တယ်လီနော ဆင်းကတ်များ ရန်ကုန်၌ မကြာမီ စရောင်းမည်

တယ်လီနော ဆင်းကတ်များ ရန်ကုန်၌ မကြာမီ စရောင်းမည်

တယ်လီနောမြန်မာက ၎င်းတို့၏ ၀န်ဆောင်မှု များကို ရန်ကုန်မြို့တွင် လာမည့် ၁၀ ရက်မှ ၁၅ ရက်
ခန့်အတွင်း စတင်တော့မည်ဟု အမှုဆောင်အရာရှိချုပ် ပီတာဖားဘတ်က ယခုလ ၁၅ ရက်နေ့က
ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုကိုးကျွန်းမှ လွဲ၍ ကျန်မြို့နယ် ၄၄ မြို့နယ်တွင် ယခုလ ၂၅ ရက်မှ
၃၀ ရက်နေ့များအတွင်း ၀န်ဆောင် မှုများစတင်နိုင်မည်ဖြစ်သည်။ ရန်ကုန်တွင် တာဝါတိုင် ၃၀၅
တိုင်ဖြင့် စတင်မည်ဖြစ်သည်ဟု ပီတာဖားဘတ်က ပြောသည်။

"ရန်ကုန်မြို့မှာ ၂ွ နက်ဝပ်ရရှိမှာ ဖြစ်ပြီး ၃ွ လည်းပါရှိမှာဖြစ်သလို တဖြည်း ဖြည်းတိုးချဲ့သွားမှာ
ဖြစ်ပါတယ်။ တာဝါတိုင် ၃၀၀ လောက်လိုမယ်လို့ ကျွန်တော်တို့ အမြဲတမ်းပြောခဲ့တာပါ။ အခု
ကျွန်တော်တို့မှာ တာဝါတိုင် ၃၀၅ တိုင်ရှိနေပြီဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

နက်ဝပ်အရည်အသွေး ပိုမိုကောင်းမွန် စေရန်လည်း အချိန်ယူကာ လုပ်ဆောင်သွား မည်ဟု
၎င်းကပြောသည်။ တယ်လီနောသည် ပြီးခဲ့သည့်လက မန္တလေးမြို့တွင် တာဝါတိုင် ရ၀ ဖြင့်
စတင် ၀န်ဆောင်မှုပေးခဲ့ပြီး ယခုအခါ တာဝါတိုင် ၈၄ တိုင်ရှိနေပြီဖြစ်ကာ လာမည့် တစ်ပတ်မှ
လေးပတ်အတွင်း နောက်ထပ် တိုင် ၃၀ ဆက်လက်တည်ဆောက်မည်ဟု သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်