ဆက်သွယ်ရေးအော်ပရေတာများ သုံးစွဲသူအဆင်ပြေရေးထက် ဈေးကွက်အတွင်းအသာရရေးကိုသာ ဦးစားပေးလုပ်ဆောင်နေ

ဆက်သွယ်ရေးအော်ပရေတာများ သုံးစွဲသူအဆင်ပြေရေးထက် ဈေးကွက်အတွင်းအသာရရေးကိုသာ ဦးစားပေးလုပ်ဆောင်နေ

လက်ရှိ မြန်မာနိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍရှိ ပြည်တွင်းအော်ပရေတာဖြစ်သည့် မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်း (Myanmar Post and Telecommunication- - MPT) နှင့်
ပြည်ပ အော်ပရေတာများဖြစ်ကြသော ကာတာ အခြေစိုက် Ooredoo Myanmar  နှင့်
နော်ဝေး အခြေစိုက် Telenor Myanmar ကုမ္ပဏီတို့ သည် ဈေးကွက်ယှဉ်ပြိုင်မှုကိုသာ
အဓိကထားနေကြပြီး သုံးစွဲသူများလိုအပ်ချက်ကို ဂရုစိုက် မှုအားနည်းနေသေးကြောင်း
နည်းပညာရှင်များက သုံးသပ်သည်။

"အခု အော်ပရေတာတွေအားလုံးက ၀န် ဆောင်မှုအမျိုးမျိုးနဲ့ ယှဉ်ပြိုင်နေကြပေမယ့် သုံးစွဲသူ
တွေကိုဂရုစိုက်မှုကတော့ အားနည်း နေသေးတယ်။ သက်ဆိုင်ရာ အော်ပရေတာ တွေက
သူတို့နဲ့ဆိုင်တဲ့သတင်းတွေကို သုံးစွဲ သူတွေဆီပို့ပေးတာ အရမ်းအားနည်းနေသေး တယ်။
သတင်းဖြန့်ဝေတဲ့ပုံစံကအစ အားနည်းနေပါသေးတယ်။ သုံးစွဲသူတွေကသိချင်တာ ရှိလို့
မေးမြန်းနိုင်ဖို့အတွက် ပေးထားတဲ့ ဟော့ လိုင်းဖုန်းတွေကို အခမဲ့ခေါ်လို့ရအောင် ၀န်ဆောင်
မှုတွေ တန်းတူညီမျှပေးသင့်တယ်။ ပြည်ပ အော်ပရေတာနှစ်ခုကတော့ ပေးနေ ပါပြီ။ ဒါပေမဲ့
မြန်မာ့ဆက်သွယ်ရေးက ဟော့ လိုင်းဖုန်း (Call Center) ကို ခေါ်ရင် အခုထိ ဖုန်းခေါ်ဆိုခကို
ကောက်ခံနေတုန်းပဲ" ဟု Yangon Heartz Media မှ အမှုဆောင်အရာရှိ ချုပ် ဦးဇော်ဇော်မျိုး
လွင်က မြန်မာတိုင်း(မ်) ကို ပြောသည်။

Telenor Myanmar သည် ၎င်း၏ ဆင်းကတ် များကို မန္တလေးတိုင်းဒေသကြီးတွင် စက်တင်
ဘာလ ၂၇ ရက်နေ့က စတင်ရောင်းချခဲ့ပြီး ထိုနေ့၌ပင် တန်းစီဝယ်ယူသူအများအပြားရှိ
ကြောင်း မန္တလေးမြို့ခံများက ပြောသည်။

"ကျွန်တော်တို့ လူမျိုးတွေကလည်း အသစ်အဆန်းထွက်လာရင် စမ်းပြီးသုံးကြည့်ချင် ကြတယ်။
ဒီတော့ ဘယ်ဆင်းကတ်တွေပဲ ထွက်ထွက် တန်းစီပြီးဝယ်နေကြတာပဲ။ တန်းစီရတယ်ဆို
ကတည်းက ဆင်းကတ်တွေ ကိုလုံလောက်အောင် မဖြန့်ဝေပေးနိုင်လို့ပါ။ တယ်လီနောဆင်း
ကတ်ထွက်မှ တန်းစီရ တာမဟုတ်ပါဘူး၊ အော်ရီဒူးစထွက်တုန်းက လည်း မန္တလေးမှာတန်းစီ
၀ယ်ကြရပြီး အမ်ပီတီဆင်းကတ်တွေထွက်လည်း တန်းစီနေရ တုန်းပဲ။ နောက်ပိုင်း ရတနာပုံ
တယ်လီပို့ ဆင်းကတ်တွေ ထွက်လာရင်လည်း တန်းစီနေ ကြဦးမှာပဲ" ဟု မန္တလေးမြို့ခံ
ဦးထွန်းအောင် ကျော်က ပြောသည်။

တယ်လီနောဆင်းကတ် မန္တလေးတွင်စတင် မိတ်ဆက်စဉ်က ၎င်းဆင်းကတ်များကို မြို့ပေါ်ရှိ
တယ်လီဖုန်းအရောင်းဆိုင်ပေါင်း ၁,၅၀၀ တွင် ရောင်းချပေးခဲ့ပြီး ဆက်သွယ်ရေး တာဝါတိုင်
၇၀ ခန့်ဖြင့် မိုဘိုင်းကွန်ရက်ကို စတင် ခဲ့ကာ မန္တလေးမြို့တွင် ဆင်းကတ်အရေအတွက်
ငါးသိန်းဖြန့်ဝေပေးနိုင်ခဲ့ကြောင်း Telenor Myanmar မှ အမှုဆောင်အရာရှိချုပ် Petter
Furberg က ပြောသည်။

တယ်လီနော ဆင်းကတ်များကို အောက်တိုဘာ ၃ ရက်နေ့ တွင်လည်း နေပြည်တော်တွင်
ဆက်လက် ရောင်းချပေးခဲ့သော်လည်း ရန်ကုန်မြို့တွင်မူ အောက်တိုဘာလ ရ ရက်နေ့အထိ
ရောင်းချခြင်း မရှိသေးပေ။ မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် ၀င်ရောက် ရင်းနှီးလုပ်ကိုင်ခွင့်ရ
ခဲ့သည့် ပြည်ပလုပ်ငန်းနှစ်ခုအနက် တစ်ခုဖြစ်သည့် အော်ရီဒူးက ဈေးကွက်အတွင်းလက်ဦး
မှုရယူ ကာ  Telenor Myanmar ထက် ဆောလျင်စွာ ၎င်း၏ ဆင်းကတ်များကို ဩဂုတ်လ
၂ ရက် နေ့က ရန်ကုန်မြို့ရှိ Sule Shangrila ဟိုတယ် တွင် တရားဝင်မိတ်ဆက်ဖြန့်ချိခဲ့သည်။


 သို့သော် အော်ရီဒူးဆင်းကတ်များမှာ ထိုရက် မတိုင်မီ ဇူလိုင်လကုန်ရက်များအတွင်းကပင်
မန္တလေးနှင့် ရန်ကုန်မြို့ရှိ ဈေးကွက်များတွင် ပျံ့နှံ့နေခဲ့ပြီး ဖြစ်သည်။ ထိုသို့ မြန်မာနိုင်ငံအတွင်း
နိုင်ငံတကာ ဆက်သွယ်ရေးအတွေ့အကြုံများနှင့် နည်းပညာ အားသာချက်များရှိသည့် ပြည်ပ
ဆက်သွယ် ရေးလုပ်ငန်းကြီးနှစ်ခု ၀င်ရောက်လုပ်ကိုင် လာသော်လည်း မြန်မာနိုင်ငံတွင်
ဆက်သွယ် ရေးဝန်ဆောင်မှုများကို နှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့သည့် မြန်မာ့ဆက်
သွယ် ရေးလုပ်ငန်းသည် ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍတွင် အခြေခံအဆောက်အအုံပိုင်း၌
အဆိုပါပြည်ပလုပ်ငန်းကြီးနှစ်ခုထက် အားသာမှုများစွာရှိသည့်အပြင် မြန်မာပြည် ရှိ လူထု
အခြေအနေကိုလည်း ပိုမိုသိရှိ နားလည်သည့် အားသာချက်များရှိခြင်း တို့ကြောင့် လာမည့်
ကာလအနည်းငယ် တွင်လည်း အသာစီးရလာနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများနှင့် တယ်
လီဖုန်းသုံးစွဲသူ များက ခန့်မှန်းသည်။

"အော်ပရေတာအသစ်တွေ ဘယ်လောက် ပဲဝင်လာပါစေ၊ အခုချိန်မှာတော့ မြန်မာ့ဆက်
သွယ်ရေးဆင်းကတ်တွေကို အဓိကထား ပြီး သုံးတဲ့သူတွေက သုံးနေတုန်းပါပဲ။ ဒါ့ပြင်
အမ်ပီတီကလည်း ဂျပန်တွေနဲ့ ပူးပေါင်းလုပ် ဆောင်လာပြီဆိုတော့ ရှေ့လျှောက်တယ်လီကွန်း
လောကမှာ အမ်ပီတီထွန်းကားလာနိုင် တယ်လို့ ထင်ပါတယ်။ လူတွေကို အခုထက်ပို စိတ်
၀င်စားစရာကောင်းတဲ့ ၀န်ဆောင်မှုတွေ ကို ပေးနိုင်ရင်တော့ လူတိုင်းအမ်ပီတီကိုပဲ ရွေးချယ်
ကြမယ်လို့ ထင်ပါတယ်" ဟု ဦးထွန်း အောင်ကျော်က ပြောသည်။

ထို့ပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တရားဝင် ၀က်ဘ်ဆိုက်တွင်လည်း ၂၀၁၄ ခုနှစ်
အတွင်း အမ်ပီတီဆင်းကတ်ပေါင်း ငါးသန်းကျော် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ဖော်ပြ
ထားပြီး ဖြစ်သည်။

"အော်ပရေတာအသစ်တွေကို လူတွေက အကြီးကြီးမျှော်လင့်ထားကြတာပါ။ သူတို့ ၀င်လာ
ရင်တော့ အင်တာနက်ကိုမြန်မြန် သုံးနိုင်မယ်ဆိုပြီး မျှော်လင့်ထားကြတာပါ" ဟု မြန်မာနိုင်ငံ
ကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။ သို့သော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
သည် ဈေးကွက်အတွင်းယှဉ်ပြိုင်မှုတွင် အား နည်းလျက်ရှိပြီး ဈေးကွက်ချဲ့ထွင်ရာတွင်
Ooredoo Myanmar ကပိုမိုထိရောက်သည့်နည်းလမ်းများအသုံးပြုနိုင်ခြင်းကြောင့် စတင်
မိတ်ဆက်သည့်အချိန်က ဈေးကွက်အတွင်း အသာရရှိခဲ့သည်။

"အော်ရီဒူးက နိုင်ငံခြားအော်ပရေတာ အဖြစ် ပထမဦးဆုံးဝင်လာတော့ အားပေးတဲ့ သူကများ
သွားတယ်။ နောက်ပြီးကြော်ငြာ အားလည်းကောင်းတယ်။ စက်ပစ္စည်းပိုင်းမှာ လည်း အား
သာချက်ရှိပါတယ်"ဟု ဦးဇော်ဇော်မျိုးလွင်က ပြောသည်။

သို့သော်လည်း ဈေးကွက်အတွင်းမိတ် ဆက်ပြီး ရက်ပိုင်းအတွင်း အသုံးပြုရာတွင် အဆင်
မပြေမှုများစွာ ရှိလာသည့်အပြင် ဆင်းကတ်ထည့်သွင်းအသုံးပြုသည့် ဟန်းဆက် များတွင်
ကန့်သတ်ချက်များရှိနေခြင်းတို့ ကြောင့် အော်ရီဒူးဆင်းကတ်များမှာ တဖြည်း ဖြည်းလူကြိုက်
နည်းလာကာ ၀ယ်ယူသူမရှိ သလောက် နည်းပါးလာခဲ့သည်။

"အခု အော်ရီဒူးဆင်းကတ်တွေက ရောင်း အားသိပ်မရှိတော့ဘူး။ ငွေဖြည့်ကတ်တော့
ပုံမှန်လေး ရောင်းနေရတယ်။ အင်တာနက် မြန်နှုန်းကကောင်းတော့ အင်တာနက်သုံးတဲ့သူ
တွေအတွက်တော့ အရမ်းသင့်တော် တယ်" ဟု နေပြည်တော် လင်းရောင်ဦး Computer
sale and Service၊Mobile Accessories မှ ဦးဝဏ္ဏက ပြောသည်။

အော်ပရေတာများ၏ လက်ရှိအားနည်း ချက်ဖြစ်သော သုံးစွဲသူများအတွက် အလေး ထား
ဆောင်ရွက်မှုတွင်လည်း အော်ရီဒူးက အားနည်းချက်ရှိပြီး ကွန်ရက်လွှမ်းခြံုမှုပိုင်းတွင်လည်း
အားနည်းချက်များရှိနေသေးကြောင်း ဦးဇော်ဇော်မျိုးလွင်က ပြောသည်။

အော်ရီဒူးကြုံတွေ့ခဲ့ရသည့် အခက်အခဲ ကို အခြေခံကာ တယ်လီနောကလည်း ၎င်း၏
ဆင်းကတ်များကို အခြေခံလူတန်းစားများ အထိအသုံးပြုနိုင်အောင် အံဝင်ခွင်ကျဖြစ် အောင်
ဆောင်ရွက်ပေးနိုင်ခြင်းကြောင့် သုံးစွဲ သူများအတွက် တယ်လီဖုန်းပြောဆိုရာ တွင် ပိုမိုအဆင်
ပြေကြောင်း မန္တလေးမြို့ခံ များက ပြောသည်။

"တယ်လီနောရဲ့ အားသာချက်က ဟန်း ဆက်မရွေးဘူး။ ခေါ်ဆိုခ သက်သာတယ်။ အော်ရီဒူး
က အင်တာနက်လိုင်းတော်တော်ကောင်းတယ်။ ဒါပေမဲ့ သရီးဂျီ အပြည့်တက် တဲ့ဟန်းဆက်
နဲ့မှ အော်ရီဒူးကတ်ကိုသုံးလို့ ရတယ်။ သာမန်လူတန်းစားတစ်ယောက်အတွက်တော့ အဆင်
မပြေဘူး။ တယ်လီနော ဆင်းကတ်တွေကတော့ အခြေခံလူတန်းစား အထိ အသုံးပြုနိုင်တယ်။
တယ်လီနောရဲ့ အားနည်းချက်ကတော့ အော်ရီဒူးရဲ့ အင်တာ နက်ကွန်နက်ရှင်ကိုတော့
လိုက်မမီတာပါ။ ဒီတော့ အင်တာနက်သုံးဖို့အတွက် အော်ရီဒူး ကိုသုံးပြီး ဖုန်းခေါ်ဆိုဖို့ဆိုရင်
တော့ အမ်ပီတီ ကိုပဲ သုံးတယ်။ ဒါပေမဲ့ အမ်ပီတီကို မသုံး မဖြစ်လို့ သုံးနေရတာပါ။

နောက်ပိုင်း အော် ပရေတာ အသစ်တွေကိုပဲ သုံးတော့မယ်။ ဒါပေမဲ့ အမ်ပီတီက အကောင်း
ဆုံးလုပ်ပြလာ နိုင်တယ်ဆိုရင်တော့ ငြင်းစရာမလိုပါဘူး" ဟု မန္တလေးမြို့ခံ ဦးထူးမိုးက ပြော
သည်။

တယ်လီဖုန်းဖြင့် အင်တာနက်အသုံးပြု သည့် မန္တလေးဒေသခံ အများစုက တယ် လီနော
ဆင်းကတ်များ၏ အင်တာနက်အမြန် နှုန်းမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အင်တာနက်
မြန်နှုန်းနှင့် မတိမ်းမယိမ်းသာဖြစ်ကြောင်း ပြောသည်။


 "တယ်လီနောက နောက်မှထွက်တာဆို တော့ ပြဿနာတွေမရှိဘဲ မိတ်ဆက်သွားနိုင် တယ်။
အော်ပရေတာတွေအားလုံး မှောင်ခို ဈေးကွက်ကိုတော့ မထိန်းနိုင်သေးဘူး" ဟု ဦးဇော်ဇော်
မျိုးလွင်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေး၏ အင်တာနက် နှေးကွေးနေခြင်းသည် အင်တာနက်အသုံးပြုခ
ကောက်ခံသည့်စနစ်ကြောင့် ဖြစ်နိုင်ကြောင်း မိုဘိုင်းဖုန်းအသုံးပြုသူများက ပြောသည်။
"အင်တာနက်သုံးခကို တစ်မိနစ်နှစ်ကျပ် နှုန်းနဲ့ကောက်ခံနေရင်တော့ လိုင်းက မြန်လာ
နိုင်စရာအကြောင်းမရှိဘူး။ ဒီလိုကောက်ခံတဲ့ ပုံစံမျိုးနဲ့ အင်တာနက်မြန်နှုန်း မြှင့်မယ်ဆိုရင်
လည်း လူတွေစိတ်ကြိုက်ဒေါင်းလုတ်တွေ ဆွဲ လာကြမှာမို့လို့ ပိုဆိုးလာလိမ့်မယ်။ ဒီတော့
အသုံးပြုတဲ့ဒေတာပေါ်မူတည်ပြီး ပြောင်းကောက်မှသာ အဆင်ပြေနိုင်မယ်လို့ ထင်ပါ တယ်"
ဟု ဦးထူးမိုးက ပြောသည်။

ထို့ပြင် လက်ရှိလုပ်ကိုင်လျက်ရှိသော အော်ပရေတာများသည် ၀န်ဆောင်မှုများပေး ကာ
အရောင်းမြှင့်တင်မှုများ ပြုလုပ်ရာ တွင် သုံးစွဲသူများ၏ ယုံကြည်မှုကို ဂရုတစိုက်အရ ယူသင့်
ကြောင်း ရန်ကုန်မြို့နေ မိုဘိုင်းသုံးစွဲသူ များက ပြောသည်။

3G စနစ်ပါ၀င်သော ဟန်းဆက်များ ဖြင့်သာ၊ အသုံးပြုနိုင်သည့် အော်ရီဒူးဆင်းကတ်ကို တွေ့ရစဉ်။<br />
ဓာတ်ပုံ  - အောင်ဌေးလှိုင်

"မြန်မာ့ဆက်သွယ်ရေးက ငွေဖြည့်ကတ် မှာ ဖုန်းပြောဆိုခအပိုပေးတဲ့ ပရိုးမိုးရှင်းအစီအစဉ်ကို
ပေးတုန်းက ဂျီအက်စ်အမ်အတွက် လား စီဒီအမ်အေအတွက်လားဆိုတာကို သေချာမပြော
ဘူး။ နောက်ပြီး ပြီးခဲ့တဲ့တစ်ပတ် လောက်ကဆိုရင် လက်ကျန်ငွေက ၂၀၀ အောက်ပဲရှိတော့
တယ်ဆိုတဲ့ မက်ဆေ့ချ် အမှားတွေဝင်လာတယ်။ လူတွေက ကိုယ့်မှာ လက်ကျန်ပိုက်ဆံ
တကယ်ကုန်သွားတာလား ဆိုပြီး ဖြစ်ခဲ့ကြတယ်။ အမှားဆိုတာတော့ ရှိကြစမြဲပါ။ ဒါပေမဲ့
အခုချိန်က ဆက်သွယ်ရေး ကုမ္ပဏီတွေ အပြိုင်အဆိုင်ဖြစ်နေတော့ သုံးစွဲ သူတွေအယုံ
အကြည်ကင်းမဲ့စေမယ့် လုပ်ရပ် မျိုးတွေကို မလုပ်ဖို့တော့ လိုတယ်။ အော်ရီဒူး ဆိုလဲ
ဆင်းကတ်တွေ စရောင်းတုန်းက လိုင်း တွေမိတဲ့နေရာ မိ၊ မမိတဲ့နေရာတွေ မမိနဲ့ဆိုတော့
သုံးတဲ့သူတွေက မယုံတော့ဘူး။ အခုရန်ကုန် မှာ တယ်လီနောလာရင်တော့ ဘာတွေကြံုရ
ဦးမလဲ မသိဘူး။ အခုလောလောဆယ်တော့ အင်တာနက်လိုင်းက သိပ်မကောင်းဘူးလို့
ကြားနေရတယ်"ဟု ရန်ကုန်မြို့တွင် နေထိုင်သူ ဦးမင်းဇော်က ပြောသည်။

ရန်ကုန်မြို့ခံ ဦးကျော်မျိုးထွဋ်ကလည်း "မြန်မာ့ဆက်သွယ်ရေးက ဒီမှာ အကောင်းဆုံး အော်
ပရေတာ တစ်ခု ဖြစ် လာဖို့ ဆိုရင် ဆင်း ကတ်တွေကို ဆိုင်တိုင်းမှာ လည်း လွတ် လွတ်လပ်
လပ်ရောင်းချပေး သွားနိုင်ဖို့ လိုပါတယ်။ ပြည်တွင်းအော်ပရေတာဖြစ်ပြီး ဒီဆင်းကတ်တွေကို
ဆိုင်တိုင်းဖြန့်မပေးနိုင် တာ အံဩစရာပါ။ နောက်ပြီး အင်တာနက် ကွန်နက်ရှင်ကောင်းကောင်း
ပေးနိုင်ရင်တော့ အမ်ပီတီက မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေး ကဏ္ဍမှာ နံပါတ်တစ်နေရာကို
ရောက်လာနိုင်မယ်လို့ ထင်ပါတယ်" ဟု ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်