နိုင်ငံတကာနှင့် မြန်မာ ရွှေ၊ငွေနှင့်စတော့ဈေးကွက်တွင် အွန်လိုင်းမှတစ်ဆင့် အရောင်းအဝယ်
လုပ်ကိုင်လိုသူများ အတွက် လက်တွေ့အသုံးပြုနည်း သင်တန်း(အခမဲ့)ကို မြစ်ကြီးနားမြို့တွင်
ပထမအကြိမ်အဖြစ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြန်မာဂိုးဒင်းလင့်ခ်မှ သိရသည်။
ယင်းသင်တန်းကို မြန်မာဂိုးဒင်းလင့်ခ် ကုမ္ပဏီနှင့် MIC Computer & Mobile တို့မှ ပူးပေါင်းဖွင့်
လှစ်ပေးခြင်း ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ရွေ၊ငွေကြေးနှင့် စတော့လုပ်ငန်းများတွင် အရောင်းအဝယ်
များကို လက်တွေ့အသုံးချနိုင် ရန် သင်ကြားပို့ချမည်ဖြစ်ပြီး ယခုလ(နိုဝင်ဘာလ)အတွင်း ဖွင့်လှစ်
သွားမည်ဖြစ်သည်။
သင်ယူနိုင်မည့် ဘာသာရပ်များမှာ နိုင်ငံတကာမှ ရွေနှင့်ငွေကြေးဈေးကွက်တွင် အွန်လိုင်းအသုံးပြု
၍ ရောင်းဝယ်ခြင်း၊ ရွှေ၊ငွေနှင့် စတော့ရောင်းဝယ်ခြင်းဆိုင်ရာ မိတ်ဆက်ပညာ၊ CFDs နည်းဖြင့် ရွှေနှင့် ငွေကြေးရောင်းဝယ်ခြင်းပညာရပ်၊ နိုင်ငံတကာရွှေနှင့်ငွေကြေးရောင်းဝယ်ခြင်းများ
ကို စာတွေ့နှင့် လက်တွေ့သင်ယူနိုင်မည်ဖြစ်သည်။ အဆိုပါသင်တန်းတွင် တက်ရောက်လိုသူများ
သည် အင်တာနက်အသုံးပြုနိုင်ရမည်ဖြစ်ပြီး သင်တန်းတက်ရောက်ချိန် တွင် အင်တာနက်အသုံး
ပြုနိုင်မည့် ဖုန်း၊ လက်တော့ပ်၊ တက်ဘလက် တစ်ခုခု ယူဆောင်လာရမည်ဖြစ်သည်။
ယင်းသင်တန်းအတွက် သင်တန်းသားဦးရေ ကန့်သတ်ထားပြီး အသေးစိတ်သိလိုသူများအနေဖြင့်
Myanmar Golden Link ဖုန်း- ၀၉ ၂၅၉၁၁၆၅၉၂ ၊ ၀၉ ၂၅၄၂၄၁၄၇၃ သို့ ဆက်သွယ်နိုင်ကြောင်း
သိရသည်။

















