တယ်လီနော မြန်မာအနေဖြင့် ဆင်းကတ်များကို သုံးစွဲသူများထံ ရောင်းချပေးရာတွင် တာဝါတိုင်
တွေရဲ့ ပြီးစီးမှုအနေအထားနဲ့ ဆင်းကက်ဝယ်လိုအားဆိုသည့် အချက်နှစ်ခုအပေါ် ချိန်ညှိပြီး ဆင်း
ကက်ဖြန့်ဖြူးမှုကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှသိရသည်။
"ဆင်းကတ်တွေကို ၁၀ သန်းထိဖြန့်ကျက်ဖို့ ယာထားပါတယ်။ ဒါပေမယ့် သုံးစွဲသူတွေဘက်ကို
လည်း ကြည့်ရပါသေးတယ်။ လက်ရှိမှာ တယ်လီနောကို စိတ်ဝင်စားကြတဲ့သူ အမြောက်အမြား
ရှိနေပါပြီ၊ သုံးစွဲသူတွေက ဆင်းကတ်ကို များများဝယ်မယ်ဆိုရင် ကျွန်တော်တို့တည်ဆောက်ထား
တဲ့ ကွန်ယက် တာဝါတိုင်အခြေအနေပေါ်မူတည်ပြီး လိုင်းကျပ်တာ၊ ပြတ်တောက်တာတွေ၊ ဖြစ်နိုင်
ပါတယ်။ အဲ့လို မဖြစ်အောင်လည်း မြန်မြန်ဆန်ဆန် တာဝါတိုင်တွေ ပြီးစီးအောင် ဆောက်လုပ်နေ
ပါတယ်။ ဒီလိုအတော အတွင်းမှာလည်း ကျွန်တော်တို့ဘက်က တာဝါတိုင်တွေ ဆောက်လုပ်ပြီးစီး
နိုင်ခြင်းနဲ့ ၊ သုံးစွဲသူတွေရဲ့ ၀ယ်လိုအား အနည်းအများပေါ်မူတည်ပြီး ဆင်းကတ်ဖြန့်ဖြူးရောင်းချဖို့ကို
ချိန်ထိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် ပီတာဖာ
ဘက်ဂ်က ပြောသည်။
တယ်လီနော ဆင်းကတ်များကို လက်ရှိတွင် အသုံးပြုမှုသည် နေပြည်တော်နှင့် မန္တလေးမြို့ကြီး
နှစ်မြို့တွင် ဆင်းကတ်သုံးစွဲသူ တစ်သန်းခန့်ရှိပြီး ရန်ကုန်တွင် တစ်သန်းဖြင့် စုစုပေါင်း နှစ်သန်း
ခန့်သုံးစွဲနေကြောင်း၊ သို့သော် သုံးစွဲသူအနည်းအများပေါ်မူတည်ပြီး ၃ ဂျီကွန်ယက်သည် ကျဆင်း
ခြင်း၊ ကွန်ယက်ရရှိနိုင်သည့် ဧရိယာ ကျံုသွားခြင်းများ၊ အနည်းငယ်ရှိနေနိုင်ကြောင်း၊ အဆိုပါ ပြဿနာ
များအတွက်လည်း ၎င်းတို့အနေဖြင့် ၀န်ဆောင်မှု ကောင်းစေရန် လျှင်လျှင်မြန်မြန် ပြင်ဆင်ချဲ့ထွင်
နေကြောင်း တယ်လီနောမှ သိရသည်။
အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်တွင် ကွန်ယက်စတင်ဖြန့်ကျက်စဉ်က တာဝါတိုင်
၃၄၈ တိုင်သာရှိပြီး အောက်တိုဘာလ ၃၁ ရက်နေ့တွင် ၃၅၇ တိုင်အထိ ခြောက်ရက်အကြာတွင်
တာဝါတိုင် ကိုးတိုင်ကို တိုးမြှင့် တည်ဆောက်နိုင်ခဲ့ပြီး လက်ရှိတွင် မန္တလေးတိုင်းတွင် တာဝါတိုင်
ပေါင်း ၁၀၇ တိုင်နှင့် နေပြည်တော်တွင် တာဝါတိုင်ပေါင်း ၉၅ တိုင်ဖြင့် ရှိနှင့်နေပြီဖြစ်ကြောင်း၊
၎င်းတို့အနေဖြင့် လတ်တလော၌ တယ်လီနောဆင်းကတ်များကို ရောင်းချပေးသောအခါတွင်
နံပါတ်လှ ဆင်းကတ်များကို ဈေးတစ်မျိုးဖြင့် တယ်လီနော အရောင်းဆိုင်များတွင် ရောင်းချပေးသွား
ရန်အတွက် ဖြန့်ဖြူးခဲသည့်ဆိုင်များထံမှလည်း နံပါတ်လှများကို ပြန်လည် သိမ်းယူလျက်ရှိကြောင်း
တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် ပီတာ ဖာဘက်ဂ် က ထုတ်ဖော်ပြောကြားခဲ့သည်။

















