တယ်လီနော၏ ဖုန်းနံပါတ်အလှများကို ပုံစံလေးမျိုးဖြင့် ဈေးအသီးသီးသတ်မှတ်ထားရာ
အမြင့်ဆုံးဈေးနှုန်းကို ကျပ်သိန်း ၃၀ အထိ သတ်မှတ်ထားကြောင်း တယ်လီနောမြန်မာမှ
သိရသည်။
လွန်ခဲ့သောရက်သတ္တပတ်မှ စတင်၍ ဆင်းကတ်များကို ကျပ် ၁,၅၀၀ ဖြင့် ရောင်းချ ခဲ့ပြီး
ယခုအခါဖြန့်ဖြူးပေးပြီးဖြစ်သော ဆိုင် များကို နံပါတ်အလှများကို ဖြန့်ဖြူးခြင်းမရှိခဲ့ပဲ ဈေးတစ်မျိုးဖြင့်
ယခုကဲ့သို့ သတ်မှတ်လိုက် ခြင်းဖြစ်သည်။
ထိုသို့သတ်မှတ်ရာတွင် Diamond, Platinum, Gold, Premium စသည်ဖြင့် သတ်မှတ်ထား
ကာ Diamond ကို ကျပ် သိန်း ၃၀၊ Platinum ကို ကျပ် နှစ်သိန်း၊ ွသိူ ကို ကျပ် ခုနစ်သောင်းခွဲနှင့်
ဏမနာ ငကာ ကို ကျပ်နှစ်သောင်းခွဲ သတ်မှတ်ထား သည်။ "နံပါတ်အလှတွေကို ၀ယ်ယူလို့ရနေ
ပါပြီ။ ဒိုင်းမွန်းဝယ်ယူရင် ဥပမာအားဖြင့် နောက်ဆုံး အပူးခြောက်လုံးခန့်အထိရရှိမှာ ဖြစ်ပါတယ်။
၀ယ်ယူချင်တဲ့သူတွေအနေနဲ့ကလည်း တယ်လီ နော ရုံးချုပ်ကို ဆက်သွယ်ပြီး နံပါတ်အလှတွေကို
ရွေးချယ်နိုင်ပါတယ်။ သတ်မှတ်ထားတဲ့ဈေးတော့ ပေးရမှာပါ။ လောလောဆယ်တော့ ၀ယ်ယူသူ
မရှိသေးပါဘူး။ တယ်လီနော တရားဝင်ဖုန်းဆိုင်တချို့မှာ ရနေပါပြီ"ဟု တယ်လီနောကောစင်တာမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုသတ်မှတ်ထားသော နံပါတ်အလှ ဈေးနှုန်းများသည် မူရင်းဆင်းကက်တန်ဖိုးထက် အဆ
၂,၀၀၀ ခန့်ရှိနေသည်ကို တွေ့ရသည်။ "ဈေးက အရမ်းများလွန်းတယ်။ လန့်တောင် လန့်တယ်။
သူ့ဈေးက အရင်ကျွန်တော် ကျပ်သိန်း ၃၀ နဲ့ ၀ယ်ခဲ့ရတဲ့ ဂျီအက်စ်အမ် ဈေးနှုန်းလောက်ရှိတယ်။
အဲဒီဈေးနှုန်းတွေနဲ့ တော့ လူတွေ မဝယ်နိုင်လောက်ဘူးလို့ ထင် တယ်ဗျ"ဟု တယ်လီနောဖုန်း
သုံးစွဲသူတစ်ဦး က ပြောသည်။ တယ်လီနောမြန်မာသည် အောက်တိုဘာ လ ၂၆ ရက်နေ့တွင်
ရန်ကုန်၌ ကွန်ရက်စတင် ဖြန့်ကြက်ခဲ့ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ထိ မြို့ကြီးသုံးမြို့တွင်
ဆက်သွယ်ရေးတာဝါတိုင် ပေါင်း ၅၅၉ တိုင်ခန့် ရှိနှင့်နေပြီးဖြစ်ကာ လုပ်ငန်းများကို ယခင်ကထက်
ပိုမိုလျင်မြန် အောင် လုပ်ဆောင်သွားမည်ဟုလည်း တယ် လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်
ပီတာဖာဘက်ဂ်က ပြောသည်။
"ဆင်းကတ်တွေကို ၁၀ သန်းအထိ ဖြန့်ကြက် ဖို့ လျာထားပါတယ်။ ဒါပေမဲ့ သုံးစွဲသူတွေဘက်ကို
လည်း ကြည့်ရပါသေးတယ်။ လက်ရှိမှာ တယ်လီနောကို စိတ်ဝင်စားကြတဲ့သူ အမြောက် အမြား
ရှိနေပါပြီ။ သုံးစွဲသူတွေက ဆင်းကတ် ကို များများဝယ်မယ်ဆိုရင် ကျွန်တော်တို့ တည်ဆောက်ထား
တဲ့ ကွန်ရက်တာဝါတိုင် အခြေအနေပေါ်မူတည်ပြီး လိုင်းကျပ်တာတွေ၊ ပြတ်တောက်တာတွေ၊ ဖြစ်
နိုင်ပါတယ်။ အဲလို မဖြစ်အောင်လည်း မြန်မြန်ဆန်ဆန် တာဝါတိုင် တွေ ပြီးစီးအောင် ဆောက်
လုပ်နေပါတယ်။ ဒီအတောအတွင်းမှာလည်း ကျွန်တော်တို့ ဘက်က တာဝါတိုင်တွေ ဆောက်
လုပ်ပြီးစီးမှုနဲ့ သုံးစွဲသူတွေရဲ့ ၀ယ်လိုအား အနည်းအများ ပေါ်မူတည်ပြီး ဆင်းကတ်ဖြန့်ဖြူးရောင်းချ
ဖို့ကို ချိန်ထိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
လက်ရှိတွင် နေပြည်တော်နှင့် မန္တလေးမြို့ကြီး နှစ်မြို့တွင် သုံးစွဲသူ တစ်သန်းခန့်ရှိပြီး ရန်ကုန်တွင်
တစ်သန်းဖြင့် စုစုပေါင်း နှစ်သန်း ခန့်ရှိကြောင်းသိရသည်။ အောက်တိုဘာလ ၂၆ ရက်နေ့တွင်
ရန်ကုန် တွင် ကွန်ရက်စတင်ဖြန့်ကြက်စဉ်က တာဝါတိုင် ၃၄၈ တိုင်သာရှိပြီး အောက်တိုဘာလ
၃၁ ရက်နေ့တွင် ၃၅၇ တိုင်အထိ တိုးမြှင့်တည် ဆောက်နိုင်ခဲ့သည်။ လက်ရှိတွင် မန္တလေးတိုင်း
ဒေသကြီး ၌ တာဝါတိုင်ပေါင်း ၁၀၇ တိုင်နှင့် နေပြည်တော် တွင် တာဝါတိုင်ပေါင်း ၉၅ တိုင်ရှိနေပြီ
ဖြစ်ကြောင်းသိရသည်။
















