တယ်လီနောဆင်းကတ်များအကြောင်းတစုံတစ်ရာကြောင့် ပျောက်ဆုံးသွား၍ ပြန်လည်လာရောက်
လျှောက်ထားပါက ကျပ် ၁၅၀၀ဖြင့် ရရှိမည်ဖြစ်ပြီး ဆင်းကတ် မပျောက် ဆုံးခင်တွင် ဆင်းကတ်
အတွင်းကျန်ရှိခဲ့သော ဖုန်းဘေလ်ကိုလည်း ပြန်လည်ရရှိမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ၏
အလုပ်အမှုဆောင်အရာရှိချုပ် Mr. Petter Furberg ကပြောသည်။
ယခင်ကဆင်းကတ်များပျောက်ဆုံးသောအချိန်၌ ပြန်လည်လျှောက်ထားရာတွင် အခက်အခဲများရှိပြီး
ပြန်လည်လိုင်းဖွင့်ပေးမည့်အချိန်ကို စောင့်ဆိုင်ခဲ့ရကြောင်း မိုဘိုင်းဖုန်း သုံးစွဲသူအချို ့က မြန်မာတိုင်း
(မ်)သို ့သုံးသပ်ပြောသည်။
"အရင်က အမ်ပီတီဆင်းကတ်တွေ ပျောက်လို ့ဘဲဖြစ်ဖြစ်တစ်ခုခုကြောင့်ဆင်းကတ်ပျက်သွားလို ့
ဘဲဖြစ် ဖြစ် ပြန်လျှောက်ရင် သက်ဆိုင်ရာ ဖုန်းရုံးကိုသွားရတယ်။နောက်ပြီး စာ ချုပ်တွေလဲယူသွား
ရ တယ်။ လိုင်းပြန်လျှောက်ရင်လည်း ချက်ချင်းလိုင်းပြန်မပွင့်ဘူး။နှစ်ရက်သုံးရက်လောက်တော့
စောင့် ရတယ်။ ပိုက်ဆံကလည်းနှစ်သောင်းလောက် ကုန်သေးတယ်။ နောက်ပြီးဖုန်ထဲမှာကျန်ခဲ့
တဲ့ငွေလည်း ပြန်မရ ဘူး။အခုလို တယ်လီနောကဖုန်းပျောက်လို ့ပြန်လျှောက်ရင် ၁၅၀၀ ဘဲကုန်
မယ်ဆို တာဖြစ်သင့် ပါတယ်။နောက် ပြီးဖုန်းထဲမှာကျန်ခဲ့တဲ့ငွေပြန်ရမယ်ဆိုတော့ ဒီအစီအစဉ်က
သုံးစွဲသူတွေဆီက ပိုက်ဆံ ကို လိုတာထက်ပိုမယူတာ သိသာပါတယ်" မိုဘိုင်းဖုန်းသုံးစွဲသူ
ဦးညီဇော်က မြန်မာတိုင်း(မ်)သို ့ပြော သည်။
တယ်လီနောမြန်မာမှ ဆင်းကတ်များရောင်းချချိန်တွင် ပြင်ပဈေးကွက် မဖြစ်ပေါ်ရန်အတွက်လည်း တယ်လီနောဆင်းကတ်များဝယ်ယူပါက ငွေဖြည့်ကတ်ပါ၀ယ်ယူရမည် ဖြစ်ပြီး ယခု အခါ တွင်
ပြင်ပ ပေါက်ဈေးကို ထိန်းချုပ်နိုင်ရန်အတွက် လူတစ်ဦးကို ဆင်းကတ်တစ်ကတ်သာ ၀ယ်ခွင့်
ပေးထား ကြောင်း Mr. Petter Furberg ကပြောသည်။
လက်ရှိတွင် ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော် သုံးခုတွင်စုစုပေါင်း ပျမ်းမျှအားဖြင့် တယ်လီနော
ဆင်းကတ်အရေအတွက်ပေါင်း ၂သန်းဖြန် ့ဝေပြီးဖြစ် ကြောင်း၎င်းကပြောသည်။

















