ဆမ်ဆောင်းမှ အသစ်ဈေးကွက်အတွင်းသို့ ရောက်ရှိလာမည့် နုတ် ၄ (Note 4) ဖုန်းအမျိုးအစား
တွင် လက်ဗွေလုံခြံုရေးစနစ် (Finger Scanner)နှင့် နှလုံးခုန်နှုန်းတိုင်းတာသည့်စနစ် အစရှိသည့်
လုံခြံုရေးမြင့်မားသော နည်းပညာတို့ဖြင့် မိုဘိုင်းဖုန်း ဈေးကွက်အတွင်းသို့ ၀င်ရောက်ယှဉ်ပြိုင်လာ
ခဲ့ပြီး အောက်တိုဘာလ ၁၀ ရက်နေ့တွင်ပြုလုပ်သော ဆမ်ဆောင်းထုတ်ကုန် မိတ်ဆက်ပွဲတွင်
မီဒီယာများကို ပြသခဲ့သည်။
ဂလက်ဆီ နုတ် ၄ ၏ လုံခြံုရေးလက်ဗွေစနစ်မှာ သုံးစွဲသူအနေဖြင့် ၎င်း၏ လက်ဗွေကို ဖုန်းအတွင်း
သို့ မှတ်သားစေ၍ ဖုန်းကို အဖွင့်အပိတ်ပြုလုပ်သောအခါ မှတ်သားထားသော မိမိ၏ လက်ဗွေဖြင့်
ဖုန်းတွင် နှိပ်ပေးလိုက်ရမည်ဖြစ်ပြီး သို့မှသာ ဖုန်းဖန်သားပြင် ပွင့်လာမည်ဖြစ်သည်။
ထို့ပြင် သုံးစွဲသူများအတွက် မိမိ၏ ကျန်းမာရေးအတွက် အားကစားပြုလုပ်ခြင်း၊ နှလုံးခုန်နှုန်း
တိုင်းတာခြင်းများကိုပါ ဖုန်းကျောဘက်ရှိ Heart Rate Monitoring (HRM Sensor) ကို
လက်ဖြင့် ဖိလိုက်သည်နှင့် တစ် ပြိုင်နက် မိမိ၏ နှလုံးခုန်သံ တစ်မိနစ်အတွင် အမြန်နှုန်းမည်မျှ
ရှိသည်ကို တိုင်းတာနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် နေရောင် အောက်တွင် ဖုန်းကို ယူဆောင်
သွားပြီး နေရောင်အလင်းတန်းတွင် ခရမ်းလွန်ရောင်ခြည် မည်မျှပါ၀င်သည်ကိုပါ UV Sensor
တိုင်းတာ သိရှိနိုင်မည်ဖြစ်ကြောင်း မိတ်ဆက်ပွဲတွင် ပြသခဲ့သည်။
အဆိုပါ ဆမ်ဆောင်း နုတ် ၄ သည် အရင်မိတ်ဆက်ပြသခဲ့သော နုတ် ၃ နှင့် မတူပဲ ထူးခြား
ကောင်းမွန်သည့် လုံခြံုရေးစနစ် များ လှပသေသပ်သော အနားသပ်များ၊ နူးညံ့သိမ်မွေ့သော
လုပ်ဆောင်ချက်များဖြင့် ပွဲလာပရိတ်သတ်များကို ဆွဲဆောင်နိုင်ခဲ့ သည်။
နုတ် ၄ တွင် လုပ်ဆောင်ချက် အသစ်များကို တပ်တိုးပါ၀င်ခဲ့ပြီး ၎င်းနှင့်တွဲဖက်ပါ၀င်လာသော
ပန် (Pen) ၏ လုပ်ဆောင်ချက်များသည်လည်း ယခင်ဗားရှင်းများထက် လုပ်ဆောင်နိုင်မှု
ထူးခြားကောင်းမွန်ကြောင်း ပွဲထုတ်ပြသခဲ့သည်။
ကင်မရာပစ်ဆဲလ်သည် ၁၆ မက်ဂါပစ်ဆဲလ်နှင့် အိုအိုင်အက်စ် (OIS: optical image stabilizer)
ဖြင့် ရိုက်ချက်များကို ဝေဝါးခြင်းမရှိအောင် ထိန်းညှိပေးမည်ဖြစ်ပြီး အရမ်းမှောင်နေသည့်အချိန်တွင်
ရိုက်သော ပုံရိပ်များကိုပင် ကြည်လင် ပြတ်သားသော အလင်းအမှောင်များဖြင့် ရရှိစေနိုင်သော
စွမ်းရည်များ၊ ထို့ပြင် ၃ ဂျီနက်ဝက်ခ် အပြင် ၄ ဂျီနက်ဝက်တွင်ပါ အထောက်အပံ့ပေးထားကြောင်း၊
Selfie ရိုက်လိုသူများအတွက် ၃.၇ မက်ဂါပစ်ဆဲလ်ရှိသော ရုပ်ထွက်စနစ်ဖြင့် ရရှိမည်ဖြစ်ပြီး
တစ်နာရီအတွင်းတွင်ပင် သုည ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ ဖုန်းကို အလျှင်အမြန် အားဖြည့်
သွင်းပေးသွင်းနိုင်သော ခေတ်ရှေ့ပြေး နည်းပညာများဖြင့် တွဲဖက်ပါ၀င်လာကြောင်း တွေ့ရသည်။
သို့သော် ဆမ်ဆောင်း ဂလက်ဆီ နုတ် ၄ ကို မိတ်ဆက်ပွဲတွင် ဈေးနှုန်းကို အသိပေးပြောကြားခဲ့ခြင်း
မရှိသော်လည်း အောက်တိုဘာလ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံတွင် ၀ယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း
သိရသည်။
အဆိုပါပွဲတွင် ဆမ်ဆောင်း မြန်မာ၏ အဓိက သံအမတ်ဖြင့် ရွေးချယ်ခံခဲ့ရသော အဆိုတော်
စိုင်းစိုင်းခမ်းလှိုင်သည် ၎င်း၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် လာရောက်သော ပွဲကြည့်ပရိသတ်များ
ကို ဖျော်ဖြေပေးခဲ့ပြီး သရုပ်ဆောင် ချစ်သုဝေ နှင့် သက်မွန်မြင့်တို့ကလည်း ဧည့်သည်တော်အဖြစ်
လာရောက် အားပေးခဲ့ကြသည်။

















