ရန်ကုန်တိုင်း၌ တာဝါတိုင် ၈၀၀ ခန့်လိုမည်ဟု တယ်လီနောပြောကြား

ရန်ကုန်တိုင်း၌ တာဝါတိုင် ၈၀၀ ခန့်လိုမည်ဟု တယ်လီနောပြောကြား

တယ်လီနောမြန်မာက ရန်ကုန်တိုင်းဒေသကြီး ၄၄ မြို့နယ်အတွင်း ယခုလမှ စတင်ရှိ ၀န်ဆောင်မှု
ပေးနိုင်ရေး စီစဉ်ထားရာ ကွန်ရက်ဖြန့်ကြက် မှု ပြည့်ဝစေရန်အတွက် တာဝါတိုင်ပေါင်း ၈၀၀ ခန့်လို
မည်ဟု ခန့်မှန်းထားသည်။

လက်ရှိတွင် တာဝါတိုင် ၃၀၅ တိုင်ကိုတည်ဆောက်ပြီးစီးပြီဖြစ်ကြောင်းအမှုဆောင် အရာရှိချုပ်
Mr. Petter Furberg က မြန်မာတိုင်း(မ်)ကို ပြောသည်။ "ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးမှာ
ကွန်ရက်ဖြန့်ကြက်မှုပြည့်ဝဖို့အတွက် တာဝါ ၈၀၀ လိုအပ်မယ်လို့ ခန့်မှန်းထားပါတယ်။ ရန်ကုန်
တိုင်းဒေသကြီးရဲ့ မြို့နယ် ၄၄ မြို့နယ် မှာ စပြီးတော့ ၀န်ဆောင်မှုပေးသွားမှာပါ" ဟု ၎င်းက
ပြောသည်။

တယ်လီနောမြန်မာက လက်ရှိ၀န်ဆောင် မှုပေးလျက်ရှိသော မန္တလေးတိုင်းဒေသကြီး နှင့်
နေပြည်တော်နှစ်ခုပေါင်းတွင် ဆင်းကတ်တစ်သန်းကျော်ဖြန့်ချိပြီးဖြစ်သည်။

"ရန်ကုန်တိုင်းဒေသကြီးမှာတော့ စတင် ၀န်ဆောင်မှုပေးတဲ့အချိန်မှာ ဆင်းကတ် အရေအတွက်
တစ်သန်း ဖြန့်ချိရောင်းချပေးသွားမှာဖြစ်ပါတယ်" ဟု Mr. Petter Furberg က ပြောသည်။

အောက်တိုဘာလ ၂၅ ရက်နေ့မှ ၃၀ ရက် နေ့အတွင်း ရောင်းချပေးသွားရန် စီစဉ်ထား ပြီး မိုဘိုင်း
ဆိုင် ၆,၀၀၀ ကတစ်ဆင့် ဖြန့်ချိ ရောင်းချပေးသွားမည်ဖြစ်သည်။

စက်တင်ဘာလ ၂၇ ရက်နေ့ကမန္တလေးမြို့တွင် စတင်မိတ်ဆက်ချိန်၌ မိုဘိုင်းဆိုင် ၁,၅၀၀ ကို
ဖြန့်ချိသွားမည်ဟုဆိုခဲ့သော်လည်းစတင်ရောင်းချသောအချိန်တွင် ဆိုင် ၉၀၀ ကျော်သာ ဖြန့်ချိနိုင်
ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးတွင်ဝန်ဆောင် မှုများမိတ်ဆက်ပေးပြီး နှစ်ပတ်အကြာတွင် ရန်ကုန်မြို့တွင်
မိတ်ဆက်ပေးမည်ဟု တယ်လီ နောမြန်မာက ကြေညာခဲ့သော်လည်း ရန်ကုန် တိုင်းဒေသကြီးရှိ
သုံးစွဲသူများအတွက်အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ရေး နက်ဝပ် ကြံ့ခိုင်ရန် ဆောင်ရွက်နေမှု
ကြောင့် ၀န်ဆောင် မှုမိတ်ဆက်ပေးမည့်နေ့ကို ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

"ရန်ကုန်မှာကွန်ရက်တည်ဆောက်တဲ့ တယ်လီနောရဲ့ ပါတနာဖြစ်တဲ့ အယ်လ်ရစ်ဆင်က
မြို့တစ်မြို့လုံး ကားတွေနဲ့ ပတ်မောင်း ပြီး နက်ဝပ်ကြ့ံခိုင်မှုကို စမ်းသပ်ခဲ့ပါတယ်။ နေရာတော်
တော်များများမှာ အဆင်ပြေနေ ပေမယ့် တချို့နေရာတွေမှာ အဆင်မပြေမှု လေးတွေရှိနေတာ
ကို တွေ့ရပါတယ်။ အသုံး ပြုချင်တဲ့သူကို ၀န်ဆောင်မှုကောင်းကောင်း ပေးနိုင်ဖို့အတွက်
စတင်ရောင်းချမယ့်ရက်ကို ရွှေ့ထားတာပါ" ဟု Mr. Petter Furberg က ပြောသည်။

မိုဘိုင်းဖုန်းသုံးစွဲသူများကလည်း တယ်လီ နောမြန်မာအနေဖြင့် အကောင်းဆုံးဝန်ဆောင်မှု
များကိုပေးနိုင်မည်ဟု မျှော်လင့်ထားသည်။ "အော်ရီဒူးနောက်မှ ထွက်တော့ အကောင်း ဆုံး
၀န်ဆောင်မှုတွေ ပေးနိုင်မယ်လို့ ထင်ပါ တယ်။ ဒါပေမဲ့ မန္တလေးကအသံလေးတွေ ကြားရ
တာတော့ အင်တာနက်သုံးရတာ အဆင်မပြေဘူးလို့ကြားတယ်။ အမ်ပီတီထက် နည်းနည်းပဲ
ကွန်နက်ရှင်ပိုကောင်းတယ် လို့တော့ ကြားရတယ်။ ဆင်းကတ်ကို တော့ ဘယ်ဟန်းဆက်မဆို
သုံးနိုင်တယ်လို့ ကြားတယ်" ဟု ရန်ကုန်မြို့နေ ဦးကျော်စိုး အောင်က ပြောသည်။

"သာမန်ဖုန်းပြောတဲ့ သူတွေအတွက် တော့ တယ်လီနောက အဆင်ပြေနိုင်ပါ တယ်။ နောက်ဆုံး
အဆင့် ဖုန်းမကိုင်နိုင် သေးတဲ့သူတွေအတွက်တော့ တယ်လီနော ရောက်လာတာ အရမ်းအကျိုး
ရှိပါတယ်။ သူ့ ဆင်းကတ်က ဟန်းဆက်မရွေးဘူး။ တန်ဖိုး နည်းဟန်းဆက်တွေနဲ့လည်း သုံးနိုင်
လို့ပါ" ဟု မိုဘိုင်းဖုန်းသုံးစွဲသူ ဦးညီညီဇော်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်