မြန်မာအမျိုးသမီးများ နည်းပညာကဏ္ဍတွင် အတတ်ပညာ ဖလှယ်နိုင်ရန် အဖွဲ့တစ်ခုဖွဲ့စည်း

မြန်မာအမျိုးသမီးများ နည်းပညာကဏ္ဍတွင် အတတ်ပညာ ဖလှယ်နိုင်ရန် အဖွဲ့တစ်ခုဖွဲ့စည်း

မြန်မာပြည်ရှိ သတင်းအချက်အလက်နှင့် နည်းပညာနယ်ပယ်မှ တတ်ကျွမ်းသူအမျိုး သမီးများနှင့်
နည်းပညာကို စိတ်ပါ၀င်စားလေ့လာသူအမျိုးသမီးများ ပိုမိုတွေ့ဆုံပြီး ရင်းရင်းနှီးနှီး အသိပညာ၊
အတတ်ပညာများ ဖလှယ်နိုင်ရေးနှင့် နည်းပညာနယ်ပယ်တွင် အမျိုးသမီးများ ပိုမိုပါ၀င်ပတ်သက်နိုင်
ရေးကိုရှေးရှုလျက် အမျိုးသမီးနည်းပညာရှင် များ၊ အမျိုးသမီးနည်းပညာရှင်ကျောင်းသူများနှင့် နည်း
ပညာစိတ်ပါ၀င်စားသူအမျိုး သမီးများနှင့် ပါ၀င်ဖွဲ့စည်းထားသော "Geek
Girls Myanmar" (ခေါ်) "နည်းပညာတွင် တစ်မူထူးခြားကျွမ်းကျင်သောမြန်မာပြည် မှ
မိန်းကလေးများ"အဖွဲ့အစည်းကိုဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ယခုလ ၁၇ နေ့က ပြုလုပ်သည့်
အော်ရီဒူးမြန်မာကထောက်ပ့ံ ပေးသော ideabox အစီအစဉ်တွင် ကြော်ငြာခဲ့သည်။

"နည်းပညာနယ်ပယ်က ရှေ့ဆောင် လမ်းပြလုပ်နေတဲ့ မြန်မာ့စီးပွားရေးကဏ္ဍများအောင်အောင်မြင်
မြင် ခုန်ကျော်တိုး တက်လာတာနဲ့အမျှ မြန်မာပြည်က အမျိုးသမီးထုလည်း နောက်ချန်မနေသင့်ပါဘူး။
နည်းပညာနယ်ပယ်မှာ အမျိုးသမီးများပါ၀င်ပတ်သက်စေခြင်းဟာ ဖွံ့ဖြိုး တိုးတက်ဆဲ နိုင်ငံတိုင်းမှာ
ရှိသင့်တဲ့အချက် ပဲဖြစ်ပါတယ်။ အခုဆိုရင်မြန်မာပြည်မှာအခြေခံအဆင့်ကနေစပြီး စတင်လေ့လာ
တိုးတက်ဖို့ နည်းပညာနယ်ပယ်မှာပါ၀င်ပတ်သက်ကြဖို့ အခွင့်အလမ်းတွေရနေတာကို ကျွန်မတို့
တွေ့ရပါတယ်" ဟု Geek Girls မြန်မာ၏အကြံပေး Adrianna Tan က ပြောသည်။

နည်းပညာကဏ္ဍများတွင် အမျိုးသမီးများအတွက်အထူးရည်ရွယ်ထားသောပဏာမခြေလှမ်းများ
အဖြစ် အလုပ်ရုံ ဆွေးနွေးပွဲများကျင်းပပြုလုပ်ခြင်း၊ ပုံမှန် နည်းပညာနှင့် စီးပွားရေးသင်တန်းများ
ပေးသွားခြင်း၊ မျက်နှာစုံညီဆွေးနွေးပွဲများ၊ အစည်းအဝေးများ ကျင်းပပြုလုပ်ခြင်းများမှ တစ်ဆင့်
အစပျိုးသွားမည် ဖြစ်သည်။

မိမိတစ်ကိုယ်ရည်စွမ်းဆောင်ရည်များ တိုးတက်ဖွံ့ဖြိုးဖို့သာမက တိုင်းပြည်ကိုပါ တစ်ဖက်တစ်လမ်း
မှအကျိုးပြုနိုင်စေရန် အတွက်ဖြစ်ပြီး နည်းပညာနယ်ပယ်၌ တွင်တွင်ကျယ်ကျယ်လေ့လာနိုင်ပြီး
တီထွင် ဆန်းသစ်မှုများ လုပ်ဆောင်နိုင်စေရန် အမျိုးသမီထုအတွက် အထူးတီထွင်ကြံဆ ထား
သော ၀န်ဆောင်မှုအသစ်များနှင့် ကုန် ပစ္စည်းအသစ်များကိုလည်း မကြာမီ မိတ်ဆက်ပေးသွား
မည်ဖြစ်သည်။

"ဒီလိုနည်းပညာကဏ္ဍတွေမှာ အမျိုးသမီး ထုအများဆုံး တွေ့ကြံုနေကြရတဲ့ အခက် အခဲတွေ
သေသေချာချာ အချိန်တွေ နေရာ တွေ ပေးပြီးခေါင်းစဉ်နဲ့တကွ ဆွေးနွေးသွား ကြဖို့ ရှိပါတယ်။
အခုလိုအချိန်မျိုးမှာ မြန်မာပြည်က အမျိုးသမီးထုအနေနဲ့ နည်း ပညာနယ်ပယ်မှာ ဘယ်လိုနေရာ
မျိုးက ပါ၀င်ပတ်သက်သွားမယ်ဆိုတာ တွေးခေါ် ဖို့အချိန်သင့်ပါပြီ" ဟု အဖွဲ့ကို ဦးဆောင်စီစဉ်သူ
စန္ဒီစိန်သိဏ်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်