သတင်းအချက်အလက် နည်းပညာရပ်များ ကို အင်တာနက်မှတစ်ဆင့် အလွယ်တကူ ဖတ်ရှု
လေ့လာနိုင်ရန် စာကြည့်တိုက် ၅၅ ခု တွင် တက်ဘလက်နှင့် ကွန်ပျူတာများကို အသုံးပြုကာ
ဒစ်ဂျစ်တယ်နည်းပညာဖြင့် အသုံးချတပ်ဆင်မည့် Beyond Access Myanmar ၏ အစီအစဉ်
တစ်ရပ်ကို ယခု နှစ်အတွင်းတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
အော်ရီးဒူးမှ သိရသည်။
အဆိုပါအစီအစဉ်မှာ ပြန်ကြားရေး ၀န်ကြီးဌာန၊ The Myanmar Book Aid & Preservation
Foundation (MBAPF), IREX နှင့် အော်ရီးဒူးမြန်မာဆက်သွယ်ရေး ကုမ္ပဏီတို့ ပူးပေါင်းကာ
မြန်မာပြည်သူများ အတွက် မိတ်ဆက်ပေးသော အစီအစဉ်ဖြစ် သည်။
အော်ရီးဒူးမြန်မာက အင်တာနက် ချိတ်ဆက်ခြင်းနှင့် ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး
စာကြည့်တိုက်မှူးများနှင့် စာကြည့် တိုက်ဝန်ထမ်းများအား လိုအပ်သော သင်တန်းများလည်း
ပေးသွားမည်ဖြစ်ကာ ၎င်းတို့မှတစ်ဆင့် စာဖတ်သူများကို အင်တာ နက်အသုံးပြုနိုင်ရေးအတွက်
ပြန်လည် သင်ကြားပေးနိုင်မည် ဖြစ်သည်။
အစီအစဉ် တွင် ပါ၀င်သော စာကြည့်တိုက် ၅၅ ခုတွင်မည်သူမဆို Beyond Access Myanmar
က ထောက်ပံ့ပေးထားသော တက်ဘလက် ကွန်ပျူတာများကို အသုံးပြု၍ အင်တာနက်မှ အသိ
ပညာ၊ ဗဟုသုတ၊ အကြောင်းအရာ ပေါင်းစုံကို အခမဲ့အသုံးပြုနိုင်မည်ဖြစ် ကြောင်း သိရသည်။
"ယခုလို ပြည်သူများအတွက် အင်တာ နက် အသုံးပြုခွင့်ရအောင် ဆောင်ရွက်ပေး ခြင်းသည်
တနည်းအားဖြင့် ပြည်သူကို အသိ ပညာ ပေးခြင်းဖြစ်သဖြင့် လှိုက်လှဲစွာ ကြိုဆိုပါတယ်။ ပထမ
ဆုံး စာကြည့်တိုက် ၅၅ ခုမှာ အောင်မြင်အောင် ဆောင်ရွက်ပေးမှာဖြစ် သလို ယခုထက်တိုးချဲ့ပြီး
ဆောင်ရွက်ရန်လိုအပ်သလို အကူအညီ ပေးသွားမှာလည်းဖြစ်ပါတယ်"ဟု ပြန်ကြားရေးနှင့် ပြည်
သူ့ ဆက်ဆံရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်က ပြောသည်။
"မြန်မာပြည်က မိဘပြည်သူများ အနေဖြင့်လည်း ကျွန်တော်တို့ရဲ့ အင်တာ နက်ကို အလွယ်တကူ
ရယူပြီး အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ မြန်မာပြည်က စာကြည့်တိုက် တွေနဲ့ ယခုကဲ့သို့ စီစဉ်ဆောင်ရွက်
ခွင့်ရတာ အရမ်းဝမ်းသာပါတယ်။ နောက်ပြီးသတင်း အချက်အလက် နယ်ပယ်ထဲကို မြန်မာပြည်
က ပြည်သူလူထု ရောက်လာဖို့အတွက်ဆို ရင်လည်း စာကြည့်တိုက်တွေကစတာ ဟာ အလွန်
ကိုကောင်းမွန်တဲ့ အစီအစဉ် တစ်ရပ်လည်း ဖြစ်ပါတယ်" ဟု အော်ရီးဒူး မြန်မာ၏ အမှုဆောင်
အရာရှိချုပ် ရော့စ်ကောမက်က ပြောသည်။
သတင်းအချက်အလက် နည်းပညာရပ်များ ကို အင်တာနက်မှတစ်ဆင့် အလွယ်တကူ ဖတ်ရှု
လေ့လာနိုင်ရန် စာကြည့်တိုက် ၅၅ ခု တွင် တက်ဘလက်နှင့် ကွန်ပျူတာများကို အသုံးပြုကာ
ဒစ်ဂျစ်တယ်နည်းပညာဖြင့် အသုံးချတပ်ဆင်မည့် Beyond Access Myanmar ၏ အစီအစဉ်
တစ်ရပ်ကို ယခု နှစ်အတွင်းတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
အော်ရီးဒူးမှ သိရသည်။
















