့ပေးသွားမှာ ဖြစ်ပါတယ်။အဲဒီအချိန်ဆိုရင်တော့
'ပြော'ကို သုံးစွဲသူ ယခုထက်များပြားလာမယ်လို့ ထင်ပါတယ်" ဟု ကိုနေမျိုးအောင်က ပြောသည်။

ကမ္ဘာကျော်ဖေ့ဘွတ်ခ်လူမှုကွန်ရက်ကို မြန်မာလူမျိုး တစ်သန်းကျော်သုံးစွဲနေကြပြီး ပြည်တွင်းလူမှု
ကွန်ရက်တစ်ခုဖြစ်သည့် ဒို့မြန်မာ (ီသနပြညောမေ) ကို သုံးစွဲနေသူ တစ်သိန်း ခွဲကျော်ရှိကြောင်း
လည်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်