တယ်လီနော ဆင်းကတ်များကို နေပြည်တော်တွင် အောက်တိုဘာလ ၃ ရက်နေ့၌် ရောင်းချသွားမည်

တယ်လီနော ဆင်းကတ်များကို နေပြည်တော်တွင် အောက်တိုဘာလ ၃ ရက်နေ့၌် ရောင်းချသွားမည်

တယ်လီနောဆင်းကတ်များကို မန္တလေးတွင် စတင်ဖြန့်ချိခဲ့ပြီးနောက်တွင် ဒုတိယအစီအစဉ်ဖြင့်
အောက်တိုဘာလ ၃ ရက်နေ့တွင် နေပြည်တော်ရှိ မြို့ရှစ်မြို့တွင် တယ်လီနော၏ ၀န်ဆောင်မှုများ
ပေးအပ်သွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ သိရသည်။

တယ်လီနော ဆင်းမ်ကဒ်များကို စက်တင်ဘာလ ၂၇ ရက်နေ့မှ စတင်ကာ မန္တလေးမြို့တွင် စတင်
ရောင်းချခဲ့ပြီး တစ်ပတ်ခန့်အတိုင်းအကြာ နေပြည်တော်သို့ ဖြန့်ချိပေးသွားမည်ဖြစ်ပြီး၊ ၃ ဂျီနှင့် ၂
ဂျီနှစ်ရပ်စလုံး ပေးသွားနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

"နေပြည်တော်ကို စဖြန့်ပြီး၊ နောက်တစ်ပတ်အတွင်း ရန်ကုန်ကို စတင်ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။
နောက်ပြီး ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုတွေအတွက် ကျွန်တော် ဂုဏ်ယူစွာနဲ့ ပြောချင်တာတစ်ခုက
တယ်လီနော မြန်မာက ၀န်ထမ်းတိုင်းဟာ ဖုန်းလိုင်းချိတ်ဆက်မှု အရည်အသွေးကို စမ်းသပ်
အသုံးပြုခဲ့ကြပါတယ်။ ဒီလိုလုပ်ခြင်းက မိုဘိုင်းကွန်ယက် စတင်ဖွင့်လှစ်တဲ့ အခါမှာ အများအားဖြင့်
ကြံုတွေ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားမှုတစ်ခုလို့ ကျွန်တော်ယုံကြည်ပါတယ်"ဟု
တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် ပီတာဖာဘက်ဂ် က ပြောသည်။

တယ်လီနော မြန်မာမှ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဆင်းကဒ်များကို မန္တလေး၌ စတင်ရောင်း
ချပေးနိုင်ခဲ့သော်လည်း သုံးစွဲသူအများအပြားက တယ်လီနော၏ ၀န်ဆောင်မှုတွေအပေါ်တွင်
အားမလို အားမရဖြစ်ခဲ့ကြကြောင်း လူမှုကွန်ယက်များ တွင် အများအပြားဝေဖန်လျက်ရှိသည်။

"ကျွန်တော်အဲ့နေ့က တယ်လီနော ဆင်းကတ်တစ်ကတ် ၀ယ်လိုက်ပါတယ်။ တန်းစီလိုက်ရတယ်။
ဒါပေမယ့် ၀ယ်ပြီး အက်တီဗိတ် လုပ်ဖို့ နည်းနည်းစောင့်လိုက်ရတယ်။ နောက်ပြီးကျတော့ အင်တာ
နက်လိုင်းကို သုံးကြည်တာ လိုင်းအား အရမ်းနည်းတယ်။ စမက် ပက်ကေ့ချ်ဆိုရင်တော့ အဆင်
ပြေပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်တည်းကိုပဲ ကြည့်လို့ မရဘူးလေ။ သုံးစွဲသူတွေရဲ့
ဟန်းဆက်ကလည်း ဘယ်လောက်ဆွဲနိုင်အား ရှိလည်းပေါ်မှာလည်း မူတည်တာပေါ့"ဟု
မန္တလေးမြို့ခံ သတင်းထောက်တစ်ဦးက ပြောသည်။

သုံးစွဲသူများသည် လူမှုကွန်ယက်များပေါ်တွင် အများအားဖြင့် ပြောဆိုကြသည်များမှာ
အင်တာနက်လိုင်း မကောင်းကြောင်း၊ စမက်အင်တာနက် ပက်ကေ့ချ်သာ အနည်းငယ်
အဆင်ပြေကြောင်း၊ Facebook Zero.com နှင့် wikipedia တို့ကို အခမဲ့ပေးထား
ခြင်းအပေါ် သဘောကျကြကြောင်း၊ ဗွီဒီယိုခေါ်ဆိုမှု (Built-in) မပါသည့်အပေါ်တွင်
အားမရဖြစ်နေကြကြောင်း ဝေဖန်မှု အများအပြားနှင့် ရင်ဆိုင်နေရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်