အင်တာနက်သုံးစွဲခ ဒေတာဖြင့် ကောက်ခံမှုနှင့်ပတ်သက်၍ဗဟုသုတရှိရန်လိုအပ်နေ

အင်တာနက်သုံးစွဲခ ဒေတာဖြင့် ကောက်ခံမှုနှင့်ပတ်သက်၍ဗဟုသုတရှိရန်လိုအပ်နေ

မြန်မာနိုင်ငံတွင် ဆယ်သွယ်ရေးဝန်ဆောင်မှုများပေးနေသော ပြည်ပကုမ္ပဏီနှစ်ခု၏ အင်တာနက်ခ
ကောက်ခံသည့် စနစ်များသည် ပြည်တွင်းအော်ပရေတာများနှင့် တူညီမှုမရှိဘဲ (Volume Base )
အခြေခံ ကောက်ခံသည့် စနစ်မျိုးဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မိမိသုံးစွဲမည့် ပက်ကေ့ချ်
ပုံစံကို နားလည်ထားရန် လိုအပ်နေကြောင်း နည်းပညာအသိုင်းအဝိုင်းက ထောက်ပြခဲ့သည်။

"မြန်မာလူမျိုး အများစုက အချိန်နဲ့ ကောက်ခံတဲ့ပုံစံကို အသားကျနေတဲ့ သုံးစွဲသူတွေ အနေနဲ့
(Volume Base ) ကောက်တဲ့အပေါ်မှာ မတွက်ချက်တတ်ကြဘူး။ ဘယ်လိုတွက်ချက်ရမှန်းမသိ
ဖြစ်တတ်တယ်။ ဒါတွေကိုလည်း ပြည်သူတွေဘက်က လေ့လာဖို့၊ ဗဟုသုတရှိဖို့လည်း လိုအပ်
ပါတယ်။ ဒီစနစ်ကို သုံးစွဲတဲ့အခါမှာလည်း အင်တာနက်ကို အမြဲဖွင့်ထားလို့ရတာတို့၊ အချိန်မီ
အီးမေးလ် ရောက်မရောက် ချက်ချင်းသိရတာတို့၊ စတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။
တစ်ချို့သုံးစွဲသူတွေကလည်း ဘာမှမသုံးဘဲနဲ့ ငွေဖြတ်ခံရတယ်လို့ ပြောကြတာတွေလည်းရှိတယ်။

အဲ့ဒါ တွေကလည်း တကယ်တော့ အော်ပရေတာတွေရဲ့ မမှန်မကန် လုပ်တာမျိုး မဟုတ်ပါဘူး။
သူတို့ရဲ့ ဖုန်းတွေထဲမှာကို သတင်းလို အက်ပလီကေးရှင်းမျိုးတွေက သီချင်းဒေါင်းလုပ် ဆွဲချနေတာ
တွေက နောက်မှာ ဖွင့်ထားမိပြီး ပိုက်ဆံတွေဖြတ်ခံနေရတာပါ။ အဲ့ဒါတွေကိုလည်း ဘယ်လိုပိတ်
ရမလဲ သုံးစွဲသူတွေအနေနဲ့ လေ့လာထားသင့်ပါတယ်"ဟု ရွှေပြည်တံခွန်မှ (Project Manager )
ကိုနန္ဒစိုးက မြန်မာတိုင်း(မ်)ကို ပြောသည်။

ဖုန်းအသုံးပြုသူ အများစုသည် ကီးပက်များကို သုံးစွဲခြင်းမှာ တဖြည်းဖြည်းရှားပါးလာပြီး အန်းဒရိုက်၊
အိုင်အိုအက်စ်တို့ကို အခြေခံသော အဆင့်မြင့်ဖုန်းများသုံးစွဲလာကြသောကြောင့် ဖုန်းသည် မိမိဖွင့်
ထားတာက ဖေ့စ်ဘွတ်ခ် ဖြစ်သော်လည်း နောက်ကွယ်တွင် သတင်းများက အလိုအလျောက်
ဒေါင်းလုပ်လုပ်ခြင်းများ၊ ဓာတ်ပုံများ ၀င်နေခြင်းများ စသဖြင့်ရှိနေတတ်ပြီး အဆိုပါအကြောင်းအရာ
များသည် အင်တာနက်သုံးစွဲခ မြင့်တက်လာခြင်းများဖြစ်သည်။

"ကျွန်တော်တို့ခုသုံးနေတဲ့ ဖုန်းတွေဟာဆိုရင် Background Runnig App က နောက်ကွယ်
ကနေ ဒေါင်းလုပ် လုပ်နေနိုင်ပါတယ်။ အဲ့ဒါတွေကို တားမြစ်ဖို့လည်း ဖုန်းတိုင်းရဲ့ စက်တင်တွေ
ထဲမှာ ရှိနှင့်ပြီးသားပါ။ ဒါတွေကို ပိတ်ထားမှ အသုံးပြုခတွေက သက်သာလာမှာပါ။ အဲ့လိုမဟုတ်
ဘူးဆိုရင် အများကြီး ကုန်ကျနေပါလိမ့်မယ်။ နောက်ပြီး ဖုန်းကဒ်ထုတ်လုပ်တဲ့ အော်ပရေတာတွေ
ဟာဆိုရင်လည်း သူတို့တွေရဲ့ ဖုန်းဆိုင်တိုင်းမှာ ဒါတွေကို အများသူငါ ဗဟုသုရရှိဖို့အတွက်
ရှင်းပြနိုင်တဲ့သူတွေရှိဖို့လိုအပ်ပါတယ်။ ဒီလိုနည်းလမ်းတွေနဲ့ပဲ သုံးစွဲသူ တွေကို စည်းရုံးရမှာပါ"ဟု
လက်ရှိတွင် ပြည်ပကုမ္ပဏီများကို နည်းပညာ အထောက်အပံ့ ၀န်ဆောင်မှု ပေးနေသော ပုဂ္ဂလိက
ကုမ္ပဏီမှ ကိုရဲကျော်စွာဘိုက မြန်မာတိုင်းမ်ကို ပြောသည်။

၎င်းသည် ယခင်က မြန်မာ့ ဆက်သွယ်ရေး ဂျီအက်စ်အမ် အိပ်ချိန်းတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော
၀န်ထမ်းဟောင်း တစ်ဦးလည်းဖြစ်သည်။

"ကျွန်တော်ကတော့ လောလောဆယ် အမ်ပီတီကိုပဲသုံးတယ်။ ဒါပေမယ့် ညဘက်ဆိုရင် လိုင်းက
အဆင်မပြေဘူး။ မနက်ဆိုရင်တော့ အဆင်ပြေတယ်။ ကျွန်တော်က ဖေ့စ်ဘွတ်ဘဲသုံးတာ။ အူရီးဒူး
ကျတော့ အဆင်ပြေတယ်လို့ပြောကြတယ်။ ဒါပေမယ့် ဘယ်လိုငွေဖြတ်တာလဲ ကျွန်တော်လည်း
မသိဘူး"ဟု ဘီးအီး ဖြေဆိုထားသူ အင်ဂျင်နီယာကျောင်းသားတစ်ဦးဖြစ်သည့် ကိုသန်းမင်းထက်
က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့်လည်း အင်တာနက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ဟုဆိုရာတွင်လည်း
မိုဘိုင်းဖုန်းတစ်ခုတည်းကို အားကိုး တစ်ကြီး သုံးစွဲခြင်းမျိုးက လုံးဝမဖြစ်သင့်ကြောင်း၊ အိမ်နီးချင်းနိုင်
ငံဖြစ်သည့် ထိုင်းနှင့် စင်ကာပူတို့၌လည်း သုံးစွဲသူအများအပြားသည် အိမ်သုံး၊ ရုံးသုံး အထိုင်ကွန်
ပျူတာများဖြင့်သာ (ADSL or Broadband) တို့က တစ်ဆင့်သာ များသောအားဖြင့် အသုံးပြုမှုရှိခြင်း
ကြောင့် မိုဘိုင်းလိုင်းများသည် အလွန်အကျွံကျပ်တည်းမှု မရှိကြောင်း၊ မိုဘိုင်းအင်တာနက်များကို
အပြင်ထွက်သော အချိန် ကားပေါ်ရောက်သော အချိန်မျိုးတွင်သာ များသောအားဖြင့် သုံးစွဲကြခြင်း
ကြောင့် (Bandwidth ) နဲ့ လူဦးရေ မျှတမှုရှိကြောင်း ရွှေပြည်တံခွန်မှ Project Manager
ကိုနန္ဒစိုးက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဩဂုတ်လ ၁၅ ရက်နေ့က တရားဝင် ၀န်ဆောင်မှုစတင်ပေးခဲ့သော ပြည်ပဆက်
သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် အူရီးဒူးနှင့် စက်တင်ဘာ ၂၇ ရက်နေ့တွင် စတင်ဝန်ဆောင်မှု
ပေးခဲ့သော တယ်လီနောကုမ္ပဏီတို့သည် ဠသူကာန ြေျန ဖြင့်သာ ကောက်ခံလျက်ရှိပြီး ၁ မက်ဂါ
ဘိုက်ကို ၆ ကျပ်မှ ၁၀ ကျပ် အတွင်း သုံးစွဲသူများက ပေးဆောင်နေရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်