အင်တာနက်လိုင်းများ ချဲ့ထွင်နေသည့်အတွက် ဖိုင်ဘာအင်တာနက်လိုင်းများ ငှားရမ်းပေးနေသည့်
ရတနာပုံတယ်လီပို့ အများပိုင်ကုမ္ပဏီလီမိတက်က လိုင်းအသစ် များလျှောက်ထားခွင့်ကို ခေတ္တဆိုင်း
ငံ့ထားခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ အမှုဆောင်အရာ ရှိချုပ် ဦးရှိန်းသူအောင်က မြန်မာတိုင်း(မ်)ကို
ပြောသည်။
လက်ရှိ အင်တာနက်လိုင်းအားများ ချဲ့ထွင် နိုင်ရေးအတွက် ဆက်သွယ်ရေးနှင့် သတင်း အချက်
အလက်နည်းပညာဝန်ကြီးဌာန၏ ခွင့်ပြုစာရရှိပြီးဖြစ်ကာ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းနှင့် ပူးပေါင်း
လုပ်ဆောင်သည့် ဂျပန်ကုမ္ပဏီများနှင့် ဆွေးနွေးနေကြောင်း ၎င်းက ပြောသည်။
"အခုဆိုရင် သုံးတဲ့နှုန်းကလည်းတက် လာတယ်။ ဖွံ့ဖြိုးမှုတွေကလည်းဖြစ်လာ တယ်။ ကျွန်တော်
တို့ အခုအင်တာနက်ဘန်းဝစ်ချ်တွေက မြန်မာ့ဆက်သွယ်ရေး က နေမှ တစ်ဆင့်သွားနေရတယ်။
အဲလိုသွားတဲ့ အခါကျတော့ ကိုယ်ကငွေကြေးစိုက်ထုတ် မှု တိုးမယ်ဆိုတိုင်းလည်း မရဘူးဖြစ်တာ
ပေါ့။ အခုတော့ ကျွန်တော်တို့ တော်တော် လေးကို လိုက်လုပ်ထားပါတယ်။ အခု အင်တာနက်
ဘန်းဝစ်ချ်တွေ ချဲ့ထွင်ခွင့်ရ ပေမယ့်လည်း အနည်းငယ်ကြန့်ကြာနေတာ တွေ ဖြစ်နေပါတယ်"ဟု
၎င်းက ပြောသည်။
သို့သော် အင်တာနက်ဘန်းဝစ်ချ်များ လုံလောက်စွာ ချဲ့ထွင်ပြီးသည့်နောက် ပိုင်း ၀န်ဆောင်မှုပြန်
လည်ပေးသော အချိန် တွင် ဖိုင်ဘာလိုင်း လာရောက်လျှောက်ထား သော သုံးစွဲသူများအတွက်
နှစ်ပတ်အတွင်း ချိတ်ဆက်ပေးနိုင်ရန် ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် မက်ထရိုဖိုင်ဘာလိုင်းအား အဆင့်မြင့်သော်လည်း စမ်းသပ်သုံးစွဲ သည့်ကာလ၌သာ
မြန်နှုန်းအပြည့်အသုံးပြု နိုင်ပြီး စမ်းသုံးကာလအပြီး သတ်မှတ်ရက်မှ စတင်၍ အဆင့်မြင့်တင်ထား
သည့် အင်တာ နက်မြန်နှုန်းမရကြောင်း ရတနာပုံတယ် လီပို့မှ မတ်ထရိုဖိုင်ဘာလိုင်း ငှားရမ်းသုံး
စွဲသူ ဦးကျော်ဇေယျာလင်းက ပြောသည်။
"ကျွန်တော်တို့ ဖိုင်ဘာလိုင်းလျှောက်လို့ ရလားလို့ ရတနာပုံတယ်လီပို့ကိုဆက်သွယ် မေးမြန်းတော့
ဖိုင်ဘာလိုင်းလျှောက်လို့ မရ ဘူးလို့၊ ဒါပေမဲ့အဆင့်မြှင့်လို့ရတယ်လို့ တော့ ပြောတယ်။ အဲတော့
ကျွန်တော် မတ်ထရိုဖိုင်ဘာလိုင်းကို 2MB ကနေ 4MB အထိ မြှင့်လိုက်တယ်။ သူတို့က မမြှင့်ခင်မှာ
စမ်းသုံးကာလအနေနဲ့ တစ်ပတ်ပေးသုံးတယ်။ အဲဒီတုန်းကတော့ အင်တာနက်မြန်နှုန်းက အပြည့်
ရတယ်။ တကယ်လစဉ်ကြေးပေး ပြီး စသုံးတဲ့နေ့ကစပြီး အရင်ထက်နည်းနည်းပဲ မြန်တယ်။ ၄MB
အပြည့်မရဘူး။ လူတွေ အင်တာနက်အသုံးပြုနည်းတဲ့ အချိန်မှ မြန်နှုန်းအပြည့်ရတယ်" ဟု ၎င်းက
ပြောသည်။
ထို့ပြင် အင်တာနက်လိုင်းပြတ်တောက်မှုဖြစ်ပွားပါက အကြောင်းကြားနိုင်သည့် ဖုန်းများမှာ ရုံးပိတ်
ရက်များတွင် ခေါ်ဆိုရန် ခက်ခဲကြောင်းလည်း ၎င်းက ပြောသည်။ "ကျွန်တော်တို့ ရုံးပိတ်ရက်တို့၊
ရုံးဆင်းချိန် တို့ဆိုရင် ရတနာပုံရဲ့ သုံးစွဲသူတွေ ကွန် ပလိန်းတက်လို့ရတဲ့ဖုန်းတွေကို ခေါ်လို့ မရဘူး။
သူတို့ပြောတော့ ၂၄ နာရီဝန်ဆောင် မှု ပေးတယ်ဆိုပြီးတော့။ သုံးစွဲသူတွေ က အင်တာနက်လိုင်း
မကောင်းတာဘဲ ဖြစ်ဖြစ်၊ တစ်ခုခုစုံစမ်း အကြောင်းကြားချင် ရင်ပဲ ဖြစ်ဖြစ်ရုံးဖွင့်ရက်ပဲ ဆက်ရမလို
ဖြစ် နေပြီ" ဟု ဦးကျော်ဇေယျလင်းက ပြော သည်။
ဦးရှိန်းသူအောင်ကမူ ရတနာပုံတယ်လီပို့အနေဖြင့် ကိုယ်ပိုင် Call Center ဖြင့် သုံးစွဲသူဂရုစိုက်မှု
အပိုင်းကိုလည်း လုပ်ဆောင်နေပြီး ဒီဇင်ဘာလအကုန်တွင် သုံးစွဲသူ ဂရုစိုက်မှုအပိုင်းကို ပုံစံသစ်ဖြင့်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြော သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း ဖိုင်ဘာ
လိုင်းများလျှောက်ထားခြင်းများကို ရပ်ဆိုင်းထားကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တာဝန်
ရှိသူတစ်ဦးက ပြောသည်။
"အခုကျွန်တော်တို့ အင်တာနက်မြန်နှုန်း ကို အရင်ထက်ပိုမြန်အောင်တော့ လုပ် ဆောင်နေပါတယ်။
အခုတချို့ ခစေခေငအပ တွေ ကို တိုးချဲ့နေပါတယ်။ အခုလက်ရှိအင်တာနက် မြန်နှုန်းက အရင်က
ထက်စာရင် နည်းနည်း လေးတော့ မြန်လာပါပြီ။ အခုအင်တာနက် မြန်နှုန်း တိုးတက်လာဖို့အတွက်
ဆောင် ရွက်နေတုန်းဘဲ။ ကျွန်တော်တို့ အင်တာနက် ဘန်းဝစ်ချ်ကိုလည်း ရသလောက်တော့ ချဲ့
နေပါတယ်။ အခုလည်း ထပ်ချဲ့နေပါတယ်။ နောက်လည်း ထပ်ချဲ့ဖို့ လုပ်နေပါတယ်။လတ်တလော
အစီအစဉ်အရတော့ ၄ွဘ ကနေမှ ၁၀ွဘ လောက်အထိတော့တိုးလာ နိုင်ပါတယ်။ဒါက ဖိုင်နယ်
ပလန်မဟုတ် သေးပါဘူး။ ဒီထက်တော့ တိုးလာနိုင်ပါ တယ်" ဟုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
အင်ဂျင်နီယာတစ်ဦးက ပြောသည်။
















