အူရီးဒူးမြန်မာက ရန်ကုန်တွင် ၉၅ ရာခိုင်နှုန်းခန့်ထိ ကွန်ယက်ဖြန့်ကျက်ပြီးဖြစ်

အူရီးဒူးမြန်မာက ရန်ကုန်တွင် ၉၅ ရာခိုင်နှုန်းခန့်ထိ ကွန်ယက်ဖြန့်ကျက်ပြီးဖြစ်

အူရီးဒူးမြန်မာသည် ၎င်းတို့၏ ဆက်သွယ်ရေးဝန်ဆောင်မှု ကွန်ယက်များဖြန့်ကျက်ပြီး နှစ်လခွဲ
အတွင်းတွင် ရန်ကုန်မြို့၌ ကွန်ယက်လွှမ်းခြံုနိုင်မှု ၉၅ ရာခိုင်နှုန်းခန့် ရှိနေပြီဖြစ်ကြောင်း အောက်တို
ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ရော့စ်ကောမက်က ပြောကြား
ခဲ့သည်။

"ကျွန်တော်တို့ရဲ့ ကွန်ယက်ကို ၉၅ ရာခိုင်နှုန်းခန့်ထိ လွှမ်းခြံုထားပြီးဖြစ်ပါတယ်။ ဒီအနေအထား နဲ့
ရပ်သွားမှာမဟုတ်ပါဘူး။ နေ့စဉ်နဲ့အမျှ ဆက်လက်ပြီးတော့ ြေျန ှအအေငသည တွေ ၊ တာဝါတိုင်
တွေကို လွတ်တဲ့နေရာတွေမှာ မြေပုံနဲ့တကွ လိုက်ကြည့်ပြီး ဖြည့်ပေးနေပါတယ်။ အခုနှစ်လခွဲ
အတွင်းမှာ ကွန်ယက်လွတ်နေတဲ့နေရာလေးတွေ ရှိနေပါသေးတယ်။ အင်းယားကန်၊ ကိုးမိုင်တို့လို့
နေရာမျိုးတွေမှာ ကွန်ယက်နည်းနည်းလွတ်နေပါတယ်။နောက်ပြီး ပါရမီလမ်း၊ သာကေတမြို့၊ ရွေတိ
ဂုံတောင်ဘက်မုခ်လိုနေရာမျိုးမှာ ကွန်ယက်တွေကိုလာမယ့် ရက်သတ္တပတ် အတွင်းမှာ အဆင်ပြေ
ပြေ အသုံးပြုလာနိုင်တော့မှာဖြစ်ပါတယ်"ဟု အူရီးဒူးမြန်မာရဲ့ အမှုဆောင် အရာရှိချုပ် ရော့စ်ကော
မက်က စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းတွင် မြို့ ၄၄ မြို့နယ်ရှိသည့်အနက်တွင် ၃၉ မြို့နယ်ကို ကွန်ယက်လွှမ်းခြံု
ပြီးလည်းဖြစ်ပြီး၊ အဆိုပါ ၃၉ မြို့နယ်မှ ၂၅ မြို့နယ်ဟာဆိုရင် ကွန်ယက် အရမ်းကောင်းကြောင်း ပဲခူး
တိုင်းတွင်လည်း မြို့နယ်ပေါင်း ၂၈ မြို့နယ်ရှိတဲ့ထဲက ၁၅ မြို့နယ်ကိုလည်း ၀န်ဆောင်မှုတွေ စတင်ပေး
နေပြီလည်းဖြစ်ကြောင်း ရက်သတ္တပတ် အနည်းငယ်တွင်းမှာလည်း ပဲခူးတိုင်းတွင်းတွင် ကျန်ရှိသည့်
မြို့များ၌ ၀န်ဆောင်မှုများကို ရရှိသွားမှာဖြစ်ကြောင်း ရော့စ်ကောမက်က ပြောကြား ခဲ့သည်။

" ကျွန်မတို့ ဆင်းကဒ်တွေကို ဩဂုတ်လမှ စတင်ရောင်းချခဲ့ပြီး နှစ်ပတ်အတွင်းကို ကဒ်အရေ
အတွက် ၁ သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။ ယခုလက်ရှိအထိတော့ ဆင်းကဒ်အရေအတွက်
ဘယ်လောက်လဲဆိုတာကို ကျွန်မတို့ မထုတ်ပြန်သေးပါဘူး"ဟု အူရီးဒူးမြန်မာမှ လူမှုဆက်ဆံရေး
မန်နေဂျာ ဒေါ်သီရိကြာညိုမှ မီဒီယာများကို ပြောသည်။ အူရီးဒူးမြန်မာနည်းတူ ပြိုင်ဘက်ကုမ္ပဏီ
တစ်ခုဖြစ်သော တယ်လီနောမြန်မာအနေဖြင့်လည်း အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဆင်းကဒ်
များကို ရန်ကုန်တွင် စတင် ရောင်းချခဲ့ပြီး ပထမဦး ဆုံးရက်အတွင်း ကဒ်ရေ ၃၅၀၀၀၀ ခန့်အထိ
ရောင်းချနိုင်ခဲ့ကြောင်း တယ်လီနောမှ ၀န်ထမ်းတစ်ဦး၏ ပြောကြားချက်အရ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်