ရန်ကုန်၌ လစဉ်တာဝါတိုင် ၁၀၀ စိုက်ထူသွားမည်ဟု တယ်လီနောပြော

ရန်ကုန်၌ လစဉ်တာဝါတိုင် ၁၀၀ စိုက်ထူသွားမည်ဟု တယ်လီနောပြော

တယ်လီနောမြန်မာက ရန်ကုန်မြို့တွင် အောက် တိုဘာလ ၂၆ ရက်နေ့မှ စတင်ကာ ၎င်းတို့၏
ဆက်သွယ်ရေးဝန်ဆောင်မှုများ စတင်ပြီး နောက် ကွန်ရက်လွှမ်းခြံုမှု ပိုမိုကျယ်ပြန့် ကောင်းမွန်
လာစေရန် လစဉ် တာဝါတိုင် ၁၀၀ ခန့်စီ စိုက်ထူတိုးချဲ့သွားမည်ဟု ဆိုသည်။ လက်ရှိတွင် ရန်
ကုန်မြို့၌ တာဝါတိုင် ၃၈ တိုင်ရှိကြောင်း တယ်လီနောမြန်မာ၏ အလုပ် အမှုဆောင်အရာရှိချုပ်
  Mr. Petter Furberg က ပြောသည်။

"ရန်ကုန်မှာ တူးဂျီရော သရီးဂျီရော လိုင်း ကြပ်တာတွေ မဖြစ်ရအောင်လို့ တာဝါတိုင် တွေ ထပ်
ဆောက်နေပါတယ်" ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးတွင် ကွန်ရက်ဖြန့်ကြက်မှုပြည့်ဝစေရန်အတွက် တာဝါတိုင် ၈၀-၀
လိုအပ်မည်ဟုလည်း ၎င်းက မြန်မာတိုင်း(မ်)ကို ပြောကြားခဲ့ဖူးသည်။

"နေပြည်တော်မှာဆိုရင် အဓိကကတော့ ပျဉ်းမနားမြို့နဲ့မန္တလေးမှာဆိုရင် မြို့ထဲနေရာ တွေမှာ
ညနေပိုင်းမှာ လိုင်းကြပ်တာမျိုးတွေ တွေ့ရပါတယ်။ ဒါဘာဖြစ်လို့လဲဆိုတော့ သူတို့ခန့်မှန်းထား
တာထက် ဆင်းကတ်တွေ ကို လူတွေပိုဝယ်ယူကြလို့ပါပဲ။ ပိုပြီးတော့ လည်း စကားတွေပြောကြ
တဲ့အတွက်ကြောင့် ဒါကိုဖြေရှင်းဖို့ နည်းကတော့ တာဝါတိုင်တွေ ထပ်ပြီး အများကြီးချဲ့နေပါတယ်"
ဟု ၎င်းက ပြောသည်။

တယ်လီနောမြန်မာသည် စက်တင်ဘာလ ၂၇ ရက်နေ့က မန္တလေးမြို့တွင် တာဝါတိုင် ရ၀ ဖြင့်
စတင်ခဲ့ပြီး ယခုအခါ တာဝါတိုင် ၉၆ တိုင်ရှိလာပြီဖြစ်သည်။ အောက်တိုဘာလ ၃ ရက်နေ့က
မိတ်ဆက်ခဲ့သည့် နေပြည်တော် တွင် တာဝါတိုင် ၉၀ ရှိသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသ
ကြီး၏ မြို့နယ် ၄၄ မြို့နယ်တွင် တယ်လီနော၏ မိုဘိုင်းဖုန်းဆင်းကတ်များကို စတင်အသုံးပြု နိုင်ပြီ
ဖြစ်ကာ ရောင်းချပေးမည့် မိုဘိုင်းဆိုင် ရှစ်ထောင်အထိရှိနေပြီဖြစ်ကြောင်း Mr. Petter Furberg
ကပြောသည်။

တယ်လီနောမြန်မာက ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်တို့တွင် စုစုပေါင်း ပျမ်းမျှ အားဖြင့်
မိုဘိုင်းဖုန်းဆင်းကတ်နှစ်သန်း ဖြန့်ဝေပြီးဖြစ်ကြောင်း ၎င်းကပြောသည်။

"တယ်လီနောဆင်းကတ်ကဖုန်းဆက်ရင် တော့ ဖုန်းလိုင်းအရမ်းကြည်တယ်။ နောက်ပြီး ဆင်း
ကတ်နဲ့ တွဲသုံးတဲ့ဟန်းဆက်လည်းပေါ တယ်။ ဟန်းဆက်မရွေးဘူး။ နောက်ပြီး ဆင်းကတ်ရောင်း
တဲ့ဆိုင်တွေလည်း အများကြီး ဆိုတော့ သိပ်တန်းမစီခဲ့ရဘူး။ ကျွန်မက ဖုန်း ခေါ်ဖို့ပဲ အဓိကထား
တော့ အင်တာနက်တော့ မသုံးကြည့်ရသေးဘူး"ဟု ရန်ကုန်မြို့နေ ဒေါ်အေးအေးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်