ကားအသုံးပြုမှုကို လျှော့ချစေခြင်းအားဖြင့် ယာဉ်ကြောပိတ်ဆို့မှုတွေကို လျော့ကျစေဖို့ နဲ့ မော်တော်
ယာဉ်အတွက် မလိုအပ်ပဲ ငွေကြေး ကုန်ကျမှုတွေ လျော့နည်းစေဖို့ဆိုပြီး အမေ ရိကန်၊ ဥရောပနဲ့
အာရှနိုင်ငံအချို့မှာ ၀န်ဆောင်မှုပေးနေတဲ့ မော်တော်ကားမျှဝေ သုံးစွဲတဲ့လုပ်ငန်းတွေဟာ အောင်မြင်
မှုရ နေသလို တစ်ဖက်မှာလည်း ဝေဖန်ကန့်ကွက် မှုတွေနဲ့ ကြံုတွေ့နေရပါတယ်။
ကမ္ဘာ့အကြီးဆုံးကားဈေးကွက်ဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ ၂၀၁၃ ခုနှစ်က ကား အစီးရေ ၁၅ သန်း
လောက် ရောင်းချခဲ့ရပေ မယ့် လူတစ်ဦးချင်း မောင်းနှင်ခဲ့ကြတဲ့ ပျမ်းမျှ မိုင်ပမာဏကတော့ လျော့ကျ
သွားတယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံသားအများစု ဟာ ကားတွေပိုင်ဆိုင်ကြပေမယ့် နေ့စဉ်
အလုပ်သွားအလုပ်ပြန်လောက်က လွဲပြီး ကားကိုမသုံးကြပါဘူး။
ဒါကြောင့် ကားဝယ် ယူဖို့ ကုန်ကျငွေနဲ့ အသုံးပြုမှုဟာ မမျှတ ဘူးလို့ မော်တော်ကားမျှဝေသုံးစွဲစေဖို့
၀န်ဆောင်ပေးတဲ့ လုပ်ငန်းတွေဟာ ပြောကြ ပါတယ်။ "နေ့စဉ် အလုပ်သွားအလုပ်ပြန်သုံးဖို့
အတွက်လောက်နဲ့ ကျွန်တော်တို့ ကားတစ်စီး ကိုယ်ပိုင်ဝယ်ထားဖို့ ဘာလို့လိုအပ်မှာလဲ" လို့
အကျိုးအမြတ်မယူပဲ ဆောင်ရွက်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ City CarShare ကို တည်ထောင်သူ
တစ်ဦးက ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ လူတိုင်းနီးပါးက ကိုယ်ပိုင်ကားကို အသုံးပြုနေကြပြီး လူဦးရေ စုစုပေါင်းရဲ့
ငါးရာခိုင်နှုန်းလောက်ကပဲ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ကို အသုံးပြုကြပါတယ်။
ကိုယ်ပိုင်ကားအသုံး ပြုတာကို လျှော့ချနိုင်ခြင်းအားဖြင့် ယာဉ်ကြော ပိတ်ဆို့မှုတွေကို သက်သာ
သွားစေနိုင်သလို လောင်စာဆီအသုံးပြုမှုလည်း ကျဆင်းလာ ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ
့ထုတ် လွှတ်မှု လျော့နည်းသွားစေရေး ရည်ရွယ်ပြီး ကားကို ဝေမျှသုံးစွဲကြတဲ့စနစ်ကို ဖော် ဆောင်
ကြတာဖြစ်ပါတယ်။
အခုလိုစနစ်ကို ဖော်ဆောင်ရာမှာ အများပြည်သူတွေ လွယ်ကူစွာ လက်ခံသုံးစွဲလာစေဖို့အတွက်
နည်းပညာက အများကြီး အထောက်အကူ ပေးပါတယ်။ "တစ်နှစ်မှာကာဗွန်ဒိုင်အောက်ဆိုက်
ထုတ်လွှတ်မှုတန်ချိန် သန်း ၆၅၀ လောက် သက်သာသွားမှာဖြစ်ပါတယ်" လို့ သူက ပြောတယ်။
City CarShare ဟာ ကားအစီးရေ ၄၀၀ ကို ဆန်ဖရန်စ္စစကိုမြို့ရဲ့ နေရာ ၂၅၀ မှာ ထား ရှိပြီးတော့ အလွယ်အကူရယူအသုံးပြုနိုင် အောင်ဝန်ဆောင်မှု ပေးနေပါတယ်။ အသုံး ပြုလိုသူတွေအနေနဲ့
အဖွဲ့ဝင်ထားပြီးရင် မိမိစိတ်ကြိုက်ကားကို မိမိလိုအပ်တဲ့အချိန် အတွက် အွန်လိုင်း ဒါမှမဟုတ်
ဖုန်းအက်ပလီ ကေးရှင်းကနေတစ်ဆင့် ကြိုတင်စာရင်း သွင်းလိုက်ရုံပါပဲ။ အဲဒီနောက်မှာတော့
အသင်းဝင်တိုင်းကို ပေးထားတဲ့ကားသော့ နဲ့ မိမိရွေးချယ်ထားတဲ့ကားကို အနီးဆုံးနေရာ မှာရှိတဲ့
City CarShare ယာဉ်ရပ်နားစခန်း ကနေ သော့ဖွင့် ယူဆောင်မောင်းနှင်သွားပြီး မိမိသွားလိုတဲ့၏
နေရာက အနီးဆုံးမှာရှိတဲ့ စခန်းမှာ ကားကို ထားခဲ့ရုံပါပဲ။ အခုလို လုပ်ဆောင်ခြင်းအားဖြင့် ကိုယ်
ပိုင်ကားဝယ်ယူဖို့မလိုအပ်တော့ပဲ မိမိသွားလိုတဲ့နေရာကို လွယ်ကူသက်သာအဆင်ပြေစွာနဲ့
ရောက်ရှိနိုင်မယ်လို့ ဆိုပါတယ်။ ဒီဝန်ဆောင် မှုဟာ အတော်အသင့် အောင်မြင်မှုရနေပြီးတော့
ဆန်ဖရန်စ္စစကိုမြို့တင်မကပဲ အခြား မြို့တွေအထိပါ တိုးချဲ့ဝန်ဆောင်မှုပေးဖို့ ဆောင်ရွက်နေပါ
တယ်။
သူတို့ရဲ့ ကားတွေအများစုဟာ လျှပ်စစ် ကားတွေဖြစ်တာကြောင့် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ပြီး
၂၀၂၀ ပြည့်နှစ်မှာ အမေ ရိကန်လမ်းတွေပေါ်ကနေ ကားအစီးရေ ၂၀,၀၀၀ လောက် လျှော့ချပေးနိုင်
ဖို့ ရည်ရွယ် ထားပါတယ်။ ဖုန်းထဲမှာ ထည့်သွင်းထားတဲ့ အက်ပလီ ကေးရှင်းကနေတစ်ဆင့် ကား
ကို အလွယ် တကူငှားရမ်းခေါ်ယူနိုင်ပြီး အချိန်ဘယ်လောက်စောင့်ရမယ်။ မိမိဆီလာနေတဲ့ကားက
ဘယ်နေရာကို ရောက်နေပြီလဲဆိုတာကို ဖုန်းပေါ်မှာ အလွယ်တကူ တိုက်ရိုက် မြင်တွေ့နေရတဲ့
စနစ်ဟာလည်း အသုံးပြုသူတွေအတွက်တော့ အလွန်လွယ်ကူအဆင်ပြေတဲ့ စနစ်တစ်ခုဖြစ်ပါ
တယ်။
"ကျွန်တော်တို့စနစ်ဟာ အသုံးပြုသူတွေ အတွက် ဘယ်လိုအတားအဆီးမှ မရှိစေပါ ဘူး။ စမတ်
ဖုန်းတစ်လုံးနဲ့ အကြွေးဝယ်ကတ် ရှိတဲ့ ကားကို အလွယ်တကူခေါ်ယူအသုံး ပြုနိုင်မှာဖြစ်ပါတယ်"
လို့ ၀န်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်တဲ့ Lyft ကို ပူးပေါင်းတည်ထောင်သူ လိုဂန်ဂရင်းက ပြောပါ
တယ်။ ဒီစနစ်ကို အသုံးပြုခြင်းဟာ သာမန်အငှား ယာဉ်ကို အသုံးပြုခြင်းထက် ပိုမိုလုံခြံုစိတ်ချ ရ
တယ်လို့ဆိုပြီး ဈေးလည်းပိုသက်သာပါ တယ်။ မိမိသွားလိုတဲ့နေရာရောက်ရင် ကျသင့်ငွေကို
ခရီးသည်ရဲ့ အကြွေးဝယ်ကတ် ထဲကနေ နှုတ်ယူသွားမှာဖြစ်တဲ့အတွက် လွယ်ကူမှုလည်း ရှိပါ
တယ်။ သူတို့အနေနဲ့ ကားမောင်းသူတွေရဲ့ နောက်ခံရာဇဝင်၊ အလုပ်အကိုင်နဲ့ ရာဇဝတ် မှုကျူးလွန်
ဖူးခြင်းရှိမရှိစတာတွေကို စစ်ဆေး ပြီးမှ မောင်းနှင်ခွင့်ပေးတယ်လို့ ဆိုပါတယ်။
"အဓိကက လုံခြံုမှုနဲ့ ယုံကြည်စိတ်ချရမှု ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။ Lyft အနေနဲ့
ယခုအခါမှာ တစ်လကို အခေါက်ရေနှစ်သန်းလောက်ဝန်ဆောင်မှုပေးနေရတယ်လို့ ဆိုပါတယ်။
သူ့လိုပဲ အခြားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ Uber ကလည်း တစ်လကို အလုပ်အကိုင် သစ် ၅၀,၀၀၀
လောက် ဖန်တီးပေးနိုင်နေတယ်လို့ ဆိုပါတယ်။
"Uber က နည်းပညာကုမ္ပဏီပဲဖြစ်ပါ တယ်။ ဒါပေမဲ့ တခြားနည်းပညာကုမ္ပဏီ တွေလိုမဟုတ်ပဲ
ကျွန်တော်တို့ကို တစ်ကမ္ဘာ လုံးမှာ မြင်သာထင်သာရှိပါတယ်" လို့ ကုမ္ပဏီရဲ့ ပြန်ကြားရေးတာဝန်
ခံ နာရီဟိုဒ ဂျန်က ဆိုပါတယ်။ အခုဆိုရင်သူတို့ဟာ နိုင်ငံပေါင်း ၄၅ နိုင်ငံက မြို့ပေါင်း ၂၁၆ မြို့မှာ
၀န်ဆောင် မှုပေးနေတယ်လို့ဆိုပါတယ်။ဒီလိုကုမ္ပဏီတွေနဲ့ ချိတ်ဆက်ထားတဲ့ ကားမောင်းသူတွေ
ဟာ ကိုယ်ပိုင်ကားရှိထားကြသူတွေဖြစ်ကြပြီးတော့ သူတို့ရဲ့ အလုပ်အားတဲ့အချိန်တွေမှာ အပိုဝင်
ငွေ ရရှိအောင် လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။
"ကျွန်တော်က အလုပ်ဆင်းချိန် ညနေပိုင်း တွေမှာ Uber နဲ့ ချိတ်ဆက်ပြီး လုပ်နေတာ ပါ။ ညနေ
၆ နာရီလောက်ကစပြီး တစ်နေ့ ကို သုံးနာရီ၊ လေးနာရီလောက် မောင်းဖြစ် တယ်။ ပုံမှန်အလုပ်
ထက်တောင် ၀င်ငွေပိုကောင်းသေးတယ်" လို့ ့ဘနမ နဲ့ ချိတ်ဆက် ထားတဲ့ ယာဉ်မောင်းတစ်ဦး
က ပြောပါ တယ်။ ဒါပေမဲ့ ဒီလိုလုပ်ငန်းတွေဟာ ရှေးယခင် ကတည်းကရှိခဲ့တဲ့ အငှားယာဉ်လုပ်ငန်း
တွေ ရဲ့ အကျိုးစီးပွားကို ထိခိုက်လာတာကြောင့် လုပ်ငန်းဆောင်ရွက်တဲ့ နိုင်ငံတိုင်းမှာ ကန့်ကွက်မှု
တွေနဲ့လည်း ကြံုတွေ့နေရ ပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံအချို့မှာ ဒီလုပ်ငန်းတွေ စတင်လုပ်ကိုင်နေကြပြီဖြစ် ပေမယ့် မြန်မာနိုင်ငံကို ရောက်လာဖို့က တော့ နည်းပညာပိုင်း လိုအပ်
ချက်တွေရှိနေသေးသလို တည်ဆဲစည်းမျဉ်းစည်းကမ်းတွေကြောင့်လည်း အချိန်ယူရဦး မှာပါ။

















