အူရီးဒူးမြန်မာအနေဖြင့် ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာများနှင့်ပတ်သက်ပြီး အကျိုးပြု
အစီအစဉ်များ ပြိုင်ပွဲများကို ကျင်းပလျက်ရှိနေပြီး လက်တလောတွင်လည်း Khan Academy ၊
Master Card တို့နှင့် ပူးပေါင်းကာ တတိယအကြိမ်မြောက်အဖြစ် Translate-a-thon ဘာသာ
ပြန်ပြိုင်ပွဲအား နိုင်ဝင်ဘာလ ၁၅ ရက်နေ့တွင် အမ်အိုင်စီတီ ပက်ခ်တွင် ကျင်းပသွားရန် စီစဉ်နေ
ကြောင်း အူရီးဒူးမြန်မာမှသိရသည်။
"မြန်မာလူမျိုးတွေ အားလုံးဟာ ပညာလေ့လာဆည်းပူးဖို့အတွက် အရမ်းကို စိတ်အား ထက်သန်
ကြတယ်။ ကျွန်တော်တို့ အနေနဲ့လည်း မြန်မာနိုင်ငံအတွင်းမှာ ပညာရေးကို အလွယ်တကူ သင်
ယူနိုင်အောင် တတ်နိုင်သလောက် ကြိုးစား ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။ ခုလိုအစီအစဉ်
အတွက်လည်းKhan Academy နှင့် Master Card တို့နှင့် ပူးပေါင်းခွင့်ရခဲ့တာကို လည်း အင်မတန်
၀မ်းသာပါတယ်။ လူ့အဖွဲ့အစည်းတိုးတက်ဖွံ့ဖြိုးလာသည့်အလျောက် ငွေရေးကြေးရေးဆိုင်ရာ ဗဟု
သုတနဲ့ စာပေတွေက ခေတ်မီနေဖို့ တိုးတက်နေ့ဖို့ အထူးလိုအပ်ပါတယ်။ ခုလည်း နို၀င်ဘာလမှာ
လုပ်မယ့် ဘာသာပြန်ပွဲအတွက် ကျွန်တော်အနေဖြင့် အကောင်းဆုံးမျှော်လင့်ထားပါတယ်"ဟု
အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် ရော့စ်ကော မက်က ပြောသည်။
Khan အကယ်ဒမီ၏ ဗွီဒီယိုစာကြည့်တိုက်တွင် ပါ၀င်သော စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဗီဒီယို
စုစုပေါင်း အပုဒ် ၄၀၀ ကျော်အား လာမည့်လပိုင်းအတွင်း သာဘာပြန်ဆိုနိုင်ရန် စီစဉ်လျက်ရှိနေပြီး
လက်ရှိတွင် အိုင်ဒီယာဘောက်စ်မြန်မာနှင့် မာစတာကတ်မှာ အလုပ်သင်များ၏ အကူအညီဖြင့်
အချိန်ပြည့် ဘာသာပြန်ဆိုလျက်ရှိကြောင်း၊ ထိုထဲမှ ကျန်ရှိသည့် ဗွီဒီယို များအား Translate-a-thon
ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက ဆက်လက်ဘာသာပြန်ဆိုရမည်ဖြစ်ကြောင်း အူရီးဒူးမြန်မာ၏ ထုတ်ပြန်
ချက်အရ သိရသည်။
ပြိုင်ပွဲတွင် အနိုင်ရရှိသူများကို အူရီးဒူးမြန်မာနှင့် မာစတာကတ်တို့မှ ဆုလက်ဆောင်များစွာကို
ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ယခုကဲ့သို့ စီးပွားရေးနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ ပညာဗဟုသုတ
များကို လူငယ်တွေ ပိုမိုသင်ယူတတ်မြောက်နိုင်အောင် အားပေးပံ့ပိုးပေးခြင်းအားဖြင့် ရှေရှည်မှာ
များစွာအကျိုးရှိလာနိုင်မှာဖြစ်ကြောင်း မာစတာကတ်၏ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ တာဝန်ခံ မန်နေ
ဂျာဖြစ်သည့် မစ္စတာ အန်တိုနီယို ကောရိုက ပြောသည်။ ယခင်က ပြိုင်ခဲ့သော ပြိုင်နှစ်ခုအပြီးတွင်
သချင်္ာ၊ သိပ္ပံ၊ ကွန်ပျူတာ ပရိုဂရမ်၊ ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ ဗွီဒီယိုအရေအတွက် စုစုပေါင်း
၃၅၅ ပုဒ်ကို မြန်မာဘာသာသို့ ပြန်ဆိုနိုင်ခဲ့ပြီး၊ ယခုပြိုင်ပွဲအတွက် စိတ်ဝင်စားသည့်ပုဂ္ဂိုလ်များ အနေ
ဖြင့် အသေးစိတ် သိရှိလိုပါက www.facebook.com/translateathonmyanmar တွင် လေ့
လာကြည့်ရှုနိုင်မည်ဖြစ် ကြောင်း သိရသည်။

















