တယ်လီနောက မန္တလေး၌ ဆင်းကတ်ငါးသိန်းခန့် ဖြန့်ချိပြီး

တယ်လီနောက မန္တလေး၌ ဆင်းကတ်ငါးသိန်းခန့် ဖြန့်ချိပြီး

တယ်လီနောမြန်မာက မန္တလေးမြို့တွင် စက်တင်ဘာလ ၂၇ ရက်နေ့မှစတင်ကာ ၎င်း တို့၏
၀န်ဆောင်မှုများကို စတင်မိတ်ဆက်ခဲ့ပြီးနောက် မိုဘိုင်းဖုန်းဆင်းကတ် ငါးသိန်း အထိ ဖြန့်ချိနိုင်
ခဲ့ကြောင်း အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က မြန်မာတိုင်း(မ်) ကို စက်တင်ဘာလ
၂၉ ရက်နေ့က ပြောသည်။

ထို့အတူ နေပြည်တော်တွင် အောက်တို ဘာလ ၃ ရက်နေ့မှစတင်ကာ တယ်လီနော ကွန်ရက်ကို
စတင်ဖွင့်လှစ်သွားမည်ဖြစ် ပြီး ရန်ကုန်မြို့တွင် စတင်မည့်ရက်ကိုမူ ထုတ် ဖော်ပြောကြားခြင်းမရှိ
သေးပေ။ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ ကြီးသုံးမြို့တွင် တစ်ပြိုင်နက် ၀န်ဆောင်မှု
မပေးနိုင်ခြင်းသည် ပထမအဆင့်ဆက်သွယ် ရေးတာဝါတိုင်များ ဆောက်လုပ်စဉ်အခါက
အခက်အခဲအနည်းရှိခဲ့သောကြောင့်ဟု ၎င်း က ပြောသည်။

"ဆက်သွယ်ရေးတာဝါတွေ ဆောက်လုပ် တဲ့အခါမှာ ဆောက်လုပ်ခွင့်ပါမစ်ရဖို့ အခက် အခဲ
တွေရှိခဲ့ပါတယ်။ ဆက်သွယ်ရေးဝန်ဆောင်မှုရဲ့ အရည်အသွေးတွေက တာဝါတွေ ပေါ်မှာ မူတည်
နေတာဖြစ်ပါတယ်။ ကျွန်တော် တို့ ဆက်သွယ်ရေးကွန်ရက်တွေ အဆင်သင့် ဖြစ်ပြီးတော့ အရည်
အသွေးမြင့်မြင့်နဲ့ စတင် ၀န်ဆောင်မှုပေးနိုင်မယ့် နေရာတွေမှာ စတင် ၀န်ဆောင်မှုပေးအပ်ပြီးတော့
ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုကို မိတ်ဆက်ရခြင်းဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

တယ်လီနောဆင်းကတ်များကို တယ်လီနောအမှတ်တံဆိပ်ပါရှိသည့် မိုဘိုင်းဆိုင် ၁,၅၀၀ တွင်
၀ယ်ယူရရှိနိုင်ပြီး အခြားမိုဘိုင်း ဆက်စပ်ပစ္စည်းများဖြင့် ဆင်းကတ်များကို ယှဉ်တွဲရောင်းချပါက
လည်း ကျပ် ၁,၅၀၀ ထက် ပိုမပေးသင့်ဟု ၎င်းကပြောသည်။ မန္တလေးမြို့တွင် စတင်ရောင်းချခဲ့
သည့် မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် တယ်လီ နောဆင်းကတ်များကို ကြိတ်ကြိတ်တိုးဝယ်ယူ
ခဲ့ကြကြောင်း မန္တလေးမြို့ရှိ မိုဘိုင်းအရောင်း ဆိုင်တစ်ခုက တာဝန်ရှိသူတစ်ဦးက ပြော သည်။

"ကျွန်တော်တို့ဆိုင်မှာတော့ စစချင်းမိတ်ဆက်တဲ့နေ့က ဆင်းကတ်တွေကို ကြိတ်ကြိတ် တိုးလာ
၀ယ်ကြတယ်။ ဆင်းကတ်ကလောက် တောင်မလောက်ဘူး။ ဆင်းကတ်တစ်ခုကို ကျပ် ၁,၅၀၀
နဲ့ပဲ ရောင်းပေးပါတယ်။ ကျွန်တော် တို့ကို ကုမ္ပဏီက ဆင်းကတ်အရေအတွက် ၁,၀၀၀ ရောင်းဖို့
ချထားပေးပါတယ်" ဟု 555 mobile အရောင်းဆိုင်က ဦးနေမျိုးထက်က ပြောသည်။

မန္တလေးမြို့ရှိ နြျအ ဥညန မိုဘိုင်းအရောင်းဆိုင်မှ မန်နေဂျာ ဒေါ်ခင်နှင်းထွေးကမူ ရောင်းအားနဲ့
၀ယ်အားမျှတမှုရှိသည်ဟု ဆိုသည်။

"ကျွန်မတို့ဆိုင်က စမိတ်ဆက်တဲ့နေ့က တော့ဆင်းကတ်တွေကို ညနေခင်းမှရတော့ ကတ် ၅၀
၀န်းကျင်လောက်ပဲ ရောင်းရတယ်။ နောက်ပိုင်းရက်တွေမှာတော့ တစ်ရက်ကို ကတ် ၁၀၀
လောက်ရောင်းရတယ်။ အခုချိန် ထိတော့ ရောင်းအားနဲ့ဝယ်အား မျှတမှုရှိပါ တယ်" ဟု ၎င်းက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်