မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှုပေးလျက်ရှိသော ကာတာအခြေစိုက်အူရီဒူး
မြန်မာက အင်တာနက်သုံးစွဲခ သက်သာစေရန် နို၀င်ဘာလမှစတင်ကာ ၁၀၀ ကီလိုဘိုက်လျှင်
မြန်မာငွေ ၁ ကျပ် ကောက်ခံနေပြီဖြစ်သည်။ အူရီဒူးမြန်မာသည် ၀န်ဆောင်မှု စတင်မိတ်ဆက်
ချိန်ဖြစ်သည့် ဩဂုတ်လတွင် ၁မက်ဘ်ကို ၂၅ကျပ်ဖြင့်ကောက်ခံခဲ့ပြီး ယင်းကောက်ခံမှုအစား
၁မက်ဘ်ကို ၁၀-ကျပ်ဖြစ်ပြောင်းလဲကောက်ခံခဲ့သည်။
"အင်တာနက်ကို အလေအလွင့်မရှိသက်သက်သာသာ အသုံးပြုနိုင်မယ့် နည်းလမ်းတွေကိုမျှဝေပါ
ရ စေ။စမတ်ဖုန်းတိုင်းမှာ မိုဘိုင်စက်တင်ပါ၀င်ပြီး အဲ့ဒီ့အထဲကအက်ပလီကေးရှင်းတွေရဲ ့Auto
update features တွေကိုပိတ်ဖို ့လိုအပ်ပါတယ်။ ဒါဆိုရင်အင်တာနက်အချက်အလက်ပမာ
ဏကို နောက်ကွယ်ကနေမလိုဘဲ အက်ပလီကေးရှင်းများအသုံးပြုနေခြင်ကို သတ်နိုင် မှာဖြစ်ပါ
တယ်။ဒါ့အပြင်လက်ခံရရှိမယ့် အီမေးလ်ထဲက attachment ကိုဒေါင်းလော့ခ် မလုပ်ခင်သေချာ
စစ်ဆေးဖို ့လိုပါတယ်" ဟု အူရီဒူးမြန်မာမှ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး အကြီးတန်းမန်နေ
ဂျာမသီရီကြာညို က အင်တာနက်အသုံးပြုချိန်၌အလေ့အလွင့်မဖြစ်စေရန် အကြံပြုပြောသည်။
တစ်ချို ့သောနိုင်ငံများတွင် ၁၀၀ ဘိုက်ကို ၁ ကီလိုဘိုက် ဟုအသုံးပြုသော်လည်းအချို ့နိုင်ငံများတွင်
၁၀၂၄ ဘိုက်ယူနစ်ဖြင့်သုံးပြီး အူရီးဒူးမြန်မာသည် မြန်မာပြည်ရှိအသုံးပြုသူများအ တွက် ၁ကီလို
ဘိုက် ၁၀၂၄ဘိုက်စနစ်ဖြင့် သတ်မှတ်ကောက်ခံသည်။
"အူရီဒူးရဲ ့အင်တာနက်ကအရမ်းသုံးလို ့အဆင်ပြေတယ်။နောက်ပြီးအူရီဒူးရဲ ့အင်တာနက်က ဖေ့စ်
ဘုတ်ခ်သုံးရတာလဲ အဆင်ပြေတယ်။ Youtube ကဗီဒီယိုတွေကြည့် ရတာလဲ အဆင်ပြေ
တယ်။နောက်ပြီးဝက်ဆိုက်တစ်ခုခု ဖွင့်ကြည့်ရင်လည်းမြန်တယ်လို ့ကြားတယ်။အရင်းတုန်းက
ဈေးကြီးတုန်းကဆိုရင် လိုတဲ့အချိန် အီးမေလ်တို ့ ဂျီမေးတို ့ပို ့ ရတော့မဲ့ အချိန်ကျမှဘဲ အူရီဒူးရဲ ့
အင်တာနက်ကိုသုံးတယ်။အခုဈေးကနည်းနည်းသက်သာသာ သွားတော့ အရင်းထက်စာရင်
ဒေတာကိုပိုသုံးဖြစ်မှာပါ" ဟု ဦးမြင့်ကျော်စွာက ပြောသည်။
လက်ရှိမှာလည်း အူရီးဒူးမြန်မာ၏ ငွေဖြည့်ကတ်များဖြစ်သည့် တစ်ထောင်နှင့်သုံးထောင်တန်များ
သည်လည်း မိုဘိုင်းဈေးကွက်အတွင်းအရောင်းအဝယ်ကောင်းနေကြောင်း Mr. Fone Telecom
Center မှအော်ပရေးရှင်းမန်နေဂျာ ဦးတင်အောင်လွင်ကပြောသည်။ အူရီးမြန်မာ ၀န်ဆောင်မှု
စတင်မိတ်ဆက်ချိန်၌ အင်တာနက်ကောက်ခံခမှာ များပြားသည်ဟု ပြည်သူများ၏ ဝေဖန်ချက်
များကိုခံခဲ့ရပြီးယခုအခါတွင်သုံးစွဲသူများအတွက်အဆင်ပြေစေရန် အင်တာနက်အသုံးပြုခ သုံးသလောက်သာပေးနိုင်မည့်ဈေးနှုန်းများကိုပြင်ဆင်ဆောင်ရွက်ခဲ့သည်။
ထို ့အတူ အူရီဒူးမြန်မာသည် ဖုန်းခေါ်ဆိုခများကိုလည်း ၀န်ဆောင်မှုစတင်မိတ်ဆက်ခဲ့သည်
ဩဂုတ်လတွင် အူရီဒူးကွန်ယက်မှအခြားကွန်ယက်သို ့ဖုန်းခေါ်ဆိုလျှင်တစ်မိနစ် ၃၅ ကျပ်ဖြင့်
ကောက်ခံခဲ့သော်လည်း နို၀င်ဘာလ ရ ရက်နေ ့မှစတင်ကာ အခြားကွန်ယက်သို ့ဖုန်းခေါ်ဆိုပါက
တစ်မိနစ် ၂၅ကျပ်သာ ကောက်ခံ နေပြီဖြစ်သည်။

















