တယ်လီနောဖုန်းဖြင့် နိုင်ငံ ၃၀ တွင် အသုံးပြုနိုင်မည်

တယ်လီနောဖုန်းဖြင့် နိုင်ငံ ၃၀ တွင် အသုံးပြုနိုင်မည်

တယ်လီနောမြန်မာ၏ ဆင်းကဒ်ကို အသုံးပြုပြီး အခြားနိုင်ငံမှ ဖုန်းခေါ်ဆိုခြင်း (Roaming)
၀န်ဆောင်မှုအတွက် လက်ရှိတွင် နိုင်ငံ ၃၀ တွင် ရရှိမည်ဖြစ်၍ အဆိုပါ၀န်ဆောင်မှုအတွက်
တယ်လီနော ဆင်းမ်ကဒ်တွင် အင်တာနက် ၀န်ဆောင်မှုနှင့်အတူ တပါတည်းပါ၀င်ထည့်သွင်း
ထားကြောင်း တယ်လီနောမြန်မာမှ သိရသည်။

အဆိုပါ၀န် ပြည်ပရောက် ဖုန်းခေါ်ဆို၀န်ဆောင်မှုဆိုသည်မှာ မြန်မာနိုင်ငံတွင် ဆင်းကဒ်ဝယ်ပြီး
ပြည်ပသို့ အလည်ခရီးဖြစ် ဖြစ်၊ စီးပွားရေးကိစ္စဖြစ်ဖြစ် ခဏတာသွားပါက အဆိုပါဆင်းကဒ်သည်
ထိုနိုင်ငံများတွင်လည်း အကျံုးဝင်ခေါ်ဆိုလို့ရခြင်းဖြစ်ပြီး နိုင်ငံအသီးသီးတွင် သတ်မှတ်ထားသော
ခေါ်ဆိုခနှုန်းထားများမှာလည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ တူညီမည်မဟုတ်ကြောင်း သိရသည်။

တယ်လီနောမြန်မာမှ လက်ရှိတွင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကိုရီး
ယား၊ ဂျပန်၊ အမေရိကန် နိုင်ငံ အစရှိသည်ဖြင့် နိုင်ငံပေါင်း ၃၀ အတွင်း (Roaming) ၀န်ဆောင်မှု
အသုံးပြုနိုင်မည်ဖြစ်ပြီး ခေါ်ဆိုခ အပြည့်အစုံ အသေးစိတ်နှင့် မိမိသွားမည့် နိုင်ငံကိုလည်း ၀န်ဆောင်
မှုပေးနိုင်မပေးနိုင်ကို Call Center သို့ ၉၇၉ ဖြင့် ခေါ်ဆိုမေးမြန်း နိုင်ကြောင်း သိရသည်။

ထို့အပြင် မိမိသွားမည့်နိုင်ငံများသည် တယ်လီနောနှင့် Roaming Service သဘောတူညီမှုရှိမရှိ၊
ထိုသို့ခေါ်ဆိုစဉ် ဖုန်းခပြတ် တောက်ခြင်းရှိနိုင်သည့်အတွက် ဖုန်းငွေကို ပြည့်ပြည့်စုံစုံထည့်ထားရန်
သို့မဟုတ် ငွေဖြည့်ကတ်ကို ၀ယ်ပြီး ဆောင်သွားနိုင် ကြောင်း ငွေဖြည့်သည့်အခါတွင်လည်း
ပြည်တွင်းငွေဖြည့်သုံးပုံစံဖြင့်သာ ဖြည့်သွင်းရမည်ဖြစ်ကြောင်း တယ်လီနော တရားဝင် ၀က်ဘ်ဆိုက်
တွင် ဖော်ပြထား သည်။

နိုင်ငံခြားမှ ခေါ်ဆိုမည်ဆိုပါက မိမိခေါ်ဆိုမည့်နိုင်ငံ၏ ကန်ထရီးကုဒ် (Country Code) ကို ရိုက်
ထည့်ကာ ဖုန်းနံပါတ်၏ အရှေ့ဆုံးမှ သုညဖြုတ်၍ ကန်းထရီးကုတ်နှင့် နံပါတ်ကို ပူးတွဲရိုက်ကာ
ခေါ်ဆိုရမည်ဖြစ်ပြီး မိမိသွားရောက်ရမည့် နိုင်ငံ၏ ကန်ထရီးကုဒ်ကို သိရှိထားရန် လိုအပ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်