တယ်လီနော၏ ၀န်ဆောင်မှုများအတွက် သုံးစွဲသူက အခွန် ၅ ရာခိုင်နှုန်း ပေးရမည်ဟုဆို

တယ်လီနော၏ ၀န်ဆောင်မှုများအတွက် သုံးစွဲသူက အခွန် ၅ ရာခိုင်နှုန်း ပေးရမည်ဟုဆို

တယ်လီနောသုံးစွဲသူများအနေဖြင့် မိမိတို့ ရရှိထားသော ၀န်ဆောင်မှုများအပေါ် အခွန်ပေး
ဆောင်သွားရမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ တရားဝင်အွန်လိုင်းစာမျက်နှာပေါ်ရှိ
အမေးအဖြေကဏ္ဍတွင် ဖြေကြားထားသည်။

အဆိုပါအစီအစဉ်တွင် တယ်လီနော၏ဝန်ဆောင်မှုများအတွက် သုံးစွဲသူမှ အခွန်ပေးဆောင်
ရမည် ဖြစ်ပြီး အသုံးပြုသူသည် ငွေဖြည့်ကတ် ၀ယ်ယူသုံးစွဲသောအခါ၌ ယင်းအခွန်ကို ပေးဆောင်
သွားရ မည်ဖြစ်သည်။ အဆိုပါ အခွန်ကောက်ခံမှုသည် သတ်မှတ်ထားသော အပိုဆောင်းခံစားခွင့်
အပြီး နောက်ပိုင်းကာလမှသာလျှင် စတင်သွားမည်ဖြစ်ကာ ဖြည့်သွင်းသည့် ငွေပမာဏ၏ အခွန်
၅ ရာခိုင်နှုန်းနှုတ်ပြီး ငွေဖြည့်ကတ်၏ အသားတင်ကျန်တန်ဖိုးသာ သုံးစွဲသူက ရရှိမည်ဖြစ်ကြောင်း
တယ်လီနော၏ အွန်လိုင်းစာမျက်နှာပေါ်ရှိ အမေးအဖြေ (FAQ) ကဏ္ဍတွင် ဖေါ်ပြထားသည်။

ဥပမာအားဖြင့် သုံးစွဲသူက ငွေပမာဏ ၁၀၀၀ ဖြည့်တင်းလိုက်ပါက ၉၅၂ ကျပ်သာ ဖုန်းတွင်း
ရရှိသုံးစွဲနိုင်မည်ဖြစ်ပြီး ကျန်ငွေ ၄၈ ကျပ်ကို ငါးရာခိုင်နှုန်းအခွန်အဖြစ် ပေးဆောင်ရမည် ဖြစ်သည်။
အဆိုပါအစီအစဉ်သည် မြန်မာနိုင်ငံအစိုးရမှ တယ်လီဖုန်းဆက်သွယ်ရေး ၀န်ဆောင်မှုများ အတွက်
အခွန် ၅ ရာခိုင်နှုန်းကောက်ခံသည့် ဥပဒေအပေါ် လိုက်နာသွားခြင်းလည်းဖြစ်ကြောင်း တရားဝင်
အွန်လိုင်းစာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

"ဒီအချက်ကို ကျွန်တော်တို့အနေနဲ့လည်းကြားထားပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ တော့
ဒါတွေကို သုံးစွဲသူတွေဘက်ကို ရှင်းလင်းပြောပြပေးဖို့ ညွှန်ကြားထားတာ တစ်စုံတစ်ရာ မရှိသေး
ပါဘူး။ ဒါပေမယ့် အဲ့ဒီအပေါ်မှာ ကျွန်တော်တို့ဘက်က confirm ဖြစ်ပြီ၊ စပြီဆိုရင် သုံးစွဲ သူတွေ
ဆီကို မက်ဆေ့ချ် ပို့ပေးသွားမှာပါခင်ဗျ"ဟု တယ်လီနောမြန်မာ၏ Customer Representative
တစ်ဦးဖြစ်သူ ကိုသူရက ပြောသည်။

"အခွန်တွေအားလုံးက ကျွန်တော်တို့အနေဖြင့်ဆောင်ပြီးသားပါ။ တင်သွင်းထားတဲ့ ဟန်းဆက်
မှန်သမျှရယ် ဆင်းကတ်တွေအတွက်ပါ အခွန်ပေးဆောင်ထားပြီးသားပါ"ဟု တယ်လီနော၏
အရောင်းဆိုင်ခွဲမှ တာဝန်ခံတစ်ဦးဖြစ်သူ ကိုရဲသီဟနိုင်က အခွန်ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်း
ချက်အပေါ် ယခုကဲ့သို့ ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်