အမ်ပီတီကို ဆင်းကတ်ကို ဈေးကွက်အတွင်း စိတ်ဝင်စားမှုလျော့နည်းလာ

အမ်ပီတီကို ဆင်းကတ်ကို ဈေးကွက်အတွင်း စိတ်ဝင်စားမှုလျော့နည်းလာ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၎င်းတို့၏ အမ်ပီတီ ဆင်းကတ်များကို စက်တင်ဘာလ ၁ ရက်
နေ့မှစတင်ကာ ယခုနို၀င်ဘာလ အထိ ပုံစံအသစ်ဖြင့် တစိုက်မက်မက် ရောင်းချပေးခဲ့သော်လည်း
ပြည်သူများဘက်မှ အဆိုပါ ဆင်းကတ်များအပေါ် စိတ်ဝင်စားမှု တဖြည်းဖြည်း လျော့နည်းလာကြောင်း
ဈေးကွက်တွင်းမှ သိရသည်။

အမ်ပီတီသည် ဆိုင်များသို ငွေကျပ် ၁၅၀၀ ကျပ်တိတိဖြင့် ရောင်းချပေးရန် ပြောကြားထားပြီးဖြစ်
သော်လည်း စရောင်းချစဉ်ကတည်းက ဆင်းကတ်၏ မှောင်ခိုတန်ဖိုးမှာ ကျပ် ၂၅၀၀၀ ထိ မြင့်တက်
ခဲ့ကာ ပြည်သူများ အနေဖြင့် ဖြန့်ဖြူးပြီးဆိုင်များတွင် ၁၅၀၀ ကျပ်ဖြင့် တိုးကြိတ်ကာ ၀ယ်ယူမှုများရှိခဲ့
ကြပြီး မှောင်ခိုဈေးဖြင့် တဖန် ပြန်လည်ရောင်းချခဲ့သည်။ ထို့အတွက်ကြောင့် ဆင်းကတ်များသည်
တကယ်လိုအပ်သော ပြည်သူများ၏ လက်ထဲသို့ အနည်းငယ်သာရောက်ရှိပြီး မှောင်ခို ဈေးကွက်
သာ ကြီးစိုးနေခဲ့သည်။ ပြည်ပဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော တယ်လီနောမြန်မာက ၎င်း
တို့၏ ဆင်းကတ်များကို စက်တင်ဘာလ ၂၇ ရက်နေ့မှစတင်ကာ မန္တလေးမြို့တွင်လည်းကောင်း၊
အောက်တိုဘာလ ၃ ရက်နေ့တွင် နေပြည်တော်တွင်လည်းကောင်း ရောင်းချစဉ်က အမ်ပီတီ၏
ဆင်းကတ်တစ်ကတ်၏ မှောင်ခိုတန်ဖိုးမှာ ကျပ် ၁၅၀၀၀ ခန့်အထိ အချိန်ကြာမြင့််စွာရှိနေခဲ့ရာမှ
အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်သို့ တယ်လီနော ဆင်းကတ်များ စတင်ရောင်းချခဲ့ပြီး
သည့်နောက်ပိုင်းတွင် အမ်ပီတီ၏ ဆင်းကတ် မှောင်ခိုတန်ဖိုးမှာ ငွေကျပ် တစ်သောင်းအထိ လျော့
နည်းခဲ့သည်။

"ကျွန်မတို့ ပုံမှန်ရောင်းချနေတဲ့ဈေးက အရင်ရက်က ၉၀၀၀ ကျပ်ပါ။ ဒါပေမယ့် အခုဝယ်တဲ့သူက
တစ်နေ့ ထက် တစ်နေ့ပိုနည်းလာတယ်။ ခုဆိုပုံမှန်ဈေးက ၈၀၀၀ ဖြစ်နေပြီ၊ နောက်ပြီးကျွန်မတို
့ ညနေဘက်ဆို ရင် ဈေးကို ၆၀၀၀ ကျပ်နဲ့ချပြီး ရောင်းလိုက်ပါတယ်။ အဲဒါတောင် တော်တော်
အရောင်းဝယ်အေး နေတယ်"ဟု သိမ်ကြီးဈေး အနီးတစ်ဝိုက်တွင် အမ်ပီတီ ဆင်းကတ်များကို
ဗန်းဖြင့် ချရောင်းလျက်ရှိသော အမျိုးသမီး တစ်ဦးက ပြောသည်။

"မြို့နယ်တစ်ချို့မှာ မှောင်ခိုဈေးကွက်တွေ ဖြစ်နေတာ အမှန်ပါပဲ၊ သက်ဆိုင်ရာ တာဝန်ပေးထားတဲ့
ဖြန့်ဝေသူတွေ၊ တိုက်ရိုက်ရောင်းချဖို့ ပေးထားတဲ့သူတွေကို ၁၅၀၀ ကျပ်နဲ့သာ ရောင်းချပေးဖို့ ပြော
ထားပါတယ်။ ပိုမရောင်းဖို့ သတိပေးထားပြီးပါပြီ၊ ဒီလိုဆက်လုပ်ဆောင်နေမယ်ဆိုရင် ဆိုင်တွေကို
ရောင်းချခွင့် ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်"ဟု စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့
သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး၌ သတင်းအချက်
အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းသန်းက မှောင်ခိုဈေးကွက်နှင့် ပတ်သက်၍
ပြောခဲ့သည်။

သို့သော် မှောင်ခိုဈေးကွက်သည် ပျောက်ပျက်သွားခြင်းမရှိဘဲ ဖုန်းဆိုင်တစ်ချို့မှ ဟန်းဆက်ဖြင့်
တွဲရောင်းခြင်း၊ ဈေးတင်ရောင်းချခြင်းများ ရှိနေပြီး၊ လက်ရှိတွင် ပြည်သူအများစုသည် တယ်လီနော
ဆင်း ကတ်ဘက်သာ စိတ်ပါ၀င်စားမှုရှိနေကြောင်း၊ သို့သော် ပြည်ပအော်ပရေတာများ၏ ၀န်ဆောင်
မှုမရရှိနိုင်သေးသည့် နေရာ များမှ နယ်မြို့သူ မြို့သားများသာ အမ်ပီတီကို များသောအားဖြင့် ၀ယ်ယူ
ကြကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်