ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုဖြစ်သည့် GEW( Global Entrepreneurship Week) ကို စွန့်ဦး
တီထွင်လုပ်ငန်းရှင်များ အတွက် မြန်မာနိုင်ငံရှိ မြို့ကြီးသုံးမြို့တွင် နို၀င်ဘာလ ၁၅ ရက်နေ့မှ ၂၃
ရက်နေ့အထိ တစ်ပတ်ကြာ ဆွေးနွေး သွားမည်ဖြစ် ကြောင်း USAID နှင့် Standard Chartered
တို့မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဆွေးနွေးပွဲကို မြန်မာနိုင်ငံရှိမြို့ကြီးသုံးမြို့ဖြစ်ဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့
များတွင် ပြုလုပ် သွားမည်ဖြစ်ပြီး ယခင်နှစ်များက ရန်ကုန်တွင်သာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်
အပါအဝင်ဆိုပါက သုံးနှစ်တိတိရှိပြီဖြစ်သည်။ ဆွေးနွေးပွဲတွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက်
ရည်ညွှန်းပြီး ၎င်းတို့၏ လုပ်ငန်း စီမံကိန်းစတင်ရာ၌ အခက်အခဲအတားအဆီးများအပေါ် အခြေခံ
ကာ ဗဟုသုတရရှိစေမည့် အကြောင်းအရာများကို Let's get started, Myanmar ခေါင်း
စဉ်ဖြင့် တစ်ပတ်တာ ဆွေးနွေးသွားမည့် လှုပ်ရှားမှုတစ်ရပ်လည်းဖြစ်သည်။
ယခုကဲ့သို့ GEW လှုပ်ရှားမှုများအတွက် အဖွဲ့အစည်း ၁၃ ခုခန့်မှနေပြီး ပူးပေါင်းကူညီခဲ့ကြပြီး
ငွေကြေးဆိုင်ရာ အထောက်အပံ့များကို ့ှဗှီု နှင့် ွှုဇ တို့က ကူညီပေးထားခြင်းဖြစ်သည်။
ယခုကျင်းပသည် ဆွေးနွေးပွဲနှင့် တွေ့ဆုံပွဲများသည် နိုင်ငံပေါင်း ၁၃၅ နိုင်ငံတွင် နို၀င်ဘာလ ရောက်
တိုင်းပြုလုပ်လေ့ရှိသော GEW ၏ လှုပ်ရှားမှု တစ်ရပ်ဖြစ်ပြီး အများပြည်သူများအနေဖြင့်လည်း စိတ်
ပါ၀င်စားပါက အခမဲ့ ၀င်ရောက်လေ့လာနိုင်မှာလည်းဖြစ်ကြောင်း ထို့ပြင် ပွဲအစီအစဉ်အသေးစိတ်
ကို mm.gew.co တွင် ၀င်ရောက်လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

















