အော်ပရာမီနီနှင့် တယ်လီနောမြန်မာ ပူးပေါင်း

အော်ပရာမီနီနှင့် တယ်လီနောမြန်မာ ပူးပေါင်း

တစ်ကမ္ဘာလုံးရှိ မိုဘိုင်းဖုန်းသုံးစွဲနေသူများထံ မြန်ဆန်ကောင်းမွန်သည့် အင်တာနက်ဝန်ဆောင်မှု
များကို ဆောင်ရွက်ပေးနေသော အော်ပရာ Opera Mini Software ကုမ္ပဏီက တယ်လီနောနှင့်
မြန်မာနိုင်ငံတွင် ပူးပေါင်းဆောင်ရွက်ကာ ၀န်ဆောင်မှုများ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း
အောက်တိုဘာလ ၃၁ ရက်နေ့တွင် မီဒီယာများကို ပြောကြားသည်။

တယ်လီနော သုံးစွဲသူများအနေဖြင့် ၀န်ဆောင်မှုကောင်းများရရှိနိုင်ရန် အော်ပရာ နှင့် တယ်လီနော
မြန်မာတို့ ပူးပေါင်းခဲ့ကြခြင်း ဖြစ်ကာ အကျိုးရလဒ်အဖြစ် ဒေတာအစားသက်သာပြီး မြန်ဆန်တဲ့
သတင်းအချက် အလက်များကို တယ်လီနောကွန်ရက်တွင် အော်ပရာမီနီအက်ပ် (Opera Mini
App) ကို အသုံးပြုခြင်းဖြင့်ရရှိခံစေမည်ဖြစ်ကြောင်း Opera Software ၏ အမှုဆောင်အရာရှိချုပ်
Lars Boilesen က မီဒီယာများကို ပြောသည်။

"တယ်လီနော ကွန်ရက်အသုံးပြုပြီး မိုဘိုင်း ဖုန်းကတစ်ဆင့် အင်တာနက်ကို အော်ပရာမီနီ
ဘရောက်ဇာနဲ့ သုံးစွဲရင် ဒေတာအစားကို ၉၀ ရာခိုင်နှုန်းထိ သက်သာစေမှာဖြစ်ပါတယ်။ ၀က်ဘ်
ဆိုက်တစ်ခုခုကိုဝင်မယ်။ ပေ့ချ်တစ်ခုခု ကို သွားမယ်ဆိုရင် သုံးစွဲသူအနေဖြင့် ငွေကုန် ကြေးကျ
များနေခြင်းကို ထိထိရောက်ရောက် တားမြစ်နိုင်မှာပါ။ နောက်ပြီး တယ်လီနောရဲ့ ၂ ဂျီနက်ခ်ဝပ်ခ်
မှာတောင် အော်ပရာမီနီ ဘရောက်ဇာနဲ့ ၁၆ စက္ကန့်အတွင်း ပေ့ချ်တစ်ခု ကို ၀င်ရောက်ဖတ်ရှုနိုင်မှာ
ဖြစ်ပါတယ်"ဟု Opera Software ၏ အမှုဆောင်အရာရှိချုပ် Lars Boilesen က ပြောသည်။

မြန်မာဖောင့်ပြဿနာနှင့် ပတ်သက်ပြီး နည်းပညာရှင်များနှင့် တိုင်ပင်ပြီး ညှိနှိုင်း လုပ်ဆောင်ပြီးဖြစ်၍
ယူနီကုဒ်နှင့် ဇော်ဂျီ ဖောင့်နှစ်မျိုးစလုံးကိုပင် ယင်းဆော့ဖ်ဝဲဖြင့် စာများကို အမှန်ဖော်ပြပေးနိုင်မည်
ဖြစ်ကြောင်း၊ အော်ပရာမီနီ ဘရောက်ဇာသည် သုံးစွဲသူက ကြည့်ချင်သည့်ဝက်ဘ်ဆိုက်ကို ၎င်း
မိုဘိုင်း ဖုန်းနှင့် အင်တာနက်ကွန်ရက်အကြားတွင် အော်ပရာမီနီ၏ (Cloud Server) တစ်ခုရှိ
နေ၍ ထိုဆာဗာမှတစ်ဆင့် ၀က်ဘ်ဆိုက်ကို ဒေတာအစားသက်သာစေရန် ဆိုက်ချုံ့ပြီး သုံးစွဲသူ၏
မိုင်ဘိုင်းဖုန်းထံ ပို့ဆောင်ပေးမည့် နည်းပညာဖြင့် တီထွင်ထားကြောင်း၊ ထို့အတွက် ဒေတာအစား
သက်သာခြင်းကြောင့် အင်တာနက်သုံးစွဲခ သက်သာစေနိုင်သည်။

ယခုလက်ရှိတွင် Opera Mini Browser ကို m.opera.com နှင့် m.telenor.com.mm ၌
အခမဲ့ဒေါင်းလုပ်ဆွဲနိုင်ကြောင်း တယ်လီ နောမြန်မာမှ အမှုဆောင်အရာရှိချုပ် ပီတာ ဖာဘက်ဂ်က
ပြောသည်။

အော်ပရာမီနီ ဘရောက်ဇာကို ၂၀၀၆ ခုနှစ် မှ စတင်ကာ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ တစ်ဝန်း
လုံးတွင် အော်ပရာမီနီ အသုံးပြုသူ သန်း ၂၅၀ ကျော် ရှိနေပြီသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်